စိတ်တွေမွန်းကျပ်လွန်းလို့ Sunoo သည် သူ့ခေါင်းကိုသူ ဘေဇင်ထဲရေထည့်ပြီး ခေါင်းနှစ်ထားသည်.
"Hey.Kim Sunoo.အဆင်ပြေရဲ့လား"
Rikiနှင့်သူနဲ့အရင်ကထက်ပိုရင်းနှီးလာပြီဖြစ်သည်.ပြီးတော့ Rikiအကြောင်းတွေကိုလည်း Sunoo အရင်ကထက်ပိုသိလာသည်.Riki က စာကျက်ရတာမကြိုက်သော်လည်း အမြဲတမ်းအမှတ်ကောင်းတွေရတာ.သူ့ကို bully လုပ်တဲ့သူတွေကို သူဘယ်လို အရှုံးမပေးပဲ ပြန်လုပ်တတ်တာ.ပြီးတော့ သူဒဏ်ရာရတာကို Sunoo ဘယ်တော့မှမမြင်စေတာမျိုး.
သူ့ကိုအဆင်ပြေလားမေးတဲ့ အချိန်မှာတောင်Rikiလက်မောင်းမှာ အညိုအမည်းတွေရှိနေသည်ာ
"မင်းရော"
Rikiက ခေါင်းညိတ်သည်.
"ငါကအမြဲတမ်းအဆင်ပြေနေတာပဲ"
ဘယ်လောက်တောင် အဆင်ပြေပြေလိမ်တတ်သလဲ.
"အဲဒီတော့လေ အပြင်ထွက်ပြီး ရေခဲမုန့်စားကြမလား"Sunoo သက်ပြင်းချလိုက်သည်.
"တော်ပါပြီ.ပြီးရင်လည်းငါပဲပေးရမှာမဟုတ်လား.မင်းအမြဲတမ်းပိုက်ဆံမပါဘူးချည်းပဲပြောနေတာ.ဟားဟား.တစ်ခါပဲရမယ်.Riki"
Sunoo လှည့်ထွက်မယ်လုပ်တော့ Rikiက သူ့လက်ကို လှမ်းဆွဲလိုက်သည်.အရှိန်လွန်ပြီး Riki ရင်ခွင်ထဲ Sunoo ရောက်သွားသည် Sunoo ချက်ချင်းပြန်မထွက်နိုင်အောင် Riki က အပေါ်ကနေ သိုင်းဖက်ထားသည်
"ဘာလဲဟ"
"ဒီတစ်ခါ ငါပေးမှာပါ.လိုက်ခဲ့ပါကွာ.နော်"Riki စကားပြောတော့သူ့နှုတ်ခမ်းက Sunoo ခေါင်းကို လာလာထိနေသည်.
"ပြီးရော.လိုက်ခဲ့မယ်.အရူး"
"ငါကအရူးမဟုတ်ဘူး.မင်းသာ"
"ငါ့ဆံပင်တွေ စိုကုန်ပြီ မင်းကြောင့်"
Riki က သူ့ကိုဖက်ထားတာကနေလွှတ်လိုက်သည်.ပုံမှန်အားဖြင့် သူသည် sunoo ကို စနောက်ရတာသဘောကျသည်.Sunoo စိတ်ဆိုးရင် ချစ်စရာကောင်းသည်ဟုပြောတတ်သည်.Sunoo သည် riki ကို ဆူတော့မည့်အချိန်မှာပင် ဘေးနားမှာ ကောင်လေးအဖွဲ့တစ်ခုက သူတို့ကိုကြည့်နေမှန်းသိလိုက်သည်.
"အိုး...ငါတို့ရဲ့သူငယ်ချင်းလေး Nishimura.. သူငယ်ချင်းရနေတာလား"
အဲဒါ Asahi ဖြစ်သည်.မိဘတွေချမ်းသာသောအရှိန်အဝါနှင့်ကျောင်းမှာနာမည်ကြီးပြီး Riki ကို လိုက်နှောင့်ယှက်နေသူဖြစ်သည်.
Riki ငြိမ်သွားသည်ကို Sunoo သတိထားမိသည်.
"မင်းမှာ သူငယ်ချင်းရှိမယ်ထင်မထားဘူး.ပြီးတော့အဲဒါကလည်း Sunoo တဲ့လား..ဟား"
Asahi က စကားဆက်မဆိုနိုင်ခင်မှာပဲSunoo နှာမှုတ်လိုက်သည်.
"စကားပြောဖို့အချိန်မရှိဘူး.အတန်းစတော့မယ်"Sunooက Riki ဘက်ကိုလှည့်ကြည့်ရင်းပြောသည်.
"အာ..အင်း"
Asahi ကရယ်သည်.
"ဘာတွေအလျင်လိုနေတာလဲ.ငါဘာမှမလုပ်ပါဘူး"
Riki နည်းနည်းတွန့်သွားသည်.Sunoo ကိုကြည့်ရင်း သူဘာလုပ်သင့်သလဲတွေးနေသည်. Sunooနဲ့တူတူထွက်သွားသင့်လား ဒါမှမဟုတ် ရင်ဆိုင်ဖြေရှင်းသင့်လားဆိုတာကိုလေ.
"Riki..လာလေ"
"အင်း.သွားမယ်"