"အဲဒီတော့ ပြောချင်တာက လူခြောက်ယောက်ရဲ့ ဆန္ဒ တွေကိုကျွန်တော်ကဖြည့်ဆည်းပေးရမယ်ပေါ့ ဟုတ်လား"
အလင်းစက်ဝိုင်းအသေးလေးက တက်တက်ကြွကြွ လှုပ်ရှားနေရင်းပြန်ပြောတယ်.
"ဟုတ်တယ်"
Kim Sunoo က အပြာရောင်မြက်ခင်းပြင်ပေါ်မှာထိုင်နေရင်း အသက်ကိုပြင်းပြင်းရှူလိုက်တယ်.ပန်းရောင်သန်းနေတဲ့ကောင်းကင်ကိုမော့ကြည့်ပြီး ခနိုးခနဲ့ပုံစံရယ်လိုက်တယ်.
"ဘယ်လိုအိပ်မက်ပါလိမ့်"
"အိပ်မက်မဟုတ်ဘူးလို့ဘယ်နှစ်ခါပြောရမှာလဲ"
"အဲဒါဆို ဒါက ဘယ်နေရာကြီးလဲ ပြီးတော့ရော မင်းကဘာလဲ"လို့ Sunooက စိတ်ရှုပ်ရှုပ်နဲ့မေးလိုက်တယ်.
သူမှတ်မိသလောက်ကတော့ အခန်းထဲမှာထိုင်ပြီး အိမ်စာတွေအတွက်စိတ်ဖိစီးနေတုန်း အလင်းရောင်စူးစူးတစ်ခုက သူ့ကိုခေါ်ဆောင်သွားတယ်ဆိုတာပါပဲ.ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တော့ အဆုံးမရှိတဲ့ အပင်တွေ ပန်းတွေနဲ့ ဥယျာဥ်တစ်ခုဆိုတာပဲ သိတယ်.
အလင်းလုံးလေးက သူ့ကို စိတ်လှုပ်ရှားစွာနဲ့ နှုတ်ဆက်တယ် ပြီးတော့ သူလုပ်ဆောင်ရမယ့် တာဝန်တွေကိုပြောပြတယ်. သူ့ကိုယ်သူ ဒီဥယျာဥ်ရဲ့ တာဝန်ခံလို့လဲ ပြောပြတယ်.ပြီးတော့လည်ချောင်းတစ်ချက်ရှင်းပြီး
"ဒီနေရာကို Eden ဥယျာဥ်လို့ခေါ်တယ်.ကျွန်တော်ကတော့ဒီနေရာမှာအလုပ်လုပ်တဲ့ သာမည အလုပ်သမားလေးပါ.ကျွန်တော့မှာ ကိုယ်ထည်မရှိပါဘူး ဒါပေမယ့် လိုအပ်လာရင်ပြောင်းလဲလို့ရပါတယ်"
Sunoo က စကားပြန်မပြောသေးပါ.
"ပြီးတော့ မင်း Kim Sunoo. မင်းကို လူခြောက်ယောက်ရဲ့ ကံကြမ္မာကို ကယ်တင်ပေးဖို့ ရွေးချယ်လိုက်ပြီ"
"ဘာလို့ကျွန်တော်လဲ"
အလင်းစက်ဝိုင်းလေးက အရမ်းတွေစိတ်လှုပ်ရှားနေပြီ.
"Oh. .ဒါကရိုးရိုးလေးပါ.မင်းကသူတို့အကြိုက်ပုံမျိုးမို့လို့ပေါ့"
"Huh. .ဘယ်လို..ပြီးတော့သူတို့ကို ဘယ်လိုကယ်တင်ပေးရမှာလဲ"
တကယ်လို့များ အလင်းစက်ဝိုင်းလေးက လူသာဆိုရင် ပြုံးနေလောက်ပြီ.
" အင်း..ပြောရရင်တော့ အဲ့လူခြောက်ယောက်စလုံးမှာ နာကျင်စရာ တွေရှိနေတယ်.အဲဒါကြောင့် တစ်ချို့က သေပြီးတစ်ချို့က coma အခြေအနေမှာရှိနေတာ"
Sunnoo ထခုန်မိတော့မယ်.ဒါအတော်ဆိုးတာပဲလို့လည်းတွေးမိနေပြီ.
