အပိုင်း(၇) Unicode

886 121 11
                                    

"ရိပေါ် အစ်ကိုခဏဝင်လာခဲ့လို့ရမလား..."

​ဝမ်ရိပေါ်​၏အခန်းအပြင်ဘက်မှာ ရှောင်းကျန့်မတ်တပ်ရပ်နေသည်မှာ ငါးမိနစ်ခန့်ရှိပြီဖြစ်သည်။အဘွားဖြစ်သူနဲ့စကားပြောဆိုပြီးသကာလ ငိုကြီး ချက်မဖြင့် အိမ်ပေါ်ပြေးတက်သွားသည့် ဝမ်ရိပေါ်နောက်သို့ ရှောင်းကျန့်စိတ်ပူ၍လိုက်လာခဲ့ခြင်းဖြစ်သည်။

"ရိပေါ်...အစ်ကို ဝင်လာခဲ့မယ်နော်..."

အထဲမှတုံ့ပြန်သံမကြားတာကြောင့် ရှောင်းကျန့်သူ့ဟာသူပင် ဂျက်မချထားသည့်အခန်းတံခါးကိုတွန်းဖွင့်၍ဝင်လာခဲ့သည်။ အခန်းထဲရောက်တော့ဝမ်ရိပေါ်ကိုအိပ်ရာထက်မတွေ့သည်ကြောင့် ငိုသံတွေထွက်ပေါ်နေသည့် သန့်စင်ခန်းဘက်ကို ရှောင်းကျန့်လျှောက်သွားလိုက်သည်။

"ရိပေါ်...အပြင်ခဏလောက်ထွက်ခဲ့ဦးလေ..."

"အင့်~~ဟင့်~~ဟင့်~~"

"ရိပေါ်..."

"ကိုကို~~"

"အင်း ပြောလေ...အစ်ကိုနားထောင်နေတယ်..."

"ကိုကိုက ကျွန်တော်ကို့ ကိုကိုသင်တဲ့မူလတန်းဖတ်စာတွေထဲကလို သိုးရေခြုံတဲ့ဝံပုလွေလေးလို့သတ်မှတ် သွားပြီလားဟင်~~"

"မဟုတ်တာ ရိပေါ်ရယ်...အပြင်ထွက်ခဲ့ဦးလေ...အကြာကြီးငိုနေရင် ပင်ပန်းလိမ့်မယ်...ခဏလောက်ထွက်ခဲ့လာ..."

"ကိုကို့ ရှေ့မှာ ကျွန်တော်က လိမ္မာပြတယ်ဆိုတာ ကိုကို ကျွန်တော့်ကိုအထင်ကြီးပြီး ချစ်မိလာအောင်လို့လေနော်~~ကျွန်တော်ကြိုးစားပြနေတယ်ဆိုတာကလည်း ကိုကို့ကို ကျွန်တော်ချစ်လွန်းလို့လေနော်~~"

"ဟင်..."

တက်မတတ် ငိုရှိုက်သံများဖြင့်သန့်စင်ခန်းထဲမှလှမ်းပြောနေသည့် စကားများကြောင့်ရှောင်းကျန့်ရင်ထဲဒိတ်ကနဲတစ်ချက်ဖြစ်သွားရသည်။အခုသူ သူ့ထက်ငယ်တဲ့ကောင်လေးတစ်ယောက်ဆီကနေချစ်စကားပြောခံလိုက်ရတာလား။

"ကျွန်တော် ကိုကို့ကို မြင်မြင်ချင်းကတည်းက ချစ်နေမိခဲ့တာ~~"

"....."

"ကြား~~ကြားလားဟင် ကိုကို~~"

"အစ်ကို ကြားပါတယ် ရိပေါ်..."

"ကြားရင် အဖြေပြန်ပေးလေ~~အင့်~~ဟင့်~~"

"ရိပေါ် အပြင်ထွက်လာခဲ့ပါ...အစ်ကိုတို့စကားခဏပြောကြမယ်လေ..."

"ဟင့်အင်း ဟင့်အင်း~~အဖြေပြန်ပေးမှ ထွက်လာခဲ့မယ်~~"

"အဲ့လိုမလုပ်ပါနဲ့ရိပေါ် ခဏလောက်ထွက်ခဲ့ပါ..."

"မရပါဘူးဆို အခုကျွန်တော့်လက်ထဲမှာရေပန်းကြီးကိုင်ထားတယ်နော်~~ကိုကိုအဖြေပြန်မပေးဘူးဆို မျက်နှာပေါ် ရေဖြန်းချပြီး ဖရူးဖရူးဆိုကိုယ့်ကိုကိုယ် ရေမွန်းအောင်လုပ်ပစ်လိုက်မှာ~~ကိုကိုက ကျွန် တော့်ကိုအဖန်ငါးရာငါးကမ္ဘာမှာကျင်လည်စေချင်လို့လား~~ဘုရားမကြိုက်ဘူးဆိုတာကိုကိုကပိုသိမှာပေါ့နော်~~အင့်~~ဟင့်~~"

ခြိမ်းခြောက်စကားကြောင့် ရှောင်းကျန့်ခြေမကိုင်မိလက်မကိုင်မိထိတ်ပြာသွားရပြီး...

"ဟုတ်ပြီ...ဟုတ်ပြီ ရိပေါ် စိတ်အေးအေးထားနော်... အစ်ကိုအဖြေပြန်ပေးပါ့မယ်...စိတ်လိုက်မာန်ပါတွေမလုပ်ပါနဲ့ အစ်ကိုအခုဘာပြန်ဖြေရမှန်းမသိလို့စဉ်းစားခွင့်ခဏလေးပေးပါ..."

ရှောင်းကျန့်စဉ်းစားနေသည်မှာ သုံးမိနစ်ခန့်ရှိသွားပြီဖြစ်​၏။

"ကိုကိုရေ ကြာနေပြီနော်...ဘာဖြေရမှန်းမသိရင် ကျွန် တော် အရှေ့ကနေပြောပေးမယ်လေ ကိုကိုကအနောက်ကနေလိုက်ဆို...ကိုကို အတန်းထဲကကလေးတွေကိုစာတိုင်ပေးသလိုမျိုးလေးလေနော်...လိုက်ပြောကြည့်ပါဦး ချစ်တယ်ရိပေါ်လို့..."

"....."

"လိုက်ပြောလေ ကိုကို...ကိုကိုလည်းရိပေါ်ကိုသိပ်ချစ်ပါတယ်လို့..."

"......"

"ကိုကို...! ကျွန်တော့်လက်ထဲမှာ ရေပန်းကြီးကိုင်ထားတုန်းပဲနော်...ဖရူး...ဖရူး...အား...မွန်းကြပ်လာပြီ..."

"ချစ်...ချစ်ပါတယ် ရိပေါ်...အစ်ကိုလည်းရိပေါ်ကိုချစ်ပါတယ်..."

တန်ပြန်ချစ်စကားတစ်ခွန်းအဆုံးမှာ...

ချက် (ရေပန်းပိတ်သွားသံ)

ချောက် (သန့်စင်ခန်းတံခါးပွင့်လာသံ)

ဟက် ( စိတ်ထဲမှကြိတ်ပြုံးလိုက်သည့်အသံ)

အွန့် (.................သံ)

"ကန်တော့နော်...ကန်တော့ ကိုကို..."

Trying To Impress My Grandma's FriendWhere stories live. Discover now