အပိုင်း (5)

1.5K 55 4
                                    

"ငယ်လေး ထတော့လေ ကျောင်သွားရတော့မှာကို ထတော့နော်"

လရောင်၏အသံတို့ကြောင့်မျက်စိမှေးမှေးလေး
ပွင့်ကာ အနည်းငယ် လှုပ်ရှားလာသောဧကရီ၏ခန္ဓာကိုယ်။ယခုမှကျောင်းဖွင့်သည်ကို မှတ်မိဟန်တူသည်။

"နိုးပြီလား မျက်နှာသစ်တော့နော် မမအောက်ထပ်မှာစောင့်နေမယ် ဒီနေ့မမလိုက်ပို့ပေးမယ်"

"ဟုတ်ကဲ့မမ"

တစ်နေ့တာကို တစ်ကိုယ်ရည်သန့်ရှင်းရေးဖြင့်အစပြုလိုက်သည်။ ကျောင်းသွားရမည်မို့ ရေနွေးနွေးလေးဖြင့်ချိုးကာ ကျောင်း၏ဆောင်းတွင်းယူနီဖောင်းဖြစ်သော လက်င်္ကျီလက်ရှည် ဘောင်းဘီရှည်နှင့် အ​ေပါ်မှာဆွယ်တာအားထပ်၀တ်တာ အောက်ထပ်သို့ဆင်းလာခဲ့သည်။

"morning"

မနက်ခင်းအားယခင်ရက်များကဲ့သို့ပင်နှုတ်ခွန်းဆက်လိုက်သည်။

ဒေါ်စန္ဒာနှင့်ဦးကျော်မြတ်တို့ကပြန်လည်နှုတ်ဆက်ပြီးနောက်တွင် သူမအလိုရှိရာစကားကိုစတင်ပြောသူကလရောင်ဟူသောအမျိုးသမီးသာ။

"ဟိုလေ အန်တီ ကျော်ခန့်ကဧကရီ့ကိုကျောင်းပို့ရတာ လမ်းကတခြားစီလေ လရောင်က အိမ်သွားမှာဆိုတော့လမ်းကြုံလို့လရောင်လိုက်ပို့ပေးလို့ရမလား"

"ရတာပေါ့ကွယ် ရတာပေါ့ သားခန့်တို့က လမ်းမတူတော့ အန်တီတို့ကတောင်ကျေးဇူးတင်ရဦးမှာ"

"ရပါတယ် အန်တီရဲ့ ဒီမှာနေတုန်း ဧကရီ့ကိုလရောင်ပဲပို့ပေးမယ်လေ"

"ဟုတ်ပါပြီကွယ်"

ဒေါ်စန္ဒာ၏ခွင့်ပြုချက်ဖြင့် ကျောင်းအကြိုအပို့
အား လရောင်တာ၀န်ယူလိုက်သည်။လမ်းလည်းကြုံသည်မို့အနည်းနှင့်အများလိုအပ်သည်တော့ကူညီချင်​သောကြောင့်ဖြစ်သည်။
အချိန်အားဖြင့်၈နာရီပင်ရှိပြီဖြစ်သည်မို့လိုအပ်သည်နှင့် မနေ့ညနေက၀ယ်လာသောဟင်းသီးဟင်းရွက်နဲ့အသားများအားသေချာထုတ်ပိုးကာကားနောက်ခန်းတွင်သေချာကျနစွာထည့်၍ထွက်ခွာလာကြသည်။

                          ☀️☀️☀️

"ငယ် ကျောင်းကညနေဘယ်ချိန်ပြီးတာလဲ"

You are the sun of my life {Completed}Where stories live. Discover now