p-2

526 42 4
                                    

ဒေါ်စိမ်းညို့သွင်..ဒေါ်စိမ်းညို့သွင်
သူမက ကျွန်မအတွေးထဲစိုးမိုးလို့နေသည်။
စတွေ့ကတည်းက ရန်လိုတဲ့ပုံစံနဲ့သူမက ဂမုန်းရင်ကို
လှုပ်ခတ်စေခဲ့သည်လေ။

ကျွန်မအတွေးတို့ကို..လက်စဖြတ်လိုက်ရင်း
လက်ထဲကဆေးလိပ်တိုကို ဖိချေ၍ မီးသတ်လိုက်သည်။သက်ပြင်းရှည်တစ်ခုကို ဖန်တီးလိုက်ပြီး။
စိတ်ကိုအတတ်နိုင်ဆုံးရှင်းထားရသည်။

ခိုင့်ကို ဓာတ်ပုံရိုက်ပေးရမှာက ညနေမှဖြစ်တာမလို့အခုချိန်တော့ အားလပ်နေသည်။

"ဂမုန်း..နင့်ကြည့်ရတာသိပ်မလန်းသလိုပဲနော်"

"အင်း..ငါနည်းနည်းစိတ်ရှုပ်နေလို့ပါ"

"မျက်နှာလေးသစ်လိုက်ပါလား"

"အင်း"

ဂမုန်းတို့အခန်းထဲ၌ ခိုင်ဖွင့်ထားတဲ့ သီချင်းသံခပ်တိုးတိုးလေးက ပျံလွှင့်နေသည်။ထိုသီချင်းကို
ကြားတော့..ဂမုန်းလုံးထဲပြေးမြင်မိတာ..
ဒေါ်စိမ်းညို့သွင်ဆိုတဲ့အမျိုးသမီးကိုပါပဲ။

"တပြည်သူမရွှေထားရယ်...တွယ်တာ..ရပါသီကောလေ.."

ဂမုန်းလည်းခိုင်ပြောသည့်အတိုင်း ရေချိူးခန်းထဲဝင်ကာ ဘေစင်မှ ရေအနည်ငယ်ယူ၍ မျက်နှာသစ်မိသည်။

ကျွန်မ မျက်နှာသစ်ရင်အနည်းငယ်တော့လန်းသွားမည်ထင်သည်။
ကျွန်မဘေစင်မှရေတွေကို လက်နဲ့ခံနေရင်း
ရုတ်တရက်ရေတွေက သွေးတစ်ချို့အဖြစ်သို့ပြောင်းသွားသည်။..

ကျွန်တော် လန့်ဖျန့်၍ နောက်ကိုခြေနှစ်လှမ်းလောက်
ပြန်ဆုတ်မိသည်။
ရုတ်တရက် မှန်ထဲကိုပြန်ကြည့်တော့...ကျွန်မအနောက်တွင်..သူ..လူယူတ်မာ။

သူက ကျွန်မကိုကြည့်၍ လှောင်ရယ်နေသည်။

"မဟုတ်ဘူး...မဟုတ်ဘူး"

"ဟားဟားဟား...ဂမုန်းနွယ်...ဂမုန်းနွယ်..
မင်းကငယ်ပါသေးတယ်ကွာ..
ကိုယ့်ဆန္ဒကိုဖြည့်ပေးစမ်းပါဉီး"

"မဟုတ်ဘူး...ထွက်သွား..ထွက်သွားလို့!!
အားးးး"

"ဂမုန်း..ဂမုန်းနင်ဘာဖြစ်တာလဲ..ဘာဖြစ်လို့လဲ"

"မြစိမ်းရောင် မုသား"Where stories live. Discover now