"ဂမုန်းရေ..အဆင်သင့်ဖြစ်ပြီလား"
"ဖြစ်ပြီ..သွားမယ်ကြမယ်လေ"
အချိန်ကား..မနက်ခြောက်နာရီ။ဂမုန်းလက်ထဲမှ ကင်မရာလေးအား လည်တိုင်သွယ်သွယ်၌ ချိတ်လိုက်သည်။ကင်မရာပစ္စည်းတချို့ကိုလက်၌ကိုင်ထားလျက် ကားနောက်ခန်းထဲသို့ သွားထဲ့ရန်ပြင်လိုက်သည်။
"လာပါဂမုန်းရယ်..နင်ကကြာကိုကြာတယ်"
ပစ္စည်းတွေကိုသယ်ရင်း ကားနောက်ဖုံးကိုဂမုန်းဖွင်လိုက်သည် ထို့နောက် ခိုင်သူဇင် အပြောကိုတို့ပြန်မိသည်။
"ငါ့ ကင်မရာပစ္စည်းတွေပြင်နေလို့ပါဟ"
"အေးပါသွားမယ်...နောက်ကျကုန်တော့မှာပဲ"
ဂမုန်းခေါင်းတစ်ချက်သာငြိမ့်ပြရင်း..ကားပေါ်သို့ပစ္စည်းတွေ အကုန် တင်လိုက်သည်။ပစ္စည်းက ကင်မရာပစ္စည်းအပြင်ဓာတ်ပုံရိုက်ဖို့ အဝတ်အစားနဲ့ shooting ပစ္စည်းအနည်းငယ်တော့ပါသည်။ဂမုန်းက ကားနောက်ဖုံးကိုပိတ်ကာ..ကားအရှေ့ခန်းသို့ဝင်ထိုင်လိုက်သည်။
ခိုင်သူဇင်ကတော့ ကားပေါ်ရောက်နှင့်နေပြီ။
ဂမုန်းလဲ ထာဝရ မန္တလေး သီချင်းအား လေးဖွင့်ထား၏။သိပ်တော့မကျယ်ပါ။ နှုတ်ခမ်းနှစ်လွှာအနက် အသံသြရှရှကလေးက ထာဝရ မန္တလေး သီချင်းကို ခပ်တိုးတိုးလေးငြီးနေမိသည်။"ထာဝရ..နှလုံးသားလေးထဲ..သိမ်းဆဲလို့ထား"
"ကိုယ် မြတ်နိုးတဲ့..ပန်းလေးတစ်ပွင့်ကို"
မိန်းကလေးမဆန်တဲ့ အသံသြရှရှလေးဆိုရင်တောင်
ဂမုန်းနွယ် သီဆိုတာ လိုက်ဖက်မှုတော့ရှိသည်။နားထောင်ပြီးရင်းနာထောင်ချင်လာတဲ့ အသံမျိုး။ဂမုန်းတို့၏စလွန်းကားအဖြူလေးက...အမြန်လမ်း၌ ငြိမ့်ငြိမ့်လေးမောင်းနှင်နေသည်။
ဂမုန်းက photographer လေ။အခုလည်း
ရွှေမန်းမြို့ကို shooting ကိစ္စကြောင့်သွားရမည်ဖြစ်သည်။ဂမုန်းတို့ရဲ့ ကားလေးက မန္တလေး ကဟိုတယ်တစ်ခုသို့..နံနက် 10 ခွဲလောက်တွင် ရောက်ရှိလေသည်။
ဟိုတယ်နမည်က မြစိမ်းရောင် ဖြစ်ပြီး အတော်တော့လှသည်။ ဂမုန်းတို့ရဲ့ကားလေးက ဟိုတယ်ကားပါကင်၌ ပါကင်ထိုးကာ..ဂမုန်းနဲ့ ခိုင်ကတော့ ကိုယ့်မှတ်ပုံတင်ကိုယ်ယူ၍ ကားထဲမှထွက်လာခဲ့သည်။
YOU ARE READING
"မြစိမ်းရောင် မုသား"
Romanceအန်တီက သိပ်စိမ်းကားတယ်.. ကျွန်မကလည်း သိပ်စိမ်းကားတဲ့အန်တီ့ကိုမှ လာနွယ်မိပြန်တယ်.. အန်တီ့အတိတ်ကဘာပဲဖြစ်နေပါစေ ကျွန်မကတော့ အန်တီ့ကိုယစ်နွယ်ဖက်တွယ်ထားမှာပဲအန်တီ.. ကျွန်မက ဆေးလိပ်တစ်လိပ်ဆိုရင်.. အန်တီက ကျွန်မကိုလောင်ကျွမ်းစေမယ့်.. မီးစလေးဖြစ်မယ်ထင်တယ်..။