"မင်း မနက်ဖြန်အားလား"
"မနက်ဖြန်..မနက်ဖြန်က ဘာနေ့လဲ"
"အင်း.ဘာမှတော့ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး"
"အင်း..ဘာလို့လဲ"
"အမ်လူတွေကတော့ပြောကြတယ်လေ.မွေ့နေ့ဆိုတာ ဒီလိုပဲ.နေ့တစ်နေ့ဆိုတာကို"
"မနက်ဖြန် Hoon မွေးနေ့လား!!!!!အဲဒါကိုဘာလို့ဘာမှမကြီးကျယ်သလိုလုပ်နေတာလဲ.မွေးနေ့ဆိုတာ ပျော်ရမှာပေါ့ ကိတ်မုန့်လည်းစားရမယ်.လက်ဆောင်လည်းပေးရမယ်လေ..ကျွန်တော့ကိုဘာလို့ကြိုမပြောတာလဲ.တကယ်လို့ကြိုပြောထားရင် ကျွန်တော်ပြင်ဆင်ထားလို့ရမှာပေါ့.အခုတော့အချိန်ကမရှိတော့ဘူး..အား.စိတ်ညစ်ပါတယ်.လက်ဆောင်လည်းဝယ်ရမယ်.ကိတ်မုန့်...အား.ဒါပဲ.နောက်မှပြောတော့မယ်"
Sunoo က Sunghoon ကိုစကားတွေအများကြီးပြောပြီးထွက်သွားသည်.Sunghoon သည် Sunoo ပြောသွားတဲ့စကားတွေကိုစဥ်းစားရင်းတွေးမိသည်.အရင်ကတည်းကသူ့အတွက်မွေးနေ့ဆိုတာ သာမာန်နေ့တစ်နေ့လိုပင်.ဟိုးအရင်က သူ သူ့ဘာသာတစ်ယောက်တည်းမွေးနေ့ပွဲကျင်းပခဲ့ဖူးသည်.သူ့တိုက်ခန်းကျယ်ကြီးထဲ သူတစ်ယောက်တည်း ကိတ်မုန့်ပေါ်ကဘဖယောင်းတိုင်ကိုမှုတ်လိုက်ပြီးတဲ့အချိန်မှာ သူ့မျက်ရည်တွေကျလာခဲ့သည်.သူ့ကိုဂုဏ်ပြုစကားမွေးနေ့ဆုတောင်းစကားပြောပေးမယ့်သူမရှိ.မိဘတွေကလည်း ဒီလိုနေ့မျိုးကိုမှတ်မိသည့်ပုံစံမျိုးမပြ.ချိုလှသည့်ကိတ်ကို သူ့ပါးစပ်ထဲထည့်လိုက်တဲ့အချိန်မှာ သူအန်ချင်လာသည်.အဲအချိန်ကတည်းက သူ့အတွက်မွေးနေ့ဆိုတာ ဒီအတိုင်း ကျော်သွားသည့်နေ့တစ်ခုဖြစ်သည်.ဒါပေမယ့် ဒီတစ်ခါတော့ သူSunoo နဲ့ အတူရှိချင်မိသည်.သူ့ကိုမွေးနေ့ဆုတောင်းစကားပြောပေးစေချင်သည်.သူနဲ့အတူတူရှိချင်မိသည်.Sunghoon ရယ်ချင်မိသည်. ဘယ်အချိန်ကများသူ ဒီလောက် တွယ်ကပ်ချင်မိသွားတာပါလိမ့်လို့လေ.Sunoo က သူ့ကို ပန်းခြံတစ်ခုထဲကိုချိန်းလိုက်သည်.ညဘက်ကြီးကို နှင်းတွေကျနေသော်လည်း Sunghoon မအေးပါ.အအေးဒဏ်ကိုသူနေသားကျနေပြီဖြစ်သည်. ရင်ခုန်သံကိုထိန်းချုပ်ဖို့ သူအတတ်နိုင်ဆုံး ကြိုးစားနေသည်.Sunoo ကသူ့ကို ဘယ်လို surprise လုပ်မှာလဲ.ဘာလက်ဆောင်ပေးမှာလဲ.Sunoo သဘောအရဆို ဒါမျိုးတွေလုပ်ပေးမှာဖြစ်သည်.သူအရမ်းအံ့ဩသွားသည့် ပူံဘယ်လိုလုပ်ရင်ကောင်းမလဲတွေးမိသည်.ပြီးတော့ သူ Sunoo ကို ဝန်ခံစရာတစ်ခုလည်းရှိသည်.
