အပိုင်း(1)

5.7K 104 2
                                    

မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစီးပွားရေးသမားကြီးရဲ့တစ်ဦးတည်းသောသမီး၊
ငယ်စဥ်ကတည်းကကျော်ကြားခဲ့ပြီးဖခင်ရဲ့
အမွေကိုဆက်ခံမည့်သူပီပီဘက်စုံထူးချွန်သည့်သူတစ်ယောက်

Name-လရောင်(Livia)
Age-22

ချမ်းသာတဲ့မိသားစုကမွေးဖွားလာပြီး
မိသားစုရဲ့အလိုလိုက်ခံရတဲ့အသက်၁၄နှစ်အရွယ်ကောင်မလေးတစ်ယောက်
တစ်နေ့8နှစ်​ကျော်ကွာတဲ့မကြီးတစ်ယောက်ကိုချစ်မိသွားသောအခါ

Name-မြတ်ဧကရီ
Age-15

မြတ်ဧကရီရဲ့အကိုဖြစ်သူကနေစလိုက်တဲ့သူတို့ရဲ့ဇာတ်လမ်းလေးဟာသူတို့နှစ်ဦးကိုတစ်ယောက်နဲ့တစ်ယောက်မေတ္တာသက်၀င်တဲ့အထိဖြစ်လိမ့်မယ်လို့ဘယ်သူကထင်မှာလဲ

မကျယ်လွန်းမကျဥ်းလွန်းလှသောခြံ၏အလယ်တွင်နှစ်ထပ်တိုက်ကလေးကထင်ရှားစွာတည်ရှိနေသည်။ထိုနှစ်ထပ်တိုက်၏ဒုတိယအထပ်မှ အိမ်ရှင်မ၏အသံ။တစ်နည်းအားဖြင့်သူမ၏သမီးအားမနက်ခင်းကျောင်းသွားဖို့ပြင်ဆင်ရန်အတွက်အိပ်ရာနှိုးသံ။

"သမီးရေထတော့ကျောင်းသွားရတော့မယ်လေသမီးရေ သမီးငယ်ရေ"

"5 minဘဲအမေရေ"

"ဟယ် ဒီကလေးပြန်အိပ်သွားပြန်ပြီတကယ်ဘဲ"

"သားခန့်ရေ မင်းညီမကိုသွားနှိုးစမ်းပါအေ
ကျောင်းသွားရမှာကိုပြန်အိပ်နေတယ် နှိုးပြီးရင်အောက်ထပ်ခေါ်ခဲ့နော်"

"ဟုတ်ကဲ့ပါ မာမီရဲ့နှိုးပြီးခေါ်ခဲ့လိုက်မယ်နော်"

ပြောပြောဖြင့်ကျော်ခန့်နိုင်တစ်ယောက်ညီမလေးရှိရာအပေါ်ထပ်သို့အိပ်ရာနှိုးရန်တက်လာတော့သည်။

"ညီမလေးရေထတော့လေ ကျောင်းသွားရမှာကို"

"ဟာ ကိုကြီးကလဲ 5 min ပဲ ခနပဲ ထတော့မှာ "

"5 minမလုပ်နဲ့ ကျောင်းနောက်ကျလိမ့်မယ် ထတော့နော် လိမ္မာပါတယ်ငါ့ညီမလေးက"

"ကိုကြီးကလည်းကွာ"

မိမိမှာအငယ်ဖြစ်သော်လည်းချစ်ရသောအကိုမှအချိုသပ်ကာနှိုးသည်မို့မထဘဲမနေနိုင်ပါ။ထို့ကြောင့်မှုန်ရီဝေနေသောမျက်လုံးတို့ကိုလက်ဖြင့်ပွတ်ကာရေချိုးခန်းသို့တန်းကာ၀င်သွားလိုက်သည်။

You are the sun of my life {Completed}Where stories live. Discover now