"ဒါပေမယ့် သူတို့အားလုံးဟာ ဘဝကိုအဆုံးမသတ်ခင် နောင်တအရဆုံးကတော့ ချစ်ဖူးချင်တာပါပဲ.ဒါကြောင့်မို့လို့ မင်းရဲ့တာဝန်က သူတို့ဘဝထဲကိုဝင် သူတို့ဘဝကိုအဆုံးမသတ်ခင်မှာ မင်းကိုချစ်အောင်လုပ်ဖို့ပဲ.မင်းကသူတို့ကိုကယ်လိုက်နိုင်ရင် သူတို့ကမင်းကိုမေ့သွားမှာ အဲဒါကြောင့် စိတ်ပူစရာမလိုဘူး "
Sunoo ဘာပြောရမှန်းကိုမသိတော့ပါဘူး.
"ဘယ်လို..ဒါက Dating game ပုံစံလိုမျိုးလား.မလုပ်နိုင်လောက်ဘူးထင်တယ်.ကျွန်တော်"
အလင်းစက်ဝိုင်းလေး စိတ်တိုလာပြီ.
"လုပ်နိုင်တယ်.မင်းလုပ်နိုင်မှာပါ.အဲဒီလူတွေအားလုံး ဒုတိယအခွင့်အရေးနဲ့ထိုက်တန်ပါတယ်.ပြီးတော့ မင်း..တာဝန်မပြီးပဲ ထွက်လာလို့မရဘူးနော်"
Sunoo ရှော့ခ်ရသွားတယ်.
"ဘာ"
"မင်းအဲဒီ့နေရာကနေ ထွက်လာလို့ရမှာမဟုတ်ဘူး"
Sunoo မှာ ဘာများရွေးချယ်စရာရှိသေးလို့လဲ.
"အိုကေ..ကောင်းပြီလေ."
ကံမကောင်းလိုက်တဲ့ဘဝ..
"ကောင်းတယ် ကောင်းတယ်.အဲဒါဆို စကြမယ်လေနော."
မြေကြီးကကွဲသွားပြီး Sunoo အောက်ထဲကိုပြုတ်ကျသွားတယ်. ကြောက်လွန်းလို့ အသားကုန်အော်လိုက်တယ်.အောက်မှာ နူးညံ့နေပြီး မှောင်မဲနေတယ်.ရုတ်တရက်ကြီး ဥယျာဥ်တာဝန်ခံရဲ့ အသံကိုကြားပြီး မျက်လုံးရှေ့မှာ ဓာတ်ပုံတွေပေါ်လာတယ်.
"အမည်..Lee Heeseung. အသက်..19. ဆရာဝန်ဖြစ်ဖို့ ကြိုးစားနေပေမယ့် တကယ်ဝါသနာပါတာက သီချင်းဆိုတာပဲ. သူဘယ်အချိန်မှာသေလည်းဆိုတော့သူ့မိဘတွေကသူ့ကို အိမ်ထဲမှာ လှောင်ပိတ်ထားတဲ့အချိန်ပဲ.အိမ်ကနေထွက်ပြေးပြီး ခဏလောက်အိမ်ခြေမဲ့ဖြစ်လိုက်သေးတယ်.စတိုးဆိုင်မှာ အစားအသောက်သွားဝယ်တုန်း အလစ်သမားက သေနတ်နဲ့ပစ်လိုက်တာ.သူ့ဘဝရဲ့ အကြီးဆုံး နောင်တကတော့ လူတွေရှေ့မှာ သီချင်းဆိုတာရယ်.သူ့ရဲ့အရည်အချင်းကိုသဘောကျတဲ့သူနဲ့ ချစ်ချင်တာရယ်ပဲ "
Sunoo တကယ်ကိုဘာပြောရမှန်းမသိတော့ပါ.
