အပိုင်း(၃) Unicode

891 139 4
                                    

"ဘွားဘွား...ဘွားဘွား...ဘယ်သွားမလို့လဲ..."

မနက် ၈ နာရီပင်မထိုးသေး အိမ်ပေါ်ထပ်ကနေ ဝမ်ရိပေါ်အူယားဖားယားပြေးဆင်းလာသည်။ဒါကိုဝမ်ဘွားတွေ့တော့...

"ဖြည်းဖြည်းဆင်းပါ ရိပေါ်ရယ်...ချော်လဲနေပါဦးမယ်..."

သူ့အဘွား​၏စကားကိုဝမ်ရိပေါ်ဂရုမစိုက်နိုင်။ဝမ်ဘွား​၏ပုံစံက အပြင်သွားမည့်ပုံပေါက်နေတာကြောင့်...

"ဘွားဘွား ဘယ်သွားမလို့လဲလို့..."

"စနေနေ့ဆိုတော့ ဘုန်းတော်ကြီးကျောင်းလေ...တရားလေးလည်းနာရင်း နေ့ဆွမ်းလေးလည်းကပ်ရင်း..."

"ဘာလို့ကျွန်တော့်ကိုမခေါ်တာလဲ...ကျွန်တော်လည်း လိုက်မယ် ကျွန်တော်လည်းလိုက်မယ်..."

ကျိုးလုံ​၏လက်ထဲက ဆွမ်းချိုင့်ကြီးကိုလုပြီး ကားမောင်းသည့်နေရာမှာနေရာဝင်ယူလိုက်သည့်ဝမ်ရိပေါ်ကိုဝမ်ဘွားကြည့်လိုက်သည်။

သူ့မြေးသည်အလွန်ပင်ထူးဆန်းနေသည်။မနက် ၈ နာရီမထိုးခင်အိပ်ရာထသည်။ကော်လံပါသည့်အင်္ကျီအဖြူရောင်ကြီးကိုလည်းအရွယ်နဲ့မလိုက် လူကြီးပုံစံဘောင်းဘီရှည်ကြီးနဲ့တွဲဝတ်လို့ထားပြန်သည်။ တစ်သက်လုံးမျက်စောင်းတောင်မထိုးဖူးသည့် ဘုန်းတော်ကြီးကျောင်းကိုလည်း လိုက်ဦးမည်ဆိုတော့ ဒီရက်ပိုင်းရေချိုးခန်းထဲမှာများချော်လဲခဲ့သေးလား။

"ဘွားဘွား..."

"ပြော..."

"ဒီနေ့ဘုန်းတော်ကြီးကျောင်းကို ဘွားဘွားရဲ့မိတ်ဆွေတွေလည်း သွားကြမှာပေါ့နော်..."

"ဟုတ်တယ်လေ မြေး...ဘာဖြစ်လို့လဲ..."

"ဘယ်မိတ်ဆွေတွေလဲဟင်..."

"ဓမ္မမိတ်ဆွေတွေပေါ့မြေးရယ်...ဘွားနဲ့ရွယ်တူတွေ ၊ဘွားထက်ကြီးတဲ့သူတွေ ၊ငယ်တဲ့သူတွေ...ဪပြီးတော့ ဟိုနေ့က မြေးနဲ့မိတ်ဆက်ပေးခဲ့တဲ့ ကျန့်လေးရောပါတယ်လေ...မြေးမှတ်မိတယ်မလား...မြေးတောင် ကိုကိုလို့ခေါ်တယ်လေ..."

ဘယ်လိုများပြောလိုက်ပါလိမ့်။မှတ်မိသပ။စိတ်ထဲရော၊ရင်ထဲရော၊အသည်းထဲရော။

Trying To Impress My Grandma's FriendWhere stories live. Discover now