Jungwon က သူ့အကြံကိုပြောပြသည်.
"Frozen"
Sunoo နားကြားမှားတယ်လို့တောင်ထင်မိသည်.
"ဟုတ်တယ်.ဒီရက်ပိုင်းပူတယ်လေ.အဲဒီတော့ အေးတဲ့ဟာလေးကို assignment အနေနဲ့ သုံးကြတာပေါ့.မကောင်းဘူးလား"Jungwon ကိုယ်တိုင်လည်း မသေချာပါ.
"ကောင်းတာပေါ့"Sunoo သဘောတူရုံပဲလုပ်နိုင်ပါသည်.
ကျောင်းဆင်းလို့အိမ်ပြန်တော့ Jungwon ကSunoo နဲ့တူတူလမ်းလျှောက်ပြန်ခဲ့သည်.သစ်ပင်ရိပ်တွေအောက်ကနေလမ်းလျှောက်နေရတာတောင် Jungwon ပူနေသည်.ရာသီဥတုကြောင့်လား.ဒါမှမဟုတ် Sunoo နဲ့တူတူရှိနေရလို့လား Jungwon မသိ.
ရိုးရိုးသားသားပြောရရင် assignment ကိုခုတုံးလုပ်ပြီး Sunoo နဲ့တွေ့နေတာကို Jungwon စိတ်မလုံပါ.တကယ်တမ်းသူသိချင်တာက(စိတ်ဝင်စားတာမဟုတ်ပါနော်)Sunooက သူ့ကိုဘာကိုကြည့်ပြီးသဘောကျလဲဆိုတာပါပဲ.Jungwon ကိုယ့်ကိုကိုယ် သိပါသည်.သူ့မှာဘာtalent ဘာရုပ်ရည်ရူပကာ အဲလိုမျိုးမရှိပါ.Sunoo က သူ့ဆီမှာ သူမမြင်တဲ့တခြားဘာအချက်တွေကြောင့် သူ့ကိုသဘောကျရတာလဲ.
အဲဒီနောက် Jungwon တွေးမိသည်.Sunoo ကို သဘောကျမိသွားနိုင်တဲ့အချက်တွေကိုလေ.Sunoo ကအမြဲတမ်းပြုံးနေတတ်သည်.တစ်ခုခုဆို drama ဆန်ဆတ်တုန့်ပြန်တတ်သည်.ဖော်ရွေတတ်သည်.ပြီးတော့ ကူညီတတ်သည်.ဟမ်.နေပါဦး. ငါကဘာလို့ list တွေလုပ်နေရတာလဲ လို့ Jungwon တွေးမိသည်.
သူလန့်လွန်းလို့ သူ့နှုတ်ခမ်းကိုသူ လက်ဖဝါးနှင့်ပိတ်ထားမိလိုက်သည်.
မဖြစ်နိုင်တာ.. သူတွေးရင်း Sunoo ကိုကြည့်လိုက်သည်.Sunoo ကတော့ သူတို့နှစ်ယောက်စားဖို့ရေခဲမုန့်မှာနေတာဖြစ်သည်.
မဖြစ်နိုင်တာ...
Sunoo ပိုက်ဆံကိုထုတ်လိုက်တဲ့အချိန်မှာ ပိုက်ဆံအိတ်ထဲကနေ တစ်ခုခုထွက်ကျလာသည်.Jungwon ခေါင်းငုံ့ပြီးကောက်လိုက်သည်.အဲဒါက အစိမ်းရောင် guitar pick ကလေးဖြစ်ပြီးအပေါ်မှာ H ဆိုပြီး စာထွင်းထားသည်."Sunoo..ရော့"
အဲဒီအချိန်မှာ Sunoo မျက်နှာပေါ်မှာ Jungwon တစ်ခါမှမမြင်ဖူးတဲ့ ခံစားချက်တစ်ခုကိုတွေ့လိုက်ရသည်.အဲဒါက ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုနှစ်ခုအရောဖြစ်သည်. သူမနေနိုင်ပဲ မေးလိုက်သည်.
"မင်းက ဂစ်တာတီးတယ်လား"
Sunoo က သူ့ကို vanilla icecream ေပးပြီး သူကတော့ Mint choco စားလိုက်သည်.
"မတီးပါဘူး"
အဖြေက ရိုးရှင်းပေမယ့် Jungwon မကျေနပ်.Sunoo ကပြုံးနေပေမယ့် သူ့မျက်လုံးတွေကခါးသီးနေသည်.လေတစ်ချက်ဝှေ့တိုက်လိုက်တဲ့အချိန် သစ်ရွက်ခြောက်တွေက သူတို့အပေါ်ကြွေကျလာသည်.Jungwon ကSunoo မျက်နှာကိုငေးကြည့်နေသည်.
"မတီးတတ်ဘူးဆို ဒါကဘာလို့ရှိနေရတာလဲ"
Jungwon ကသူများကိစ္စတွေကိုဝင်ပါတတ်တဲ့သူတော့မဟုတ်ပါ.ဒါပေမယ့် သူသိချင်သည်.
"ဒီအတိုင်း အရေးပါတဲ့သူတစ်ယောက်ရဲ့ဟာပါ.ပြီးတော့အတိတ်ကအကြောင်းတွေပါ.
အရင်ချစ်သူဟာ ဆိုဒီလိုပြောမှာမဟုတ်လောက်ဘူးဆိုပြီး Jungwon ကိုယ့်ဘာသာကိုယ် ကောက်ချက်ချလိုက်သည်.
"အော်." Jungwon လျှာရှည်မိသည့်အတွက်တောင်းပန်သင့်သည်ထင်သော်လည်း သူကဒီလိုစကားမျိုးပြောတတ်သူမဟုတ်တဲ့အတွက် လည်ချောင်းတစ်ချက်ရှင်းလိုက်သည်.Sunoo က သူ့ကိုမျက်လုံးဝိုင်းကြီးတွေနဲ့ ကြည့်နေသည်
အဆုံးတော့ Jungwon ကိုယ့်ကိုကိုယ် သာဒေါသထွက်ရသည်. သူဘာလို့ဒေါသထွက်ရတာလဲဆိုတော့ သူ Sunoo ကိုသဘောကျနေတာကို သူဝန်မခံချင်လို့ဖြစ်သည်.ဒါပေမယ့်သူ့ကိုပိုဒေါသထွက်စေသည့်အကြောင်းကတော့ Sunoo ကတစ်ခြားသူတစ်ယောက်ကို သဘောကျတယ်လို့ပြောပြီးသူ့ကိုကြည့်သလိုအကြည့်မျိုးနဲ့ကြည့်နေတယ်လို့ သူတွေးမိသောကြောင့်ဖြစ်သည်.
ငါက သောက်ရူးပဲ..
Jungwon ကိုယ့်ကိုကိုယ် ပိုရူးတယ်လို့တွေးမိတဲ့အချိန်ကတော့ Sunoo ကြိုက်တယ်လို့ထင်တဲ့ လိမော်ဖျော်ရည်ဘူးကို ခဏခဏဝယ်သောက်မိတဲ့အချိန်ပါပဲ.
Sunoo က သူ့လက်မောင်းကိုလာကိုင်တဲ့အချိန်မှာ သူရင်ခုန်မိတာကလည်း အတော်ရူးသွပ်တာပဲဖြစ်သည်.
သူကတော့ လုံးဝကယ်လို့မရလောက်အောင် အရမ်းချစ်မိသွားပြီဖြစ်သည်.