p-5

454 31 4
                                    

"အန်တီ"

"အမလေး..ဘုရား"

ရင်ဘက်လေးကိုလက်ဖြင့်ဖိကာ မျက်လုံစုံမှိတ်၍ လန့်သွားသောအန်တီကချစ်စရာ..။မနေ့ကကိစ္စအတွက်လာတောင်းပန်တာဖြစ်ပေမယ့် အန်တီ့အပြုအမူကြောက့်ဂမုန်းမှာအသဲတယားယား။

"လန့်သွားတာလား"

ချည်ဘောင်းဘီအညိုရောင်အရှည်လေးအား အင်္ကျီအနီလေးဖြင့်တွဲဝတ်ထားသောဂမုန်းကအရပ်လဲရှည်သည်။လက်နှစ်ဖက်ကိုနောက်ပစ်ကာ ခါးကိုအနည်းငယ်ကိုင်းထားသည်။

"ဒါပေါ့..မင်းကဘယ်လိုရောက်လာလဲမှမသိပဲကွယ်"

"အန်တီ့ဆီပဲ တည့်တည့်လာတာ"

ဂမုန်းရဲ့စကားမျက်ခုံးကိုပင့်တက်သွားသောအန်တီ။
သေချာကြည့်မှအန်တီကမျက်ခုံးတော်တော်လှတာပဲ။
ဆံနွယ်ရှည်တို့ကိုအပြောင်သိမ်း၍ ဆံထုံးထုံးထားသောအန်တီက ဘယ်ဘက်နှဖူးထောင့်မှာမှဲ့နက်သေးသေးလေးရှိနေပြန်သည်။

"ဘာကိစ္စတုန်း"

"မနေ့ကကိစ္စလေ ကျွန်မတောင်းပန်ပါတယ်အန်တီ"

"ရပါတယ် မလိုပါဘူး
တို့အဆင်ပြေတာမလို့ မင်းသွားလိုရာသွားနိုင်ပြီ"

"အန်တီ့အနားပဲနေချင်တာခက်တယ်"

"အို..ဒီကလေးမ"

ဂမုန်းရဲ့စကားအဆုံးမျက်ခုံးတို့တွန့်ချိုးသွားသောအန်တီကတစ်မျိုးလှပြန်သည်။တကယ်ပါ ဒီမိန်းမက ပတ်သတ်မိရင်ပြေးဖို့မလွယ်တဲ့မိန်းမ။အန်တီ့ရဲ့မျက်ဝန်းနက်နက်တို့က ဂမုန်းကိုခြေချုပ်မိစေသည်။

အန်တီက တကယ်စိတ်ဆက်တယ်ထင်သည်။
ဂမုန်းကိုမစောင့်ပဲခပ်မြန်မြန်လမ်းလျှောက်သွားသည်။

"အန်တီ"

"စောင့်ပါဉီး"

ဂမုန်းကထွက်သွားတဲ့အန်တီ့နောက်ကို ပြေးလိုက်တော့အန်တီကလှည့်ကြည့်လာပြန်သည်။

"ဘာကိစ္စတုန်း"

"အန်တီ့ကိုလိုက်ပို့မလို့"

"မလိုဘူး"

အန်တီကခပ်မာမာပြန်ပြောပေမယ့် ဂမုန်းနွယ်ကတော့လက်မလျော့သေးချေ..။

"မြစိမ်းရောင် မုသား"Where stories live. Discover now