Part - 1

565 10 0
                                    

He came to me when I needed someone...

အေးချမ်းလွန်းတဲ့ ဆောင်းညတစ်ညရဲ့

တိတ်ဆိတ်တဲ့ ညသန်းခေါင်ယံ ညတစ်ညမှာ

အိပ်မပျော်တဲ့ကျွန်မဟာ လက်ထဲ ကော်ဖီခွက်လေး တခွက်ကို ကိုင်လာပြီး ‌အိမ်ရှေ့ ပြတင်းပေါက်သို့ ထွက်လာခဲ့တယ်...။

ကျွန်မကိုအိပ်မပျော်စေတဲ့ အကြောင်းအရာကတော့ အတိတ်က လူတစ်ယောက်ရဲ့ အကြောင်းတချို့ပဲ သူညနေက ကျွန်မအိမ်ကို ရောက်လာခဲ့တယ်...။

ဖိတ်စာလေးတစ်ဆောင်နဲ့ အတူ သူကပြောတယ် သူ "ရှေ့အပတ် မင်္ဂလာဆောင်တော့မယ်"တဲ့ ကျွန်မကလည်း အပြုံးလေးတစ်ခုသာ ဆင်မြန်းလျက်ပေါ့။

ထို့နောက် ကျွန်မဘေးနားက ဖုန်းလေးကိုယူပြီး သူနဲ့ အရင်တုန်းက နှစ်ယောက်အတူ သဘောကျပြီး ဆိုခဲ့ဖူးတဲ့ သီချင်းလေးတစ်ပုဒ်ကို နားထောင်နေမိတယ် သီချင်းစာသားတွေကိုလဲ လိုက်ပြီး ညည်းနေမိတယ် ထိုစာသားတွေကို ကျွန်မအခုအချိန်ထိ သဘောကျမြဲပဲ...။

' I'm sorry if I say, "I need you..."

But I don't care, I'm not scared of love~

Cause when I'm not with you I'm weaker.

Is the so wrong..? Is it so wrong..?

Cause You Make Me Strong...' တဲ့ တချိန်ထဲပဲ ကျွန်မ သူနဲ့ အရင်ကသွားခဲ့တဲ့ နေရာအချို့က ခေါင်းထဲပေါ်လာခဲ့တယ်။

ကျွန်မ တစ်ချက်ပြုံးမိတယ်...။ ဒါပေမယ့် မျက်ရည်အချို့ကလည်း ရောယှက်နေခဲ့တယ်။ ဒါပေမယ့် ကြာ" မတွေးလိုက်ရပါဘူး အိပ်ခန်းထဲက ခေါ်သံ အချို့ကြောင့် တွေးလက်စ အတွေးတွေနဲ့ ကျလျက်စ မျက်ရည်တွေကိုသုတ်ပြီး ကျွန်မ ခြေလှမ်းတွေကို အိပ်ခန်းထဲသို့ ဦးတည်လိုက်သည်...။

____________________________________

2:15AM

ဒါလေးကို ရေးထားခဲ့တဲ့ Dateလေးက 17.12.2022ပါရှင့်။

ဒီ fic က real life ကိုအနည်းငယ်အခြေခံထားပါတယ်။ နောက်ပြီး ကျွန်မဆိုတဲ့ နေရာဟာ y/n မဟုတ်ပါ။

KharrLoonKhat

#edit on 1st December

He Came To Me When I Needed Someone Where stories live. Discover now