Riki ပေးခဲ့သော Hello kitty ပလာစတာလေးသည် အသစ်စက်စက်ဖြစ်သည်.Sunoo သည် သူဘယ်လောက်ပဲ ထိခိုက်ဒဏ်ရာရပါစေ..ဒါကိုဘယ်တော့မှသုံးမှာမဟုတ်ပါ.အမှတ်တရတွေအားလုံးသည် ဒီပလာစတာလေးတစ်ခုအဖြစ်သာကျန်ခဲ့သည်လေ.Riki နှင့်ပက်သက်သမျှ မှတ်ဉာဏ်တွေအားလုံးဟာ ဒီသေးငယ်တဲ့ ကြာရှည်မခံတဲ့ ပလာစတာလေးတစ်ခုသာ ကျန်ခဲ့သည်.
Riki ကသူ့ကိုဒါလေးပေးတုန်းကအရှက်မရှိပြောခဲ့သေးသည်လေ.
"မင်းကအမြဲငါ့ကို ဆေးထည့်ပေးခဲ့တာ..ရော့ ဒီမှာ မင်းသုံးဖို့"
ပြီးတော့သူက Sunoo ပါးကိုနမ်းပြီးထွက်ပြေးသွားသည်လေ.အဲဒါကသူတို့ရဲ့နောက်ဆုံးအနမ်းဖြစ်ပြီး Sunooကိုသူပေးခဲ့တဲ့ ပထမဆုံးနဲ့နောက်ဆုံးလက်ဆောင်ဖြစ်သည်.
ပလာစတာလေးကိုသူဘယ်နားသိမ်းရမလဲ.သူ ကြည့်လိုက်တော့ Jaeyun ရဲ့ကဗျာစာအုပ်ကိုတွေ့သွားသည်.ဒီတစ်ခါတော့သူမနေနိုင်ပဲ စာအုပ်ကိုဖွင့်ကြည့်လိုက်သည်.ပထမဆုံး စာမျက်နှာမှာတင် သူမျက်ရည် တွေလည်လာသည်.
Angel....
စာလုံးတစ်လုံးထဲနဲ့တင် Sunooလဲပြိုကျသွားသည်.သူတစ်မျက်နှာပြီးတစ်မျက်နှာလှန်ကြည့်ရင်း သူငိုပြီးရင်းငိုနေသည်.သူ့မျက်ရည်တွေစာအုပ်ပေါ်ကျသွားလို့ စာရွက်ပေါ်ကမင်တွေ ရေစိုပြီး သူ့ လက်ကို မင်တွေ စွန်းကုန်သည်.
ကျွန်တော်က မှားခဲ့ တာပါ...
'ရုတ်တရက် ကိုယ်မင်းကို ချစ်ခဲ့တယ်.
အစစ်အမှန်လို့မခံစားခဲ့လို့
တစ်ချိန်ချိန်ရောက်ရင် မင်းကထွက်သွားမှာလား'
မဟုတ်ပါဘူး..Jaeyun..ခင်ဗျားက ထွက်သွားတာပါ.
'မင်းထွက်သွားပြီးလည်း ကိုယ်မင်းကိုတွေ့နေရတုန်းပဲ.
မင်းမျက်နှာပေါ်က နေရောင်ခြည်က ကိုယ့်အတွက်အလင်းလက်ဆုံးပါပဲ
ဘယ်တော့မှ ဖြစ်လာမှာမဟုတ်တဲ့ စိတ်ကူးတစ်ခုလိုပါပဲ
ကိုယ်မင်းရဲ့အသံကို ကြားချင်မိတယ်
ဒီအချစ်ရဲ့ အသံ
ဘယ်သူမှ ဖျက်စီးလို့မရတဲ့ ငါတို့ရဲ့အချစ်'