III

341 35 0
                                    

Sunoo ကိုယ့်ကိုကိုယ် တောင်ရှက်လာပြီ.messageတစ်စောင်ကို စောင့်ရတာ အဲလောက်ခက်သလား.နောက်ဆုံး လက်လျှော့လိုက်မယ်တွေးလိုက်တဲ့အချိန်မှာ Noti တစ်ခုတက်လာတယ်.
Heeseung. .Hey. စောစောစာမပို့မိလို့ တောင်းပန်ပါတယ်. အချိန်ဘယ်အချိန်ပေးနိုင်မလဲ.ကိုယ်မင်းနဲ့အတူသွားချင်တဲ့နေရာလေးတစ်ခုရှိတယ်.မင်းရောက်သွားရင်သဘောကျမှာ.
Sunoo အသက်ပြင်းပြင်းရှူသွင်းလိုက်တယ်.
Sunoo. .ကောင်းတာပေါ.ဘယ်အချိန်လောက်သွားချင်လဲ.
Heeseung... ဒီနေ့ညဆိုရင်ရော.
Sunoo အဆင်ပြေမယ်လို့ ထင်နိုင်လောက်တဲ့ ဝတ်စုံတစ်ခုကိုထုတ်ဝတ်လိုက်တယ်. Ryujin ဆီကနေပိုက်ဆံတောင်းဖို့ မေ့လို့မဖြစ်ဘူး.ဒါတောင် Ryujin ကနားလည်မှုတွေလွဲနေပြီး စိန်ထုပ်တစ်ထုပ်နဲ့ ဒေါ်လာတွေပေးလိုက်လို့ ပိုက်ဆံကို သေချာလိုက်ရှာလိုက်ရသေးတယ်.
"ကောင်းကောင်းပျော်ခဲ့နော်". Ryujin က စနောက်လိုက်တော့ Sunoo ခေါင်းတောင်ကိုက်သွားတယ်.
Heeseung က သူကို့ ဂီတပစ္စည်း ဆိုင်မှာစောင့်နေတယ်.
"Oh...Heeseung အစောကြီးရောက်နေတာပဲ"
Heeseung ကပြုံးပြတယ်.
"သွားကြရအောင်.ဆိုင်ကနီးနီးလေးရယ်"
ဆိုင်က စားသောက်ဆိုင်အသေးစားလေး.အုတ်နံရံတွေ လက်လုပ်မီးအိမ်တွေရယ် ပြီးတော့ နွေးထွေးတဲ့ အဝါရောင်မီးလုံးတွေနဲ့.
Sunoo ပိုက်ဆံယူခဲ့လို့တော်ပါသေးရဲ့.
သူတို့စားပွဲမှာထိုင်လိုက်တဲ့အချိန်မှာ Sunoo က ဆိုင်မှာရှိတဲ့ စင်မြင့်ရယ် Soundbox တွေရယ် Mic တွေရယ်ကိုတွေ့လိုက်တယ်.
"တစ်ခါတစ်လေ ဒီမှာ Unplugged ရှိတယ်.အရင်တုန်းက တစ်ခေါက်လာဖူးတုန်းကသိလိုက်တာ"
"ဘာလို့တစ်ခါပဲလာတာလဲ.ဒီနေရာကို ခဏခဏလာဖူးလို့ခေါ်လာတယ်ထင်နေတာ"
"အင်းဘယ်လိုပြောရမလဲ.ဒီနေရာက ချစ်သူတွေပဲ လာကြတာများတယ်လေ.လူတိုင်းကအတွဲတွေချည်းပဲဆိုတော့ တစ်ယောက်တည်းလာရတာ နည်းနည်း ရှက်ဖို့ကောင်းလို့လေ"
"အဲလောက်ရှက်တတ်မယ်လို့ ထင်မထားမိဘူး"
"Hmm. ဘာလို့လဲ"
Sunoo စားပွဲခုံပေါ် တံတောင်ကိုတင်ပြီး မေ့စေ့အောက်ကိုလက်ထားလိုက်တယ်.အပြုံးရေးရေးလေးနဲ့ မီးရောင်အောက်မှာ သူ့ကိုယ်သူ လှနေမယ်ဆိုတာ သိနေတယ်လေ.
"ဘာလို့လဲဆိုတော့ ကျွန်တော့ကို စကားစပြောလို့လေ.အဲလိုမှမဟုတ်ရင် ကျွန်တော်တို့ ဒီမှာ ဘယ်ရှိမလဲ"