"ကျွန်တော်သူ့ကို ကျွန်တော့ကို ချစ်လာအောင်လုပ်နိုင်မယ်လို့မထင်ဘူး "
အလင်းစက်ဝိုင်းလေးက ဘေးနားကနေပြောတယ်.
"စိတ်မပူပါနဲ့. တစ်ယောက်ကို အခွင့်အရေးသုံးခုရှိတယ်"
Sunoo သူ့ဘဝကြီးကိုပြန်တွေးမိသွားတယ်.တခါမှ လူတစ်ယောက်ကိုမချစ်ခဲ့ဖူးဘူး.ဘာလို့လဲ ဆိုတော့ ကျောင်းကစာတွေနဲ့ပန်းချီဆွဲဖို့ပဲ တွေးနေတာကိုး.သူသဘောကျနေတဲ့သူကလည်း သူ့ထက်အသက်ကြီးပြီး လက်လှန်းမမှီတဲ့သူလေ.ပြောရရင်တော့ သူ့မှာ အတွေ့ အကြုံမရှိဘူးဆိုတာပါပဲ.
"ကျွန်တော် တကယ်လုပ်နိုင်မယ် ထင်တယ်မလားဟင်"
"မင်းကိုယ်မင်းသာ ယုံကြည်မယ်ဆိုရင်ပေါ့"
Sunnoo မျက်လုံးကိုတစ်ယောက်ယောက်ကဓာတ်မီးနဲ့ထိုးလိုက်သလိုအလင်းရောင်စူးစူးကိုမြင်လိုက်ရတယ်.မျက်လုံးကိုမှိတ်လိုက်ပြီး လေကိုအဝရှူလိုက်တယ်.မျက်လုံးကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာ တစ်ခြားနေရာကိုရောက်နေပြီ.
ဘယ်..နေ.ရာ.မှာ.ပါ.လိမ့်
တစ်ချက်ကြည့်လိုက်တဲ့အချိန်မှာ မြေကြီးပေါ်မှာ သစ်ရွက်တွေနဲ့ ဂီတနုတ်စာရွက်တွေကို တွေ့လိုက်ရတယ်.
"Oh...တောင်းပန်ပါတယ် အဆင်ပြေရဲ့လား"လူတစ်ယောက်ကအထိတ်တလန့်မေးလိုက်တယ်.
Sunoo ရှေ့မှာ လက်တစ်ဖက်ပေါ်လာတယ်.မော့ကြည့်လိုက်တော့ မေ့လဲချင်သလိုတောင်ဖြစ်သွားတယ်.
သူ့မျက်စေ့ရှေ့ကလူဟာ Lee Heeseung ပဲ.ခါးကိုနည်းနည်းကိုင်းပြီး Sunoo ကိုထူပေးမလို့လုပ်နေတယ်.
"တောင်းပန်ပါတယ် ကိုယ်မင်းကိုမမြင်လိုက်ဘူး" Lee Heeseung က တစ်ခေါက်ထပ်တောင်းပန်တယ်.
Sunoo က Heeseung ကိုကြည့်လိုက်တယ်.ကျောပေါ်မှာ ဂစ်တာတစ်လက်.လက်ပေါ်မှာ ဂျူတီကုတ်တစ်ထည် ပြီးတော့ နွေးထွေးတဲ့ မျက်နှာထား.
"Oh. ရပါတယ် အဆင်ပြေပါတယ် " Sunoo ကပြုံးလိုက်ရင်း ဂီတာနုတ်စာရွက်တွေကိုကူကောက်ပေးလိုက်တယ်.
"ရပါတယ်.ကိုယ်ကောက်လိုက်ပါမယ်"Heeseung က Sunoo ရဲ့လက်ထဲက စာရွက်တွေကို အထိမခံနိုင်တဲ့ပုံစံမျိုးနဲ့ ဆွဲယူလိုက်တယ်.
" ကိုယ် သွားရတော့မယ်.ထပ်ပြီးတော့ တောင်းပန်ပါတယ် "Heeseung က ခေါင်းကိုငုံ့ပြီးနှုတ်ဆက်ပြီး ပြေးထွက်သွားတယ်.
