စိမ်းမြသာယာအမည်ရှိခြံကို ဂမုန်းသေချာကြည့်လိုက်သည်။ရွေရောင်စာလုံးလေးဖြင့်ထိုးထားသော စိမ်းမြသာယာဆိုတဲ့စာလုံးလေးအား ဂမုန်းလက်ဖြင့်တို့ထိကြည့်သည်။ဒေါ်စိမ်းညို့သွင်နဲ့ပတ်သတ်ရင်အရာရာကသဘောကျစရာ..။
လူခေါ်ဘဲလ်လေးအား ဂမုန်းနှိပ်ကြည့်မိတော့ ဘဲလ်အသံကြားလိူ့ထင်ပါရဲ့ဉီးလေးကြီးတစ်ယောက်ထွက်လာသည်။"ဒီကငါ့တူမကြီးက ဘယ်သူနဲ့တွေ့ချင်လို့လဲကွဲ့"
မျက်လုံးမှုန်နေပြီထင်ရသော ဉီးလေးကလက်ငါးချောင်းကိုနဖူးနားကနေအုပ်မိုးကြီးဂမုန်းကိုသေချာကြည့်ရှာသည်။"ဒေါ်စိမ်းညို့သွင် နဲ့တွေ့ချင်လို့ပါဉီးလေး"
ဂမုန်းစကားသံကြားသတိရသလို အမူအယာဖြစ်သွားသောဉီးလေးကြီးကတကယ်ရိုးသားတဲ့ပုံ။"လာလေသမီး..လာဉီးနောက်လိုက်ခဲ့"
စကားကိုခပ်ခပ်သွက်သွက်ပြောကာ ခြံတံခါးဖွင့်ပေး၍ ဂမုန်းကိုခေါ်လေသည်။
ဂမုန်းအထဲကိုရောက်တော့အတော်လှသည်ဟုမှတ်ချက်ပေးမိသည်။ပန်းပင်များလည်းသူ့နေရာနှင့်သူ ကွပ်ပြစ်လေးတစ်ခုကအပင်ကြီးတစ်ခုအောက်၌သေချာထိုးထားသည်။ခြံထောင့်နားလေး၌ စံပယ်ရုံကိုသေချာမြောင်းဖော်ပြီးစိုက်ပျိုးထားသည်။ထို့နောက်တော့နှင်းဆီများ..။
တခြားတခြားသောပန်းတို့ကိုလည်းတွေ့ရပေမယ့်..။ဂမုန်းကြိုက်တဲ့ကံကော်တော့မပါချေ။ဂမုန်းလမ်းလျောက်လာရင်ဆင်ဝင်ကိုရောက်တော့ မတ်တပ်ရပ်စောင့်နေတဲ့အန်တီ့ကိုတွေ့ရသည်။
ဉီးလးကလဲကျွန်မကိုထားခဲ့၍ ခပ်သုတ်သုတ်ထွက်သွားလေသည်။တံခါးမ'ကြီးဘောင်ကိုခပ်ထွေထွေပုခုံလေးမှီပြီးလက်ပိုက်ထားတဲ့အန်တီကအရင်နေ့တွေကလိုပြင်ဆင်ထားတာမျိုးမရှိ သူ့ပုံစံအတိုင်းလေးပင် မိန်းမဝတ်အင်္ကျီအဖြူဇာခပ်ပွပွနှင့် ထဘီအနက်ရောင် ပြောင်ချောလုံချည်လေးအားဝတ်ထားတာတွေ့ရသည်။
ဂမုန်းကိုတွေ့တော့ သူမမျက်လုံးတို့အရောင်တောက်လာသည်ကိုဂမုန်းသတိထားမိသည်။ထို့နောက် သူမနှုတ်ခမ်းပြေပြေလေးက မသိမသာပြုံးမိတာကိုလည်းဂမုန်းသတိထားမိပြန်သည်။ တကယ်ပါ..ဒီအမျိုးသမီးနဲ့ပတ်သတ်ရင်အကုန်သေချာကြည့်နေမိတော့တာပဲ။
YOU ARE READING
"မြစိမ်းရောင် မုသား"
Romanceအန်တီက သိပ်စိမ်းကားတယ်.. ကျွန်မကလည်း သိပ်စိမ်းကားတဲ့အန်တီ့ကိုမှ လာနွယ်မိပြန်တယ်.. အန်တီ့အတိတ်ကဘာပဲဖြစ်နေပါစေ ကျွန်မကတော့ အန်တီ့ကိုယစ်နွယ်ဖက်တွယ်ထားမှာပဲအန်တီ.. ကျွန်မက ဆေးလိပ်တစ်လိပ်ဆိုရင်.. အန်တီက ကျွန်မကိုလောင်ကျွမ်းစေမယ့်.. မီးစလေးဖြစ်မယ်ထင်တယ်..။