Heeseung စကားမထစ်အောင်ကြိုးစားပေမယ့်မအောင်မြင်ပါဘူး.
"Uh. Uh. ကိုယ်.ကိုယ် ပြောချင်တာက မင်းက တစ်ခါမြင်ပြီးရင် မှတ်မိနေမယ့် ပုံမျိုးလေ.ဒါကြောင့်စကားစ မပြောလိုက်ရရင် နောင်တရမိမှာစိုးလို့ "
Sunoo ရဲ့စကားလုံး အကြည့်တွေနဲ့ ပုံစံက Heeseung ကိုတော်တော် နေရခက်စေတယ်.ရိုးရိုးသားသား ပြောရရင် သူကိုယ့်သူလည်း အံ့ဩမိတယ်. Sunoo ကိုစကားစပြောမိတာကိုရော Sunoo က သူ့ကို အပြင်ထွက်ဖို့ (Date)ခေါ်တာကိုရော.နေပါဦး.အခုသူတို့က Dateနေတာလား.
အသက်နည်းနည်းရနေတဲ့အမျိုးသမီးတစ်ယောက်က ဂစ်တာလွယ်ပြီး စင်ပေါ်ကိုတက်လာတယ်.ပြီးတော့ သီချင်းတစ်ပုဒ် စ ဆိုလိုက်တယ်.
Sunoo လက်ဖက်ရည်ကိုတစ်ချက်ငုံ့သောက်လိုက်ရင်း Heeseung ကိုခိုးကြည့်လိုက်တယ်.
"ဒီနေရာမှာ သီချင်းမဆိုချင်ဘူးလား"
"Uh. .ဆိုကြည့်ချင်တယ်ထင်တယ်"
Heeseung ကအစကတော့အဆိုတော်ကိုကြည့်နေပေမယ့် အခုတော့ အစားအသောက်တွေကို စိတ်ဝင်စားသလိုလုပ်နေတယ်
စင်မြင့်ပေါ်ကိုကြည့်နေတုန်းက အရမ်းပျော်နေပြီး အခုကျတော့ မျက်နှာနည်းနည်း မကောင်းဘူး.
Sunoo တွေးလိုက်တယ်.အား.ငါတော့ ငါ့ပါးစပ်ကိုပိတ်ထားမှပဲ.
"ဘာလို့ဆိုမကြည့်ရမှာလဲ" ဒီအကြောင်းကိုဆက်မပြောသင့်မှန်းသိပေမယ့် ဘာလို့များဆက်ပြောနေပါလိမ့်.
"ကိုယ်အရင်က လူတွေအများကြီးရှေ့မှာ တစ်ခါမှ မဆိုဖူးဘူး.စိတ်လှုပ်ရှားပြီး ကြောက်လို့" Heeseung ကအနေရခက်တဲ့ပုံစံမျိုးနဲ့ ရယ်လိုက်တယ်.
"ဒါဆို ကျွန်တော့ရှေ့မှာ အရင်ဆိုပြလေ"
"ဘယ်လို"
"ကျွန်တော့ကိုသီချင်းဆိုပြပါ..Romeo လေး"
Heeseung အဆောင်က သူ့အခန်းကိုပြန်ရောက်တော့ သူ တအားကျေနပ်နေတယ်.Sunoo ကသူ့အပေါ်မှာ တစ်ခုခုလွှမ်းမိုးနေသလိုမျိုး.နောက်တစ်ခါ အပြင်ထွက်ရအောင် ခေါ်ဖို့ အရမ်းစိတ်အားထက်သန် နေတဲ့ပုံမျိုးမဖြစ်ချင်ပေမယ့် သူ Sunoo ကို နောက်တစ်ခေါက် ထပ်တွေ့ချင်သေးတယ်.ဒီတစ်ခါကျရင် ဂစ်တာနဲ့သီချင်းဆိုပြရင်ပိုကောင်းမယ်လို့လည်းတွေးလိုက်တယ်.
အခန်းဖော်က အကဲခတ်သလိုကြည့်နေရင်း မေးလိုက်တယ်.
"Date က ဘယ်လိုနေလဲ "
အရမ်းဖြေချင်နဲ့ပုံစံမျိုးမပေါက်အောင် ကြိုးစားနေတဲ့ပုံမျိုးနဲ့ Heeseung.
"အင်း..အရမ်းမိုက်တယ် ဘယ်လောက်ကောင်းလဲဆိုတော့......"



ခိမဲရာ💛Where stories live. Discover now