Sunooကသူထွက်သွားတဲ့အချိန်ကနေသူ့ကိုမတွေ့ရတဲ့အထိ စောင့်ကြည့်နေလိုက်တယ်.ပြီးတော့မှ ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တော့ သူပန်းခြံထဲမှာရောက်နေတာ.မြက်ခင်းပြင်ပေါ်မှာ ချစ်သူစုံတွဲတွေထိုင်နေတာ.ခွေးတွေနဲ့လမ်းလျှောက်နေတဲ့ လူတွေ.ပြီးတော့ ခုံတန်းလေးတွေ.ရာသီဥတု ကတော့ဆောင်းဦးရာသီဆိုတာ သေချာတယ်.သစ်ရွက်လေးတွေက လိ်မ်မော်ရောင်ပြောင်းနေပြီးတော့ လေအေးလေးကဖြည်းဖြည်းလေး တိုက်နေတယ်.
Sunoo ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်တော့ မီးခိုးရောင် လည်ပတ်ဆွယ်တာရယ် အပြာရောင်ဂျင်းဘောင်းဘီရယ်ပြီးတော့ အညိုနုရောင် ကုတ်ကို ဝတ်ထားတယ်.နှုတ်ခမ်းနည်းနည်းစူလိုက်တယ်.
"အခုဘာဆက်လုပ်ရမှာလဲ"
အဲဒီအချိန် ဘေးနားကို ကြောင်ဖြူလေးတစ်ကောင်ရောက်လာတယ်.
"မင်းကြည့်ရတာ အဆင်ပြေသားပဲ"
အင်း.မေးနေစရာတောင်မလိုတော့ဘူး.
"ဟုတ်တယ်.ငါပါ.ဥယျာဥ်တာဝန်ခံပါ"
" သိပါပြီ.တာဝန်ခံလို့အမြဲခေါ်နေလို့ အဆင်မပြေလို့ တခြားနာမည်မရှိဘူးလား "
"မင်းကြိုက်သလို နာမည်ပေးလို့ရတယ်ဆိုရင်ရော "
" Cheonsa ဆိုရင်ရော"
"ငါကြိုက်တယ်!"
Sunoo က အခုဆိုရင် ခုံတန်းပေါ်မှာထိုင်ပြီး Cheonsa ကိုပေါင်ပေါ်မှာတင်ထားပြီး ကောင်းကင်ကိုမော့ကြည့်နေတယ်.
"ငါ ဘာလို့ ဒီလောက်တောင် တည်ငြိမ်နေတာပါလိမ့်.ငါအခုဘာလုပ်ရမလဲ.ပြီးတော့အရေးကြီးတာက ဘယ်မှာနေရမှာလဲ"
ကြောင်ဖြူလေးက အလန့်တကြားနဲ့ အော်လိုက်တယ်.
"Oh. ငါမေ့သွားတာ.ငါ့နောက်ကိုလိုက်ခဲ့နော်"Sunoo ရဲ့ပေါင်ပေါ်ကနေခုန်ဆင်းပြီး ကြောင်လေးက လမ်းလျှောက်လာတယ်.
Sunoo လည်းတိတ်တိတ်လေးလိုက်သွားတယ်.ကော်ဖီဆိုင်အသေးလေးတစ်ခုရှေ့မှာ ကြောင်ဖြူလေးက ရပ်လိုက်တယ်.
"ဝင်လေ"
"အိုကေ.."
Sunoo အထဲကိုဝင်လိုက်တော့ တံခါးဝမှာတပ်ထားတဲ့ခေါင်းလောင်းလေးကအသံမြည်လာတယ် .
"ကြိုဆိုပါတယ် Park Sonyoung"
သူ့ကိုနှုတ်ဆက်တဲ့သူကို Sunoo ကကြည့်လိုက်တယ်. ပခုံးလောက်ရှိတဲ့ဆံပင်နဲ့ သရော်သလိုအပြုံးမျိုးနဲ့ အမျိုးသမီးတစ်ယောက်.Sunoo ကိုယ့်ကိုကိုယ်လက်ညိုးထိုးပြီး သူ့ကိုပြောတာလားဆိုတဲ့ပုံစဲလုပ်လိုက်တဲ့ အမျိုးသမီး ကခေါင်းညိတ်ပြတယ်.
