ဝမ်ရိပေါ်လို့ပြောလိုက်တာနဲ့လမ်းထိပ်က နှစ်ထပ်တိုက် ပိုင်ရှင် ဝမ်ဘွားရဲ့ မြေးဆိုတာကိုလူတိုင်းတန်းမြင်လိုက်ကြတာပါပဲ။
အရမ်းချမ်းသာတယ်ရယ်လို့တော့မဟုတ်ပေမယ့် ဆင်ခြေဖုန်းရပ်ကွက်လေးမှာ နှစ်ထပ်အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ တောက်တိုမယ်ရလုပ်ပေးဖို့ အိမ်အကူလေးတစ်ယောက်၊ ခြံအလုပ်သမားလေးတစ်ဦးရှိတယ်ဆိုတော့ ရပ်ကွက်ထဲကလူတွေအားကျစရာပါပဲ။
ရုပ်လေးကတော့ချောပါတယ်။အကျင့်လေးကတော့ကောင်းတန်ရာရဲ့။
အလှူအတန်းနဲ့ ဘာသာရေးဘက်မှာတော့ နည်းနည်းလေးချူချာပါတယ်။ဘေးအိမ်ကကလေးတစ်ယောက် သူတို့ခြံထဲက မာလကာသီးလေးတစ်လုံးခူးစားမိတော့မာလကာသီးဖိုးချက်ချင်းသွားပြန်တောင်းသတဲ့။ ကပ်စီးနဲတာရယ်လို့တော့မဟုတ်ပါဘူး။ကိုယ့်ပစ္စည်းကိုယ်သိတတ်တာပါတဲ့။
ဝမ်ဘွားရဲ့စကားကိုလည်းကောင်းကောင်းနားထောင်ပါတယ်။ "မြေးရယ်...အိမ်ကတံမြက်စည်းလေးကိုင်ဖူးတယ်ရှိအောင်ကိုင်ကြည့်ပါလားကွယ်"လို့ပြောတော့ အိမ်တံခါးအနောက်မှာထောင်ထားတဲ့ တံမြက်စည်းလေးကို လက်နဲ့သွားထိကြည့်ပြီးဆိုဖာပေါ်မှာဂိမ်းပြန်ဆော့နေပါတယ်။ ဟုတ်ပါရဲ့။ဝမ်ဘွားကတံမြက်စည်းလေး လှဲကြည့်ပါလားလို့ ပြောခဲ့တာမှမဟုတ်ဘဲ။
ပေါ့ပေါ့နေ ပေါ့ပေါ့စားလို့မထင်ပါနဲ့။ကျန်းမာရေးအရ ခန္ဓာကိုယ်တောင့်တင်းဖို့အလေးတုံးလေးတွေ မ'တတ် ပါသေးတယ်။ဟင်းချက်တာပေါ့ရင်တော့အိမ်အကူလေး ဖန်းဖန်းကိုတစ်နေကုန် ပြောတော့တာပါပဲ။
ရပ်ကွက်ထဲက ပျော်ပွဲရွှင်ပွဲတွေမှာလည်းသူထိပ်ဆုံးကပါပါတယ်။ လမ်းပြင်၊မြေဖို့၊တံတားခင်း တစ်အိမ်တစ်ယောက် လုပ်အားပေးရမယ်ဆိုရင်တော့ ခြံအလုပ်သမားလေး ကျိုးလုံ ကိုလွှတ်ပါတယ်။
အလှူအတန်းရက်ရောပြီးဘာသာရေးကိုင်းရှိုင်းလွန်းတဲ့ ဝမ်ဘွားကြောင့် မြေးဖြစ်သူကိုလည်းလူတွေချစ်ကြပါတယ်...လို့ထင်ရတာပါပဲ။
ထွေထွေထူးထူးမဟုတ်ပါဘူး။ ၂၁ နှစ်အရွယ်သာမန် လူငယ်လေးတစ်ယောက်ပါပဲ။ဘဝကိုပျော်ပျော်ပါးပါးလေးဖြတ်သန်းပါတယ်။
ဒါပေမယ့် တစ်နေ့မှာတော့ ရှေးရေစက်လေးနဲ့ ဆုံဖို့အကြောင်းဖန်လာပါတော့တယ်။

YOU ARE READING
Trying To Impress My Grandma's Friend
Ngẫu nhiênဘုရားသွား ကျောင်းတက် ရှေးရေစက် 📿 Cover Photo Crd: