အပိုင်း(၆) Unicode

769 137 10
                                    

"ကိုကို ဘယ်သွားချင်လဲ ဘာလုပ်ချင်လဲဟင် ကျွန်တော် လိုက်ပို့ပေးမယ်..."

​နေ့တစ်ဝက်နဲ့သင်တန်းချိန်ပြီးသွားသည့်ရှောင်းကျန့်ကို ဝမ်ရိပေါ်လာကြိုရင်းမေးလိုက်ခြင်းဖြစ်သည်။ရှောင်းကျန့်ကအားနာတာကြောင့်ခေါင်းလေးခါလိုက်ပြီး...

"ရပါတယ်ရိပေါ် အစ်ကိုဘယ်မှမသွားချင်ပါဘူး..."

"အဲ့လိုမလုပ်ပါနဲ့ကိုကို...နေ့တိုင်းသင်တန်းသွားလိုက် အိမ်ပြန်လိုက်နဲ့ဆိုတော့ပျင်းစရာကြီးလေ...သွားချင်တဲ့နေရာလေးရှိရင်လည်းပြောပါ...ကျွန်တော့်ကိုအားနာစရာမလိုဘူး..."

အဆက်မပြတ်တတွတ်တွတ်နဲ့တိုက်တွန်းနေသည့်ဝမ်ရိပေါ်ကြောင့်ရှောင်းကျန့်ခေါင်းလေးညိတ်ပြလိုက်ရပြီး...

"အဲ့တာဆိုလည်း အစ်ကို့ကိုအိမ်ထောင်ပရိဘောဂတွေရောင်းတဲ့ဆိုင်လေးတစ်ခုကိုလိုက်ပို့..."

ရှောင်းကျန့်သွားလိုသည့် ပရိဘောဂဆိုင်တွင်းသို့နှစ် ယောက်သားဝင်လာကြကာ အိပ်ရာခင်းများ၊ စောင်များ၊ မွေ့ယာများခင်းကျင်းထားသည့်နေရာသို့ရောက်သည့်အခါတွင်တော့ဝမ်ရိပေါ်​၏ရင်ထဲသံစုံတီးဝိုင်းကြီးတစ်ခုရောက်ရှိလို့လာခဲ့သည်။

ဒါကဘယ်လိုအခြေအနေမျိုးကြီးလဲ။မသိရင် သူနဲ့ရှေးရေစက်လေးက မင်္ဂလာဦးမယ့်ခန်းဝင်ပစ္စည်းတွေကိုလာကြည့်နေကြတဲ့အတိုင်း။

"ရိပေါ်..."

"ဗျာ ကိိုကို..."

"ဒီဖက်လုံးလေးတွေထဲက ရိပေါ်ကြိုက်တာရွေး..."

ပုံစံအမျိုးမျိုးရှိသည့် ဖက်လုံးလေးတွေကိုတစ်လှည့်၊ ရှောင်းကျန့်ကိုတစ်လှည့်ဝမ်ရိပေါ် နားမလည်သလိုကြည့်လိုက်ပြီး...

"ဘာလို့လဲဟင် ကိိုကို..."

"အစ်ကို ရိပေါ်ကိုလက်ဆောင်ပေးချင်လို့ပါ...ညညဆို ရိပေါ်က အိပ်မက်ထဲမှာဖက်လုံးဘယ်မှာလဲဆိုပြီး မေးတတ်လို့ အစ်ကိုဝယ်ပေးမလို့ပါ..."

"ဟင့်အင်း ဟင့်အင်း...မယူချင်ပါဘူး...လာ...လာ ပြန်မယ်ကိုကို..."

ရှောင်းကျန့်​၏လက်ကိုအသည်းအသန်ဆွဲကာခေါ်ထုတ်သွားသည့်ဝမ်ရိပေါ်ကအနောက်မှာကျန်ခဲ့သည့်ဖက် လုံးများကို နောက်တစ်ခေါက်ပြန်လှည့်ကြည့်ပြီးမျက်စောင်းထိုးလိုက်သည်။

Trying To Impress My Grandma's FriendWhere stories live. Discover now