Jaeyun ကသူ့ကိုအိပ်ယာပေါ်မှာအိပ်ခိုင်းသည်.
"ကိုယ့်မှာအိပ်မပျော်တဲ့ရောဂါရှိတယ်လေ.အဲဒီတော့ မင်းပဲ အိပ်ယာပေါ်မှာအိပ်လိုက်ပါ"
Sunoo လက်ခံလိုက်သော်လည်းသူသည် Jaeyun နှင့်တူတူဆက်ထိုင်နေပေးသည်.
သူတို့သည် လသာဆောင်မှာထိုင်နေကြသည်.browniesလေးစားရင်း လက်ဘက်ရည်လေးသောက်ရင်း ကြယ်တွေကိုကြည့်နေကြသည်.
"ဂြိုလ်သားတွေရှိတာ ကိုယုံလား"Sunoo က စောင်ကိုတင်းတင်းဆွဲ ခြုံရင်းမေးလိုက်သည်.ညဘက်ကတော်တော်အေးသည်လေ.
"ဟင်..အမ်.ကိုယ်ကတော့ မရှိဘူးထင်တာပဲ"
"ဘာလို့လဲ.လူတော်တော်များများကတော့ ဂြိုလ်သားတွေကိုယုံကြတယိလေ.သိတယ်မလား universeထဲမှာ ကျွန်တော်တို့ပဲရှိနေတာမှမဟုတ်တာလေ"
Jaeyun ကမယုံသလိုပခုံးတွန့်သည်.
"ကိုယ့်အထင်ကတော့လေ.တကယ်လို့ဂြိုလ်သားတွေသာရှိမယ်ဆိုရင်လေ သူတို့ကသူတို့ရှိကြောင်းကိုယ်တို့ကိုတစ်နည်းနည်းနဲ့သိစေမှာပဲ.ဒါမှမဟုတ် သူတို့က ကိုယ်တို့လူသားတွေကိုသဘောမကျတာလား အဲဒါကြောင့် မသိစေချင်တာလား.."
"အဲဒါပိုဖြစ်နိုင်တယ်နော်.ကျွန်တော်တို့က ကောင်းမှမကောင်းတာ"
"ကိုယ်ကတော့ အပြိုင် universe ကိုယုံတယ်.multiverse အဲလိုမျိုးပေါ့.အပြိုင် universe မှာ သိတယ်မလား ကိုယ်လည်းရှိနေနိုင်တာပဲလေ.အဲဒါကိုခုရက်ပိုင်းလူတွေတော်တော်များများယုံကြတယ်.အိုး..sorry.ကိုယ်စကားတွေလျှောက်ပြောမိနေပြီ"
Sunooခေါင်းယမ်းသည်.
"ရတယ်.ကျွန်တော် ခင်ဗျားစကားပြောတာကိူနားထောင်ချင်ပါတယ်"
Jaeyun မျက်နှာပေါ်မှာ သွေးရိပ်တစ်ချို့ဖြတ်သွားသည်.သူ အနေရမခက်အောင်ကြိုးစားလိုက်သည်.
"ကျေး..ကျေးဇူးပါ "
"ခင်ဗျားက multiverse ကိုအတော်သဘောကျတဲ့ပုံပဲ"
"အင်း.ဟုတ်တယ်. ကိုယ်က စကြာဝဠာဗေဒ ကိုသဘောကျတယ်.ကိုယ်က သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ခါလိမ့်မယ်ထင်ခဲ့တာ.ကိုယ်ကလေ ကမ္ဘာကြီးဘယ်လိုဖြစ်လာသလဲ.ကိုယ်တို့တွေဘာလို့တည်ရှိနေရတာလဲ.ဘယ်လိုဖြသ်လာသလဲ.အဲလိုမျိုးတွေကိုသိချင်တာ.ဒါပေမယ့် သိပ္ပံပညာက ကျတော့ ဘယ်လို ဖြစ်လာတာလဲဆိုတာကိုဖြေနိုင်ပေမယ့် ဘာလို့တည်ရှိနေတာလဲဆိုတာကိုတော့မဖြေနိုင်ဘူးလေ.အဲဒီတော့ ကိုယ်က ဘာသာရေးစာအုပ်တွေဖတ်တယ် ဒါပေမယ့်အဲဒါနဲ့ပက်သက်ပြီးလည်းသူတို့ဖြေထားတာ သာမာန်ပဲ.သိတယ်မလား.သူတို့အတွက် ဘုရားသခင်ကသာအရာရာဖြစ်နေတာလဲ.ပျင်းစရာကောင်းတယ်"
Sunoo ခေါင်းညိတ်လိုက်သည်.
"အပြိုင် universe ကတော့ဖြစ်နိုင်တယ်နော်"
"တကယ်လို့ parallel universe သာတကယ်ရှိခဲ့ရင် အဲဒီuniverseမှာ ကိုယ်က မင်းကိုရှာတွေ့နိုင်ပါစေလို့ ကိုယ်ဆုတောင်းတယ်"
Sunoo ပြုံးလိုက်သည်.အဲဒီအချိန်မှာ ကြယ်တစ်လုံးကြွေသွားသည်.
"အားးး.ကျွန်တော် ဆုမတောင်းလိုက်ရဘူး"Sunoo က မတ်တပ်ရပ်ရင်းပြောလိုက်သည်.
Jaeyun ကရယ်သည်.
"မပူပါနဲ့.parallel universe ကမင်းက ဆုတောင်းလိုက်မှာပါ"