"ကျွန်တော့နာမည်က Kim Sunoo ပါ"
အမျိုးသမီး ပုံစံက နည်းနည်းယောက်ျားဆန်တယ်.ပိုးသားရှပ်ကို အနက်ရောင်ဘောင်းဘီကျပ်ကျပ်ထဲထိုးဝတ်ထားပြီး ဘွတ်ဖိနပ်လည်ရှည်စီးထားတယ်.ဆံပင်တွေကိုစည်းထားပြီးတော့ ရှုပ်ပွနေတဲ့ ကောင်တာပေါ်မှာ လက်ဖက်ရည်ဖျော်နေတယ်.
Sunoo ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ထင်ထားတာထက် အထဲကပိုကျယ်တယ်.စားပွဲခုံသေးသေးလေးတွေ ကုလားထိုင်လေးတွေ ပြီးတော့ မျက်နှာကျက်မှာ မီးဆိုင်းတစ်ခုရှိတယ်.နံရံတွေကို အစိမ်းရောင်နဲ့အပြာရောင်စပ်ထားတဲ့ ကျောက်ပြားတွေနဲ့အလှဆင်ထားတယ်.
" လာလေ..ထိုင်" အမျိုးသမီး ကလှမ်းခေါ်တယ်.Sunoo. ဖြည်းဖြည်းချင်းထိုင်လိုက်တယ်.Dandelion ပွင့်ခြောက်တွေထည်ထြားတဲ့ လက်ဖက်ရည်ကို ငုံ့ကြည့်လိုက်တယ်.
"ဒါ ကိုယ့်ရဲ့ special menu ပဲ.တစ်ခါဖျော်ရင် အရသာတစ်ခါပြောင်းတယ် "
Sunoo သောက်ကြည့်လိုက်တယ်.အရသာကထူးဆန်းပေမယ့် အကျွမ်းဝင်နေသလိုမျိုး.
"Hmm. အရသာ ကောင်းပါတယ် "
"ဒါဆို မင်းက ကံကောင်းတာပေါ့ .ကိုယ့်နာမည်က Ryujin. ဒီကော်ဖီဆိုင်ပိုင်ရှင်.ပြီးတော့ မင်းလိုမျိုးလူတွေနေဖို့ အိမ်ပေးတဲ့သူ"
"ကျွန်တော့လိုမျိုး?"
"လူတွေိကို ကယ်ပေးဖို့ တာဝန်ပေးခံရတဲ့သူတွေပေါ့.မင်းကယ်ပေးရမယ့်သူတွေရဲ့ သတင်းတွေကို သိပြီးသွားပြီ.ပြီးတော့ မင်းဘယ်လိုလုပ်မယ်ဆိုတာရော ပြောပေးနိုင်ပါတယ်.ဘယ်လိုလုပ်ချင်လဲ.bad ending. neutral ending,good ending,best ending"
"Best ending ကတော့ မင်း သူတို့ကို ချစ်သွားရင်ပေါ့"
"အစ်မပြောတော့လည်း Dating Game လိုပါလား"
Ryujin တစ်ချက်ရယ်လိုက်တယ်.ရယ်လိုက်တဲ့ပုံစံက ချစ်ဖို့ကောင်းလို့ Sunoo တောင် ပြုံးမိသွားတယ်.Ryujin ကမတ်တပ်ရပ်လိုက်တယ်.အဲဒီတော့မှ ဘယ်လောက်အရပ်ရှည်တယ်ဆိုတာသိတော့တယ်.
" ကောင်းပြီလေ Lee Soojin. ကံကောင်းပါစေ "
"ကျွန်တော့နာမည် Kim Sunoo ပါဆို"Translator note....အရမ်းသဘောကျတဲ့ fiction လေးမို့လို့ ဘာသာပြန်လိုက်တာပါ.အားရင်အားသလို ရေးပါမယ်.Sunoo ကိုအရမ်းချစ်တာမို့လို့.