p-7

430 25 2
                                    

"ဒါပေါ့ကွယ်"

ဒါပေါ့ကွယ်ဟုသာ ခပ်ပြုံးပြုံးလေးဖြေသည့်အန်တီ။
ဂမုန်းကအန်တီ့မျက်ဝန်းတွေသေချာစိုက်ကြည့်နေမိပြန်သည်။အန်တီကထိုအချင်းအရာကိုရှက်သွားသည်လား။သဘောမကျပေလို့လားမသိ။ချက်ချင်းအကြည့်လွဲသွားသည်။အိမ်ရှေ့တံခါး'မ'ကြီးကိုငေးကြည့်နေတဲ့အန်တီမျက်ဝန်းတွေကစိုလဲ့လဲ့။နှုတ်ခမ်းပါးပါးကိုခပ်နုတ်နုတ်လေးကိုက်ထားသည့်အန်တီက တစ်ခုခုကိုပြန်တွေးပြီးခံပြင်းနေပုံပင်။

"အခုသင်ချင်လား"

ရုတ်တရက်ဂမုန်းဘက်လှည့်လာပြီးမေးတဲ့အန်တီကအပြုံးဟုမဆိုသော မသိမသာအပြုံးမှိန်မှိန်လေးကိုဆင်မြန်းထားပြန်သည်။အန်တီကပဲနားလည်ရခက်သလား။ဂမုန်းပဲညဏ်မမှီခဲ့တာလား ဂမုန်းမသိတော့ ချေ။

"ဟင်..အန်တီဆန္ဒရှိရင်ပေါ့။"

အခုတစ်ခါတော့အန်တီကနှစ်လွန်ဖွယ်ပြုံးသည်။မျက်ဝန်းလေးတွေကွေးကျသွားသည့်အန်တီက ချစ်စရာ။

အန်တီက တယောကိုလှမ်းယူရန်လက်လှမ်းလိုက်သည်။သို့ပေမယ့်အန်တီ့လက်တွေက တယောက်ိိုမထိမိ။သူမသည် တယောပေါ်ကလက်မှတ်ကလေးကိုငေးနေမိပြန်သည်။သူမမျက်ဝန်းအိမ်ထဲမျက်ရည်တွေတဖြေးဖြေးပြည့်လာခဲ့ပေမယ့် သူမမငိုပါ။အံကိုခပ်တင်းတင်းကြိတ်ထားသည်။ရုတ်တရက်ဆိုသလို အန်တီက ကျွန်မဘက်လှည့်လာသည်။

"မင်းပြန်တော့!!"

"ဗျာ"

ဒေါသမျက်ဝန်းဖြင့်အန်တီကဂမုန်းကိုနှင်ထုတ်နေပြန်သည်။​စောနက ပြုံးနေခဲ့တဲ့ဒေါ်စိမ်းညို့သွင်ကိုပြန်လိုချင်မိသည်။အန်တီ့မျက်ဝန်းစိမ်းစိမ်းတို့ကိုဂမုန်းခံနိုင်ရည်မရှိပြန်ပါ။

"ဗျာမနေနဲ့..ပြန်တော့လို့ပြောနေတယ်လေဂမုန်းနွယ်!!"

အန်တီ့ အကြည့်တွေကထိုတယောပေါ်ရောက်သွားပြန်သည်။ဘာကအန်တီ့ကိုဒေါသထွက်စေသလဲ ကျွန်မမသိ။တယောကလား။ကျွန်မကလား။သေချာတာကတော့နှစ်ခုလုံးမဖြစ်နိုင်ဘူးထင်တယ်။

"ဟုတ်ကဲ့အန်တီ..ကျွန်မပြန်ပါ့မယ်..။"

ထို့သို့ပြောပြီး နွယ်ထွက်သွားသည်။သူမထွက်သွားပြန်သည်။မျက်ဝန်းစူးရှရှတို့က စိမ်းရဲ့အသံနောက်မှာအရောင်မှိန်ကျသွားသည်။စိမ်းကိုကျောခိုင်းပြီးထွက်ခွာသွားတဲ့ နွယ်မသိတာက စိမ်းနှလူံးသာကသူ့ခြေဖဝါးအောက်မှာနင်းချေခံထားရသလိုနာကျင်နေတာကိုပင်။
စိမ်းရင်တွေကွဲရပါသည်။စိမ်းရဲ့ခြေထောက်လို့မခိုင်တော့ပေ။နွယ်အဝေးကိုရောက်ပြီဆိုတာနဲ့စိမ်းခန္ဓာကိုယ်လဲပြိုလဲကျသွားသည်။ရင်ထဲ၌ တစ်ဆစ်ဆစ်နာနေသောနာကျင်မှုကိုအံကြိတ်ခံရင်း တစ်ချိန်က စိမ်းချစ်ရသူလက်ဆောင်ပေးထားတဲ့ထိုတယောကိုစူးရဲစွာစိုက်ကြည့်တာ နာကျင်မှုကိုမြိုသိပ်ထားရသည်။

"မြစိမ်းရောင် မုသား"Where stories live. Discover now