တက္ကသိုလ် ဟုပြောလိုက်သည်နှင့်..ပျော်ရွှင်ဖွယ်လူငယ်ဘဝကိုမြင်ကြသည်မှမလွဲဧကန်ပင်..။အချစ်တို့စတွေ့ရာသည်လည်းထိုကျောင်းတော်ကြီးပင်ပဲ ဖြစ်သည်။
ခရေပင်ကြီးအောက်မှာတော့ နတ်ဘုရားမတစ်ပါးကဲ့သို့အဆင်းရှိသူ စိမ်းရှိလေသည်။
လွယ်အိတ်အနီလေးကိုပေါင်ပေါ်တင်၍ မလာနိုင်သေးသူကိုမျှော်ရတာစိမ်းလည်းတမော့မော့ပင်။"စိမ်းရေ..စိမ်း"
ဟောရှင်။ပေါ်တော်မူလာပြီချစ်ရသူလေး။မုန်းဆိူတဲ့နာမည်တစ်လုံးပိုင်ရှင်..စိမ်းအသက်တမျှချစ်ရပါသောပိုင်ရှင်။
"ရှင်..အစ်မမုန်း"
မျက်လွှာလေးပင့်ကြည့်မိတော့..အစ်မကပြုံး၍ကြည့်သည်။အစ်မကစိမ်းအနားရောက်လာ၍ နှင်းဆီနီဆွေးဆွေးအား စိမ်းဆီသို့လှမ်းသည်။စိမ်းရဲ့ဆံစလေးအနည်းငယ်ကိုလည်းနားကြားသို့ပို့ပေး၏။ ဤသို့အချစ်ခံနေရလျှင်ကိုစိမ်းအတွက်ပြည့်စုံနေပြိဖြစ်သည်။
"နောက်ကျတယ်နော်။"
"ဟုတ်တယ်..အစ်မနှင်းဆီးပန်းလေးခူးနေလို့ပါစိမ်းရယ်။"
နှင်းဆီပန်းလေးခူးတာလောက်နှင့်ဤမျှကြာမည်မဟုတ်ဆိုတာစိမ်းအတပ်သိသည်။စိမ်းညို့သွင်လေ..သို့ပေတည်းချစ်ရသူမို့ပြန်မေးခွန်းမထုတ်လို။
"အစ်မပန်ပေးမယ်မလား"
"ဟုတ်ရဲ့..ပန်ပေးရမှာပေါ့ကွယ်"
စိမ်းဟာဧကရီတစ်ပါးနှယ်။စူးရှတဲ့မျက်လုံးတို့ပိုင်ရှင်။ထက်မြတ်ရဲ့ညဏ်ရည်ပိုင်ရှင်။သို့သော်...စိမ်းညို့သွင်ဆိုတာအချစ်နဲ့ထိတွေ့မိလျှင်။အရာအားလုံးကိုခဝါချနိုင်သူပင်။
"စာမေးပွဲရက်တွေနီးလာပြီ."
"အင်းးဟုတ်ပါရဲ့..အစ်မအဆင်ပြေရဲ့လား"
"ပြေပါတယ်စိမ်းရယ်..အစ်မစိမ်းရှိနေသ၍ အမအဆင်ပြေပါတယ်"
ထိုစကားကြောင့်စိမ်းပြုံးလိုက်မိပါသည်။စိမ်းပြုံးနေသည်းကိုအစ်မကသဘောတကျငေးနေ၏။ထိုအချင်းအရာကိုလည်းစိမ်းသဘောကျသည်။စိမ်းဟာအမြဲပထမသာဖြစ်ချင်သည်။သို့ပေတည်းးစိမ်းမာနထက်တော့မည်သူမှကိုပိုမချစ်နိုင်။အသက်တမျှချစ်ရသူကိုရောပေါ့..။
YOU ARE READING
"မြစိမ်းရောင် မုသား"
Romanceအန်တီက သိပ်စိမ်းကားတယ်.. ကျွန်မကလည်း သိပ်စိမ်းကားတဲ့အန်တီ့ကိုမှ လာနွယ်မိပြန်တယ်.. အန်တီ့အတိတ်ကဘာပဲဖြစ်နေပါစေ ကျွန်မကတော့ အန်တီ့ကိုယစ်နွယ်ဖက်တွယ်ထားမှာပဲအန်တီ.. ကျွန်မက ဆေးလိပ်တစ်လိပ်ဆိုရင်.. အန်တီက ကျွန်မကိုလောင်ကျွမ်းစေမယ့်.. မီးစလေးဖြစ်မယ်ထင်တယ်..။