Sunoo ပြန်ခါနီးနှုတ်ဆက်တော့ Jongseong နည်းနည်းနေရခက်သွားသည်.သူက အချိန်နည်းနည်းလောက်ထပ်နေစေချင်မိသလိုမျိုး.အော်.သူထပ်မလာတော့မှာမှမဟုတ်တာ.သူ့ကိုယ့်သူ သူစိမ်းတစ်ယောက်နဲ့တူတူရှိတာကို သက်တောင့်သက်သာ ဖြစ်နေတာကို Jongseong အံ့ဩမိသည်
"အဲဒီတော့ မင်းကဘယ်လိုစာအုပ်မျိုးဖတ်ရတာကြိုက်လဲ."
ရိုးရှင်းသောအမေးစကားဖြစ်သည်.Sunoo က ဒီအတိုင်းမသိဟုဖြေသောကြောင့် ထူးဆန်းစွာနဲ့ သူမေးတဲ့မေးခွန်းကို Jongseong သူ့ဘာသာပြန်ဖြေခဲ့သည်.Sunoo ကသူ့ကို လက်ဘက်ရည်သောက်နေရင်းမော့ကြည့် ပြုံးပြ စကားထောက် အဲဒါတွေသာလုပ်ခဲ့သည်.
မိုးစက်တွေ တဖြည်းဖြည်း နည်းလာပြီး ညမှောင်လာတော့ Sunoo ကပြန်ဖို့လုပ်သည်.
"ခင်ဗျား ပြောတဲ့စာအုပ် ကျွန်တော်ယူသွားမယ်လေ"
"Borrasco Mountains"
Jongseong သက်ပြင်းချရင်း ရယ်ချင်မိသွားသည်.စောနကပဲ သူအဲစာအုပ်ကိုမကြိုက်ဘူးပြောခဲ့တာကို Sunoo ကအဲစာအုပ်ကိုယူသွားမယ်ပြောနေသည်.
ကိစ္စမရှိပါဘူး.သူနောက်နှစ်ပတ်ထပ်စောင့်ရုံပဲလေ.Sunoo ပြန်လာအပ်ရင် သူကြိုက်လားမကြိုက်လား ဘယ်လိုထင်လဲ ဆိုတာကို မေးရမည်ဟု Jongseong တွေးထားလိုက်သည်."ဆန္ဒ"??
"ဟုတ်တယ်.Heeseung ရဲ့ ဆန္ဒကိုတော့ပြောပြတယ်လေ.ဒါပေမယ့် Jungwon ရဲ့ဆန္ဒကို ပြောမပြဘူးလေ.ပြီးတော့ Jongseong ရောပဲ.ဘာလို့လဲ "
Cheonsa က သူ့ဆံပင်တွေကို ကိုင်ကြည့်နေသည်.ဘာလို့ဒီလောက်ရှည်နေရတာလဲဆိုပြီးတွေးနေပုံမျိုးနဲ့.
"မင်းငါ့ကိုစိတ်မဆိုးရဘူးနော်.မင်းနားထောင်ပြီးရင်ကြိုက်မယ်မထင်ဘူး"
Sunoo အနေနဲ့ Cheonsa ဘာလို့ဒီလိုတွေ intro ဝင်နေမှန်းနားမလည်နိုင်တော့ပါဘူး.
"ပြောပါ.မင်းတအားအချိန်ဆွဲတာပဲ"
"ဟို.Jungwon ရဲ့ဆန္ဒကတော့ သူ့ကို တကယ်ချစ်တဲ့သူတစ်ယောက်ရှိချင်တာပါပဲ"
"ဒါပဲလား.မင်း အဲဒါအစကတည်းကပြောပြဖူးတယ်မလား"
"သူ မသေခင်မှာ"
အဲဒီတော့ Jungwon က သေသွားတာပဲပေါ့.ဒါဘယ်လိုကံကြမ္မာမျိုးပါလဲ.
"မင်း အကောင်းဆုံးလုပ်ခဲ့ပါတယ် Sunoo.မင်းက Jungwon အတွက်ရက်နည်းနည်းပိုနေချင်လောက်အောင် စွမ်းဆောင်နိုင်ထဲ့ပါတယ်.ဒါပေမယ့် တစ်ခါတစ်လေကျတော့ တစ်ချို့ နာကျင်မှုတွေက ဖျက်ပစ်လို့မရသလို လူတွေက လွတ်မြောက်ဖို့ကြိုးပမ်းတတ်ကြတယ်လေ"
"ငါ ခဏနားချင်တယ်"
"......"
"Jongseong ရဲ့ ဆန္ဒကရော ဘာလဲ"
"စိတ်ဒဏ်ရာတွေအကြောင်းကိုအခြေခံပြီးရေးထားတဲ့ စာအုပ်ထုတ်နိုင်ဖို့"
"အဲဒါကို မင်းကငါ့ကိုဘာလို့ဖုံးထားတာလဲ.ဘာလဲ သူက စာအုပ်ထုတ်ပြီးသွားရင် ကိုယ့်ကိုကိုယ် သတ်သေမှာလား.မင်းကဒါတွေကိုဖုံးကွယ်ထားတာက ငါ့ကိုဂရုစိုက်လို့ဆိုတဲ့ အချိုးမျိုးမချိုးစမ်းပါနဲ့"
Sunoo ပေါက်ကွဲလာသည်.Cheonsa ကဘာလို့သူလုပ်ရမယ့် mission တွေကို အပြည့်အစုံ သူ့ကိုပြောမပြချင်ရတာလဲ.
"ငါတောင်းပန်ပါတယ်. ဒါပေမယ့် Jongseong က စာဆက်ရေးဖို့ ဖြစ်နိုင်မယ်မထင်ဘူး.အဲဒါကြောင့် ငါက မင်းသူ့အပေါ်မှာ အရမ်းအချိန်ဖြုန်းနေမှာစိုးလို့"
Cheonsa သည်Sunoo စကားလုံးတွေကြောင့်နေရခက်လာသည်.
"ရပြီ.မင်းသွားတော့.ငါနားချင်ပြီ"
တစ်ခုခုတော့မှားနေပြီဖြစ်သည်.Sunoo သည် အရင်ကလောက်သဘောမကောင်းတော့ပါ.