မနက်ပိုင်းမှာခိုင်နဲ့အတူအိမ်ဝယ်ရှာရန်မန္တလေးတစ်ခွင်ကိုပတ်ရှာခဲ့သည်။ကံကောင်းချင်တော့ ဂမုန်းသဘောကျတဲ့အိမ်လေးတစ်လုံးကိုရှာတွေ့ခဲ့သည်။အိမ်လေးကနေ့ချင့်စဖွယ်လေးဖြစ်ကာ ဈေးလဲအသင့်အတင့်ပင်။ဂမုန်းလဲအချိန်မဆွဲပဲထိုအိမ်လေးဝယ်လိုက်လေသည်။
"ခိုင်..ဒါအကုန်ပဲလား"
ဂမုန်းကခိုင်းကိုကြည့်၍မေးလိုက်သည်။အိမ်လေးကိုဝယ်ပြီးလို့hotelကပစ္စည်းတွေရွေးနေတာပင်။ခိုင်ကနှဖူးနဲ့နထင်ကချွေးစက်တို့ကိုလက်ဖြင့်ဖယ်ချရင်းခေါင်းငြိမ့်ပြ၏။
"ဒါဆိုကျန်တာကရန်ကုန်မှာပဲပေါ့"
"အင်းဟုတ်တယ်.."
ခိုင်ကမောနေဟန်ဖြင့် ဆိုဖာပေါ်ခြေပစ်လက်ပစ်ဝင်ထိုင်လိုက်သည်။ဂမုန်းကထမင်းစားခန်းဆီသွားကာ ရေခဲသေတ္တာထဲမှ ရေတစ်ဘူးထုတ်၍ အိမ်ရှေ့ခန်းသို့ပြန်လာကာခိုင့်ကိုရေဘူးကမ်းပေးလိုက်သည်။
"ရော့.."
"အေး..ကျေးဇူး"
ခိုင်ကရေဘူးကိုတစ်ကျိုက်ထဲမော့ချကာ စကားဆိုသည်။
"နင်ဘာလို့ဒီမှာအတင်းနေချင်နေတာလည်း"
"အချစ်ရှိရှာအရပ်မှာ ငါနေချင်တာဆန်းသလား"
ဂမုန်းကဆိုဖာပေါ်ဝင်ထိုင်၍ ခိုင့်အမေးကို မေးကလေးဆက်ပြပြီးဖြေလိုက်သည်။ပစ္စည်းတွေနေရာချပြီးပြီဆိုတော့ဂမုန်းအေးဆေးနားလို့ရပြီလေ။ဂမုန်းကခိုင့်ရဲ့ဘယ်ဘက်ကဆိုဖာပေါ်မှာထိုင်နေတာဖြစ်ပြီး ခိုင်ကနှစ်ယောက်ထိုင်ဆိုဖာပေါ်မှာပင်။ခိုင့်ညာဘက် ၊ ဂမုန်းမျက်နှာချင်းဆိုင်ဆိုဖာမှာတော့ဂမုန်းရဲ့ဂစ်တာလေးကိုတင်ထားတာအလယ်မှာကျွန်းစားပွဲပုပုလေးရှိသည်။
"ဟမ်..ဘယ်လိုအချစ်ရှိရာဟုတ်လား"
"အင်း.."
ခိုင်ကအံအားသင့်စွာမေးနေသည်ကိုအရေးမစိုက်ပဲပြန်ဖြေတဲ့ဂမုန်းကိုခိုင်းစိတ်ထဲမယ်ထုချင်ရိုက်ချင်စိတ်တွေဖြစ်ပေါ်လာလေသည်။
"ဘယ်တုန်းကလဲ..ဘယ်သူလဲ
ရည်းစားတွေဖြစ်နေပြီလား..နာမည်ကဘာတဲ့လဲ
အသက်ကရော..မိန်းကလေးပဲမလား..ချောလား..ဘယ်မှာနေတာလဲ အိမ်လိပ်စာအတိအကျနင်သိတာလား..မနေ့ကသွားတာလဲသူ့အိမ်လား"
![](https://img.wattpad.com/cover/337098938-288-k71772.jpg)
YOU ARE READING
"မြစိမ်းရောင် မုသား"
Romanceအန်တီက သိပ်စိမ်းကားတယ်.. ကျွန်မကလည်း သိပ်စိမ်းကားတဲ့အန်တီ့ကိုမှ လာနွယ်မိပြန်တယ်.. အန်တီ့အတိတ်ကဘာပဲဖြစ်နေပါစေ ကျွန်မကတော့ အန်တီ့ကိုယစ်နွယ်ဖက်တွယ်ထားမှာပဲအန်တီ.. ကျွန်မက ဆေးလိပ်တစ်လိပ်ဆိုရင်.. အန်တီက ကျွန်မကိုလောင်ကျွမ်းစေမယ့်.. မီးစလေးဖြစ်မယ်ထင်တယ်..။