p-4

442 31 0
                                    

ရက်သတ်တစ်ပတ်ကြာသွားသည်..ဂမုန်းလဲအနည်းငယ်တော့အဆင်ပြေလာသည်။မပြေတာက..
သူမ..သူမကိုမေ့မရတဲ့စိတ်..ဘယ်လိုဖြေဖျောက်မလဲမသိတော့ချေ..စတွေ့ကတည်းကစွဲလမ်းမိတာ ဒီကနေ့အထိပင်..။ဒီနေ့တော့ ဂမုန်းခိုင့်ကို ဓာတ်ပုံရိုက်ပေးရမည့်နေ့ပင်..။

"ဂမုန်းပြီးပြီလား"

"အင်းပြီးပြီ..နင်ရော"

"ငါကသွားရုံပဲ။"

"ဒါဆိုသွားကြတော့မလား"

"အေး..သွားမယ်လေ.."

ပြောရင်းဆိုရင်းနဲ့ပင်..ဂမုန်ကသူမရဲ့ကင်မရာလေးအား..လည်ပင်း၌ချိတ်ဆွဲ၍ ဟိူတယ်အတွင်းမှထွက်လာခဲ့သည်။

မန္တလေးဆိုသော ရွှေမန်းမြို့က တကယ့်အနှစ်သာရများပြည့်ဝလို့နေသည်။
ဂမုန်းတို့လည်း...ဓာတ်ပုံရိုက်ဖို့ရွေးထားတဲ့နေရာသို့..
သူမရဲ့စလွန်းကားအဖြူလေးကတငြိမ့်ငြိမ့်မောင်းနှင်နေသည်။

"ဂမုန်းနွယ်"

"ဟေ"

"ဘာလိုလိုနဲ့ သင်္ကြန် ရောက်တော့မယ်နော်"

"အေး ဟုတ်သားပဲ..ဘယ်နှရက်လိုသေးလဲ"

"နောက်သုံးရက်ဆိုရောက်နေပြီလေ.."

"အော်.."

သင်္ကြန်ရောက်တော့မှာမှန်ပေမယ့်..ကျွန်မမပျော်ရွှင်နိုင်ပါ..ဒေါ်စိမ်းညို့သွင် ကိုသာပထမဆုံးရေလောင်းချင်သည်။ကျွန်မအတွေးတွေကို စိုးမိုးထားသောသူမကို ဘယ်လိုပင်လိုက်ရှာရမှန်းမသိ..ခက်တော့နေပြီ။

"ဟဲ့...ရှေ့မှာကား"

ဒုန်းးး...

"အေးး..ဟ..သွားပြီ"

"နင်ကိုကရှေ့မကြည့်နောက်မကြည့်နဲ့.."

"ငါ..ငါအတွေးလွန်နေလို့"

ဂမုန်းလဲခိုင့်ကိုအသိပေးရင်း..အပြင်ထွက်ကြည့်တော့
ဟိိုဘက်က BMW ကားအဖြူလေးက အနည်းငယ်ပွန်းသွားသည်။

"မင်းဘယ်လိုလုပ်လိုက်တာလဲမိန်းကလေး"

ကားပိုင်ရှင်ကရဲ့အသံကြောင့် ကားရဲ့ပွန်းရာကိုကြည့်နေရင်းကလှည့်ကြည်မိတော့..သူမ..သူမပင်

"မြစိမ်းရောင် မုသား"Where stories live. Discover now