"အရှေ့အရပ်၌ရှိသော..."
မနက် ငါးနာရီထိုး ဘုရားဝတ်ပြုဖို့အိမ်ပေါ်ထပ်ရှိဘုရားခန်းထဲသို့ဝင်လာသည့်ဝမ်ဘွားက ဘုရားစင်ရှေ့ငုတ်တုတ်ထိုင်နေသည့် ဝမ်ရိပေါ်ကိုတွေ့တော့ရင်ထိတ် လို့သွားသည်။
ဘုရား...ဘုရား။
ဝမ်ဘွား သူ့ရင်ဘတ်လေးကိုလက်နဲ့ဖိလိုက်သည်။သူတွေ့နေတာ သူ့မြေးရိပေါ်အစစ်လား။ဒါမှမဟုတ်သူ့မြေးယောင်ဆောင်ထားတဲ့ နာနာဘာဝတွေများလား။နာနာဘာဝတွေကဘုရားခန်းထဲထိတော့မလာနိုင်ဘူးမလား။
"မင်္ဂလာပါအဘွား..."
ဝမ်ဘွားတစ်ယောက်အတွေးတွေနဲ့ခြောက်ခြားနေရင်း အနောက်ဘက်မှပေါ်လာသည့်အသံလွင်လွင်လေးကြောင့်...
"အေး အေး မင်္ဂလာပါကွယ်...ကျန့်လေးရော အိပ်ရေးဝရဲ့လား..."
"ဟုတ်ကဲ့ အိပ်ရေးဝပါတယ်..."
ရှောင်းကျန့်ပြန်ဖြေလိုက်ပြီး ညောင်းညာလို့နေသည့် လက်နှစ်ဖက်ကိုတစ်လှည့်စီဖွဖွလေးနှိပ်နယ်လိုက်သည်။ညကအနေအထားတစ်မျိုးတည်းနဲ့အိပ်ခဲ့ရတာကြောင့်လက်တွေကအံသေပြီးညောင်းကိုက်နေတာဖြစ်သည်။
သူ့ဘေးမှာအိပ်သည့်ဝမ်ရိပေါ်က တစ်ညလုံးအိပ်မက် ယောင်ကာ"ဖက်လုံးဘယ်မှာလဲ...ဖက်လုံးဘယ်မှာလဲ" ဆိုပြီးလိုက်ရှာ၍သူ့ကိုဖက်လုံးအမှတ်နဲ့ဖက်အိပ်ခဲ့တာဖြစ်၏။
"ကျန့်လေး ဘုရားဝတ်ပြုဖို့လား..."
"ဟုတ်တယ် အဘွား..."
"အေးကွယ် အေးကွယ်..."
ဝမ်ဘွားနှင့်အတူ ရှောင်းကျန့် က ဝမ်ရိပေါ်၏အနောက်ဘက်တွင် နေရာဝင်ယူလိုက်ကြသည်။ဝမ်ရိပေါ်ကဘုရားခန်းထဲလူဝင်လာတာအခုမှမြင်သွားသည့်ဟန်ဖြင့်...
"ဟင်...ကိုကိုတို့နိုးလာကြပြီလား...ရေဒီယိုကလာတဲ့တရားလေးမှာမြောသွားတာနဲ့ ကိုကိုတို့ဝင်လာတာမမြင်လိုက်မိဘူး..."
ဝမ်ရိပေါ်ပြောရင်းနှင့် ရှောင်းကျန့်ရှိရာသို့ရွှေ့လာပြီးဘေးချင်းကပ်ထိုင်လိုက်သည်။ထို့နောက်မျက်လုံးလေးမှိတ်ကာစတင်၍ ဘုရားဝတ်ပြုလို့နေပြီဖြစ်သော ရှောင်းကျန့် ကို မျက်တောင်မခတ်တမ်းကြည့်သည်။
ကြည်လင်ဝင်းပလို့နေပါသော မျက်နှာလေးကိုကြည့် ကာ ဝမ်ရိပေါ်လည်းတရားမှတ်၏။
နဖူးလေးပြေရင် ပြေတယ်လို့မှတ်။
မျက်ခုံးလေးသွယ်ရင် သွယ်တယ်လို့မှတ်။
မျက်တောင်လေးစိပ်ရင် စိပ်တယ်လို့မှတ်။
နှာခေါင်းလေးချွန်ရင် ချွန်တယ်လို့မှတ်။
နှုတ်ခမ်းလေးရဲရင် ရဲတယ်လို့မှတ်။
"ငါစွဲ" တွေဆိုတာ အတ္တဖြစ်ပေမယ့် မျက်စိရှေ့ကလူသားလေးကိုတော့ "ငါ၏ရှေးရေစက်လေး"လို့မှတ်။
.
.
.
"ဟင်...အစ်ကိုလေး..."မနက် ခြောက်နာရီအချိန် မနက်စာဝိုင်းမှာ ဝမ်ရိပေါ်ကိုတွေ့လိုက်ရသည်ကြောင့် ဖန်းဖန်း လန့်ဖြန့်သွားသည်။ဖန်းဖန်းပြင်ဆင်ထားသည်မှာ ဝမ်ဘွားနှင့် ဧည့်သည်ဖြစ်သူ ရှောင်းကျန့်အတွက်သာလျှင်ဖြစ်ပြီး ဝမ်ရိပေါ်အတွက်တော့ မပါရှိတာဖြစ်သည်။
"တောင်းပန်ပါတယ်နော် အစ်ကိုလေး...ဖန်းဖန်းအခုပဲ နောက်တစ်ယောက်စာ ပြင်ပေးပါ့မယ်...အစ်ကိုလေးက အမြဲတမ်း နေ့လယ်စာနဲ့မနက်စာပေါင်းစားနေကျဆိုတော့ ဖန်းဖန်းလည်းမပြင်ဆင်ထားမိဘူး..."
ဖန်းဖန်းက ဘာစိတ်မှမရှိဘဲအမှန်တိုင်းပြောလိုက်ခြင်းဖြစ်သော်လည်း ဝမ်ရိပေါ်ဖန်းဖန်းကို မျက်လုံးပြူးပြလိုက်သည်။
"တစ်ခါတစ်လေကျရင် အစ်ကိုလေးက ညနေစာနဲ့ပါပေါင်းစားလိုက်သေးတယ်..."
အရိပ်ပြရင်အကောင်မမြင်၊ရိုးသားလွန်းသည့်ဖန်းဖန်းက သူအိပ်ရာထနောက်ကျသည့်အကြောင်းတွေပဲတောက်လျှောက်ပြောနေသည့်အခါ ဝမ်ရိပေါ်၏မျက်နှာတစ်ခုလုံးသုန်မှုန်လာကာစိတ်ထဲကနေကြိမ်းဝါးလိုက်သည်။
တွေ့မယ် ဖန်းဖန်း။ ရှေးရေစက်လေး ပြန်သွားတဲ့နေ့က နင်လည်း အထုတ်အပိုးပြင်ပြီးနယ်ပြန်ရမယ့်နေ့ပဲ။ အဲ့တာကြောင့်နင့်ရဲ့အနာဂတ်လှပဖို့ရှေးရေစက်လေးဒီအိမ်မှာတစ်သက်လုံးနေသွားပါစေလို့သာဆုတောင်းနေ။
![](https://img.wattpad.com/cover/337109039-288-k917439.jpg)
YOU ARE READING
Trying To Impress My Grandma's Friend
Randomဘုရားသွား ကျောင်းတက် ရှေးရေစက် 📿 Cover Photo Crd: