အပိုင်း(၁) Unicode

1.1K 141 3
                                    

"ဝှား..."

နွေရာသီကျောင်းပိတ်ရက်ဖြစ်၍မနက် ၁၀ နာရီမှာနိုးထလာသည့် ဝမ်ရိပေါ်က အပျင်းကြောဆန့်သန်းဝေလိုက်ပြီးခေါင်းအုံးဘေးမှာချထားသည့်ဖုန်းကို အရင် ဆုံးကောက်ယူလိုက်သည်။တစ်ညလုံးဂိမ်းဆော့ပြီးမှ အိပ်ပျော်လို့သွားခဲ့တာဖြစ်သော်လည်းအိပ်လာနိုးလာချင်းမှာပင် ဂိမ်းဆော့ဖို့ပြင်လိုက်တာဖြစ်သည်။

"ဝှား..."

ဝမ်ရိပေါ် နောက်တစ်ခေါက်သန်းဝေလိုက်ပြန်​၏။ "တစ်ရေးနိုးသော် အကြံပေါ်၊ ပေါ်သည့်အကြံပြန်အိပ်ရန်" ဆိုသည့် အတိုင်း နာရီဝက်ခန့်ဂိမ်းဆော့ပြီးသည့်အခါ ပြန်အိပ်ချင်လာသော်လည်း ဟာနေသည့်ဝမ်းကြောင့် အိမ် အောက်ထပ်ကိုဆင်းလာသည်။

ခေါင်းစုတ်ဖွားနဲ့ မီးဖိုခန်းထဲဝင်သွားသည့်ဝမ်ရိပေါ်က ရေခဲသေတ္တာရှေ့တွင်ရပ်သည်။ ရေခဲရေတစ်ဘူးကိုဖွင့်သောက်လိုက်ရင်း ချက်ပြုတ်ကြော်လှော်နေသည့်အိမ်အကူလေး ဖန်းဖန်းကိုကြည့်၍...

"ဘွားဘွားရော..."

"ဟင်းချိုချက်ဖို့ ခြံထဲမှာ ဖရုံညွန့်လေးတွေ သွားခူးနေပါတယ် အစ်ကိုလေး..."

ဖန်းဖန်းပြောတော့ မီးဖိုပေါ်မှာရှိနေသည့် အိုးကြီးအိုးငယ်အသွယ်သွယ်ထဲက ဟင်းတွေကိုကြည့်လိုက်ပြီး...

"ဘယ်ဧည့်သည်လာမှာမလို့ အဲ့လောက်အများကြီးချက်နေရတာလဲ..."

ငါးဖယ်ဆုပ်များကြော်လှော်နေသည့် ဖန်းဖန်းက ချွေးစလေးများကို သုတ်ရင်း...

"ပြီးခဲ့တဲ့နှစ်နွေရာသီတရားစခန်းမှာဆုံခဲ့တဲ့ အဘွားရဲ့ မိတ်ဆွေတစ်ယောက်အိမ်လာလည်မယ် ဆိုလို့ပါ..."

"အမလေး...ရှုပ်ရှုပ်ယှက်ယှက်တွေ..."

မလိုလားသည့်အကြောင်း ဝမ်ရိပေါ်နှာခေါင်းရှုံ့ပြောကာ အိုးထဲကအခုမှချထားသည့် ငါးဖယ်ကြော်များကိုနှိုက်စားရင်း အိမ်ပေါ်ပြန်တက်သွားသည်။

ဒီနေ့တော့ သူအိမ်အောက်မဆင်းတော့ဘူး။ဘုရားတရားအကြောင်းပြောရင်း သားရေးသမီးရေးမြေးရေးအကြောင်းတွေရောက်သွားတဲ့ သက်ကြီးရွယ်အိုတွေအိမ်လာလည်မှာဆိုတော့ခပ်ဝေးဝေးနေတာပဲကောင်းတယ်။

"ဝှား..."

သန်းပြီးရင်းသန်းနေသည့်ဝမ်ရိပေါ်ကခုနကနှိုက်စားထားသည့် ငါးဖယ်ကြော်များကြောင့်ဗိုက်ပြည့်သွားကာ အိပ်စက်ခြင်းဆီသို့ပြန်ရောက်သွားသည်။ပြန်နိုးလာတော့ နေ့လယ်နှစ်နာရီရှိနေပြီဖြစ်တာကြောင့် နေ့လယ်စာစားဖို့တွေးကာ အောက်ထပ်ကိုပြန်ဆင်းလာသည်။

ညနေတောင်မစောင်းသေးဘူး။ အိမ်ပေါ်နဲ့အိမ်အောက်ဆင်းနေတာ နှစ်ခါရှိပြီဆိုတော့ လေ့ကျင့်ခန်းတွေတော်တော်လုပ်ဖြစ်သွားပြီ။

ကိုယ့်အတွေးနဲ့ကိုယ်သဘောကျစွာလက်မောင်းကြွက်သားတွေကိုကိုင်ကြည့်ရင်း ဂုဏ်ယူဝင့်ကြွားပြီးဆင်းလာသည့် ဝမ်ရိပေါ်က ဧည့်ခန်းထဲကရယ်သံသဲ့သဲ့တစ်ခုကြောင့် ဘာရယ်မဟုတ် မီးဖိုခန်းထဲမသွားခင်တစ်ချက်ကြည့်လိုက်မိသည်။

🎵ကမ္ဘာလောကကြီးခဏရပ်တန့်သွားသလိုပဲ...🎶

အလိုလေး။ဘယ်လိုခံစားချက်မျိုးပါလိမ့်။

မဟာပထဝီမြေကြီးကို တုန်ခါဟီးစေတာ ငလျင်ငယ် လေးတစ်ခုဆိုရင် သူ့ရဲ့ရင်ဘတ်ကြီးတစ်ခုလုံးကို တုန်ခါဟီးစေတာ ရယ်သံငယ်လေးတစ်ခုပါပဲ။

နဖူးပေါ်ဝဲကျနေတဲ့ဆံပင်စလေးတွေကို သပ်ကာတင်ရင်း ဘွားဘွားရှေ့မှာသဲ့သဲ့လေးရယ်နေတဲ့အကြည် ဓာတ်လေးက ဘယ်ဘဝကရှေးရေစက်လေးများလဲ။

Trying To Impress My Grandma's FriendWhere stories live. Discover now