p-3

451 41 0
                                    

"သမီးလေး...လေးလေးသွားတော့မယ်နော်.."

"ဟုတ်ကဲ့လေးလေး"

5 နှစ်အရွယ်ကလေးမလေးက ဉီးလေးဖြစ်သူကိုသေချာနှုတ်ဆက်နေခဲ့သည်။ဉီးလေးဖြစ်သူကိုမြင်ကွင်းမှ ပျောက်သည်ထိလက်သေးသေးလေးကို
ခါရမ်းပြလို့နေသည်။ထိုကလေးမလေးမှာ
တခြားသူမဟုတ် ဂမုန်းနွယ်ဆိုသောသူမသာဖြစ်သည်။

"ဟဲ့..နင့်လာခဲ့စမ်း..အိမ်ပေါ်တက်ခဲ့"

ဉီးလေးဖြစ်သူအလုပ်သွားတာနဲ့...သူ့မိန်းမ၏စကားသံတို့က လေစိမ်းတို့တိုက်သည့်နှယ့်။
မာထန်လို့နေသည်။ဉီးလေးဇနီးဖြစ်သူရဲ့ မိခင်ကတော့
ကျွန်မကိုစိတ်မကောင်းတဲ့မျက်ဝန်းတို့ဖြင့်ငေးကြည့်နေလို့နေသည်။

ကျွန်မကငယ်သေးလို့ထိုမျက်ဝန်းကိုအဓိပ္ပါယ်မဖော်နိုင်ခဲ့ပေ...သို့ပေမယ့်..ခနအကြာမှာတော့နားလည်လာရသည်။

"နင်လာခဲ့စမ်..."

"ဟုတ် အန်တီ"

"ညက..ဘာလို့ငါတို့လင်မယားအခန်းထဲဝင်အိပ်တာလဲ.."

"လေးလေးကခေါ်သိပ်လို့ပါ.."

"နင့်ဉီးလေခေါ်တိုင်းလာစရာလား..နင်ကနင်တစ်ယောက်ထဲအိပ်လေ.."

"လေးလေးက..သမီးကိုခေါ်သိပ်လို့အိပ်တာပါ"

ပြောရင်းနဲ့..ဉီးလေးဇနီးရဲ့လက်တွေက ကျွန်မဝမ်းဗိုက်ပေါ်ရောက်လာသည်။
နာကျင်မှုကိုအလွန်အကျွံခံစားနေရသောကျွန်မက..ကလေးသဘာဝအရ မျက်ရည်များကျလာသည်။

ကျွန်မငယ်ငယ်လေးကပျော်ရွှင်ဖွယ်မိသားစုလေးကိုပိုင်ဆိုင်ခဲ့ရပါသည်။သို့ပေမယ့်..ကျွန်မအသက်သုံးနှစ်ထိသာထိုမိသားစုလေးမြဲပေသည်။

ကျွန်မအသက်သုံးနှစ်ပြည့်သည့်အခါ..ထိုမိသားစုလေးပြိုကွဲခဲ့ရသည်။အမေရော..အဖေရော..ကွာရှင်းပြတ်စဲလိုက်ကြပြီး..တစ်ယောက်တစ်နေရာထွက်သွားခဲ့သည်။နှစ်ယောက်လုံးရဲ့ ရည်မှန်းချက်ကတော့..
စီးပွားရှာဖို့ပင်...။

အခုလည်း အဖွားနဲ့နေရင်း ဉီးလေးဖြစ်သူက သူ့အိမ်အလည်ခေါ်လို့ဉီးလေးမျက်နှာနဲ့လိုက်ခဲ့တာဖြစ်ပေသည်။

"မြစိမ်းရောင် မုသား"Where stories live. Discover now