Sunoo သည် ကော်ဖီဆိုင်မှာ သူကြိုးစားပန်းစားလုပ်ခဲ့သည့် စတော်ဘယ်ရီကိတ်မုန့်လေးကိုယူလာသည်.ပြီးတော့သူ့မှာ Sunghoon အတွက်မွေးနေ့လက်ဆောင်တစ်ခုပါသည်..ကိတ်မုန့်ဖုတ်နေရင်းသူ Jaeyun ကိုသတိရမိသည်. Jaehyun သာဆိုရင် သူ့ထက်အရသာကောင်းအောင်လုပ်နိုင်မှာဖြစ်သည်.
Sunghoonသည် သူ့ကိုခုံတန်းတစ်ခုမှာထိုင်စောင့်နေသည်.Sunoo ကိုမြင်လိုက်သည်နဲ့ သူမတ်တပ်ရပ်လိုက်သည်.Sunooက သူယူလာသည့်ကိတ်မုန့်ကိုပြလိုက်သည်.Sunghoon မျက်တောင်တွေတဖျတ်ဖျတ်ခတ်လိုက်ရင်း စိတ်လှုပ်ရှားမှုကို ကြိုးစားထိန်းလိုက်သည်.သူတစ်ခါမှမွေးနေ့ကိတ်လက်ဆောင်မရဖူးပါ.Sunoo သည် သူ့ဘဝထဲက ပထမဆုံးဆိုသည့် အရာတေယ်တော်များများကို လုပ်ပေးသည်.သူဒီလူကိုသူ့အနားမှာ အမြဲရှိစေချင်သည်.
"ဘာလုပ်နေတာလဲ ..ဆုတောင်းလေ.ပြီးရင် ဖယောင်းတိုင့ကိုမှုတ်လိုက်လေ"
Sunghoon သည် ဆုတောင်းလိုက်ရင်း ဖယောင်းတိုင်ကိုမှုတ်လိုက်သည်.နှင်းတွေကသူ့ခေါင်းနဲ့ကုတ်အကျီပေါ်တွင် ကျနေသည်.သူ Sunoo ကိုကြည့်လိုက်တော့ Sunoo ကသူ့ကိုအတောက်ပဆုံးပြုံးပြနေသည်..သူသတိမထားလိုက်သည့်အချိန်မှာပဲ သူ့ပါးစပ်ထဲကို စတေယ်ဘယ်ရီကိတ်မုန့်အပိုင်းတစ်ခုကရောက်လာသည်.အံ့ဩစရာကောင်းလောက်အောင်ချိုမြိန်နေပြီး သူအန်ချင်စိတ်မပေါက်မိပါ.သူစားလိုက်ရင်း Sunoo ကို ပြန်ပြုံးပြလိုက်သည်.
"ရော့..ဒီမှာမွေးနေ့လက်ဆောင်"Sunoo ကသူ့ကို ဘူးလေးတစ်ခုကမ်းပေးသည်. ဘူးလေးကိုဖံင့်ကြည့်တော့ ဆွဲ ကြိုးတစ်ခုတွေ့သည်.ေလာ့ကတ်သီးလေးက ချစ်စရာဖောင်းဖောင်းလေးဖြစ်သည်.စာ သို့မဟုတ် ဓာတ်ပုံထည့်လို့ရသည့် လော့ကတ်သီးပုံစံဖြစ်သည်.
"အထဲမှာဘာထည့်ထားတာလဲ"
"ကျွန်တော့နာမည်လေ..တစ်ချိန်ကျ ခင်ဗျား မေ့သွားမှာစိုးလို့ "
"ကိုယ်မင်းကိုဘယ်တော့မှမေ့မှာ မဟုတ်ပါဘူး"
"အဲဒါဆိုရင်ပိုကောင်းတာပေါ့"
"Sunoo...."
"အင်း"
" ကိုယ့်ဘေးမှာ တစ်သက်လုံးရှိနေပေးပါလား"
Sunoo လန့်သွားသည်.သူမျှော်လင့်ထားသော ဝန်ခံမှုမဟုတ်ပဲ ဒီလောက်လေးနက်သောစကားမျိုး Sunghoon ပြောလိမ့်မည်ဟုထင်မထားပါ.ရုတ်တရက် သူဘာပြန်ပြောရမှန်းမသိပဲ Sunghoon ကိုငေးကြည့်နေမိသည်.Sunghoon ရဲ့မျက်လုံးတွေကိုမြင်လိုက်ရသည့်အချိန်တွင် သူ လိမ်လိုက်ဖို့ဆုံးဖြတ်လိုက်သည်.
"ဒါပေါ့..ကျွန်တော် အစ်ကို့နားမှာအမြဲရှိနေပေးမှာပေါ့"
Sunghoon က သူ့ကိုလာနမ်းသည့်အချိန်တွင် စတော်ဘယ်ရီအရသာလေးရသည်.အတော်ချိုမြိန်လွန်းလို့ Sunoo စတော်ဘယ်ရီအရသာကိုမုန်းမိတော့မည်ထင်သည်.
🤍🤍🤍🤍🤍🤍🤍🤍🤍🤍
05.09.2024