Jongseong အကြိုက်ဆုံးစာအုပ်မှာ Wuthering Heights ဖြစ်သည်.စာအုပ်အကြောင်းကို သူဘယ်လောက်ပဲ မကောင်းပြောပြော.ဇာတ်လမ်းဇာတ်ကွက်ကဘယ်လို ဘာညာနှင့် ဘယ်လောက် toxic ဖြစ်ကြောင်းပြောသော်လည်း သူမကြာခဏဖတ်သောစာအုပ်မှာ Wuthering heights ဖြစ်သည်.အိပ်ယာဘေးနားတွင်ထားသောစာအုပ်ဖြစ်ပြီး မကြာခဏဖတ်သောကြောင့် စာအုပ်အနားတွေ စုတ်နေပြီး စာရွက်တွေက ဝါနေသည်.အဖုံးက စုတ်ပြဲနေသည်.သို့သော် Sunoo ဂရုတစိုက်ယူလိုက်သည်.ဘာပဲပြောပြော ဒီစာအုပ်က Jongseong အပိုင်ဖြစ်သည်.စာအုပ်အခြေအနေဘယ်လောက်ဆိုးနေပါစေ.Jongseong ကိုသတိရစေမယ့်အရာဆိုရင် Sunoo ယူမှာဖြစ်သည်.
Cheonsaက သူ့အခန်းထဲကိုချောင်းကြည့်သည်.သူ Sunoo ကိုရှောင်နေတာကြာပြီဖြစ်သည်.သူ့ကြည့်ရတာ နေရခက်နေသလိုဖြစ်နေသည်.
"Sunoo ya..ဟို.အချိန်ကျပြီ"
ဟုတ်ပါ့..အချိန်ကျပြီဖြစ်သည်..
သို့သော် Sunoo နည်းနည်းလေးမျှမလှုပ်ပါ.သူ့လက်ထဲက စာအုပ်ဆီကနေ Jongseong ရဲ့အငွေ့အသက်တွေကိုရနေဆဲဖြစ်သည်လေ.သူ့နှလုံးသားက နွံထဲတစ်အိအိနစ်နေသလိုခံစားနေရသည်.
ဒါပေမယ့်လည်း ဒါတွေအားလုံးမြန်မြန်ပြီးလေလေ သူ့ကမ္ဘာသို့မြန်မြန်ပြန်နိုင်မှာဖြစ်သည်.သူပြန်ရောက်ရင် အရာအားလုံးကိုမေ့ပစ်ရမည်.အထူးသဖြင့် Jongseong.
"Ryujin နဲ့စကားခဏပြောလိုက်ဦးမယ်." Sunoo မေးချင်သည်.Ryujin မှာအသည်းကွဲတာသက်သာတဲ့ မှော်ဆေးရည် ဘာညာရှိမလားလို့လေ.ရူးမိုက်ရာကျမှန်းသူသိပါသည်.သို့သော် အရင်တစ်ခါက Ryujin ကသူ့ကိုကော်ဇော်ပျံငှားပေးခဲ့ဖူးသည်လေ.
Sunoo အောက်ထပ်ကို ယိုင်တိယိုင်တိုင်ဆင်းလာသည်.အဲဒီအချိန်မှာ အဝင်တံခါးမှာတပ်ထားတဲ့ ခေါင်းလောင်းမြည်သံကြားလိုက်ရသည်.တစ်ယောက်ယောက် ကော်ဖီ ဆိုင်ထဲဝင်လာခြင်းဖြစ်သည်.မိန်းကလေးတွေထဲက တစ်ယောက်ယောက်နေမှာ ဒါမှမဟုတ် Ryujin လည်းဖြစ်နိုင်တာပဲ.Sunoo ကြည့်လိုက်တော့ သူစိမ်းအမျိုးသားတစ်ယောက်ဖြစ်သည်.ကော်ဖီဆိုင်အတွင်းထဲကို စပ်စုလိုသည့်အကြည့်မျိုးနှင့်ကြည့်နေသည်
"ahh..hey"
ထိုသူက Sunoo ကိုမြင်တော့နှုတ်ဆက်သည်.
"ကိုယ်နေရာမှားလာတာထင်တယ်"
Sunoo ထိတ်လန့်သွားသည်.ဒါမျိုးကဖြစ်နိုင်လို့လား.Ryujin ကပြောပြဖူးသည်.သာမာန်လူတွေက ဒီကော်ဖီဆိုင်ကိုမမြင်ရဘူးဆိုပြီးတော့လေ.
"ဟုတ်. ဆိုင်ပိတ်ထားပါတယ်"
လူစိမ်းက သူ့ကိုပြုံးပြသည်.အပြုံးကနှစ်လိုဖွယ်ကောင်းသည်.ခုမှစတွေ့ဖူးသည့်သူကို နှစ်နှစ်ကာကာ ပြုံးပြတာမျိုးဒီတစ်ခါပဲ မြင်ဖူးသည်.
"အဲဒီတော့ ဆိုင်ဖွင့်ရင် ကိုယ်ပြန်လာလို့ရတယ်ပေါ့"
Sunoo ကဆိုင်ထဲကိုဝေ့ကြည့်လိုက်သည်.ကောင်တာပေါ်မှာ ေရနွေးကရားအိုးတသ်လုံး မဂ္ဂဇင်းစာအုပ်အစုံ ပြီးတော့စာအုပ်တွေ တိုလီမိုလီ အကုန်ရှိသည်.အဲဒါ Ryujin ရှိနေကျနေရာဖြစ်သည်.သူအမြဲတမ်းအဲနေရာမှာရှိသည်လေ.ဒီနေ့မှ ဘာလို့မရှိတာလဲ.
"ဒါပေါ့"
လူစိမ်းက တက်တက်ကြွကြွ ရယ်သည်.
"မင်းသိတဲ့အတိုင်းပဲ.ကိုယ်က ခုမှ ပြောင်းလာတာလေ ကိုယ့်သူငယ်ချင်းဆိုင်ကိုလိုက်ရှာနေတာ.ဒါပေမယ့် ဒီနေရာကိုရောက်လာတယ်လေ"
"ေဩာ်"
"ကိုယ့်သူငယ်ချင်းဆိုင်ကို ကူရှာပေးလို့ရမလား.ကိုယ့်ကို ကူညီပါဦး "
Sunoo ခေါင်းတွေချာချာလည်နေပြီဖြစ်သည်.အခုမှတွေ့ဖူးသည့်လူက သူ့ကိုအကူအညီလာတောင်းနေတာဖြစ်သည်.ထူးဆန်းသည်မဟုတ်လား.သူငြင်းချင်ပါသော်လည်း လူစိမ်းပုံစံက ငြင်းမယ်ဆိုရင် လက်ခံမည့်ပုံမဟုတ်.အဲဒီတော့ သူရိုးရှင်းစွာ လိမ်လိုက်သည်.
"ဒါပေါ့"
Ryujin ကိုရှာတွေ့ရင်ပြောရမည်.ဒီလူစိမ်းကော်ဖီဆိုင်ကိုနောက်တစ်ခါလာရှာရင်မတွေအောင်လုပ်ပေးပါလို့လေ.
လူစိမ်းခေါင်းပေါ်မှာ Heart တစ်ခု ပေါ်လာသည်.
ဘာရယ်....
ဒီလူက mission လား..
"မင်းနာမည်ဘယ်လိုခေါ်လဲ"
"Sunoo"
"ကိုယ့်နာမည်က Jaeyun ပါ"