အပိုင်း(၂) Unicode

977 149 6
                                    

"ဝုန်း...ဝုန်း...ဝုန်း..."

ထမင်းစားဖို့အောက်ထပ်ဆင်းလာခဲ့သည့်ဝမ်ရိပေါ်က အိမ်ပေါ်ထပ်သို့ဝုန်းဒိုင်းကြဲပြန်ပြေးတက်သွားသည်။ဗိုက်ဆာလို့အူလှိမ့်နေသော်လည်း ခန္ဓာကိုယ်ထက်ကအဝတ်အစားများကိုချွတ်ပစ်၍ ရေချိုးခန်းထဲသို့တန်းဝင်လိုက်​၏။

ဆပ်ပြာဘူးဇောက်ထိုးမှောက်သည်အထိ လက်ဖဝါးအပြည့်ဆပ်ပြာတွေထည့်ပြီးတစ်ကိုယ်လုံးတိုက်ချွတ် သန့်စင်နေသည့်ဝမ်ရိပေါ်ကခေါင်းလျှော်ရည်များကိုလည်း ဘူးလိုက်မှောက်ချကာဆပ်ပြာအနံ့များမွှန် ထူလို့နေသည့်ရေချိုးခန်းထဲ၌၁၅ မိနစ် လောက်အချိန်ထပ်ဖြုန်းလိုက်သည်။

အဝတ်ဗီဒိုရှေ့မတ်တပ်ရပ်ကာဖြူစွတ်နေသည့် ရှပ်လက်ရှည်တစ်ထည်နှင့်ဘောင်းဘီရှည် တစ်ထည်ကိုဝတ်ဆင်သည်။ သေချာလျှော်ထားသည့်ဆံပင်များကိုလည်း ဘေးခွဲအနေအထားသပ်ရပ်နေအောင်ဖီးသင်ကာ ရေမွှေးပုလင်းကိုကောက်ယူ၍ ခန္ဓာကိုယ်ထက်၌ငါးချက်လောက်ဆွတ်ဖြန်းလိုက်​၏။

သူ့အပြင်အဆင်သူမှန်ထဲကြည့်လိုက်သည့်ဝမ်ရိပေါ်ကချိုသာလွန်းသည့်အပြုံးတစ်ခုကိုလေ့ကျင့်လိုက်ကာစိတ်တိုင်းကျသွားသည့်နောက် အိမ်အောက်ထပ်သို့လှေကားများမှတစ်ဆင့်တစ်လှမ်းချင်းဆင်းလာခဲ့ရင်းသူ့တည်ရှိနေမှုကိုလူတွေသိအောင်ချောင်းတစ်ချက်ဟန့်လိုက်ပြီးဧည့်ခန်းထဲသို့ဝင်လာခဲ့​၏။

"ဘယ်သွားမလို့လဲ ရိပေါ်...အင်္ကျီလက်ရှည်တွေဘာတွေနဲ့..."

ဘွားဘွားနော်။ခါတိုင်းလည်းဒီလိုဝတ်နေကျပဲကို။ရှေးရေစက်လေးရှေ့မှာ ဒေါက်မဖြုတ်ပါနဲ့။

"ဒီကိုလာပါဦးကွယ်...ဘွားမိတ်ဆက်ပေးစရာရှိတယ်..."

ဒါပဲလေ။ဒါပဲ။ဒါကိုစောင့်နေတာ။

ကျေနပ်မှုများကြောင့်စိတ်ထဲအော်ဟစ်နေမှုကိုဝမ်ရိပေါ်မျက်နှာပေါ်၌ မပြဘဲသူ့အဘွားဘေးတွင် ရို့ရို့လေးဝင်ထိုင်လိုက်သည်။

"ကျန့်လေးရေ...ဒါက အဘွားရဲ့တစ်ဦးတည်းသောမြေးလေး ဝမ်ရိပေါ်တဲ့...အဘွားကိုခင်သလိုအဘွားမြေးလေးကိုလည်းခင်လို့ရတယ်နော်..."

Trying To Impress My Grandma's FriendWhere stories live. Discover now