အပိုင်း (3)

1.6K 57 0
                                    

မနက်ခင်းတို့ရဲ့ရောင်ခြည်ကမျက်စိတည့်တည့်သို့ကျရောက်လို့နေသည်။ခနထပ်၍မှေးချင်သော်လည်းအခန်းအပြင်ဘက်မှဒေါ်သက်ရဲ့နှိုးဆော်မှုအသံတို့ကြောင့်အသိစိတ်တို့ကပ်ကာကုတင်ပေါ်မှခြေချခဲ့သည်။တင်းလွန်းသော်မျက်လုံးတို့အားဖြေးညင်းစွာဖြေလျော့၍ကုတင်ဘေးရှစာပွဲပေါ်မှရေခွက်အားကိုင်ကာတစ်ဂျိုက်တည်းမော့ချလိုက်သည်။ထို့နောက်ရေချိုးခန်းတွင်းသို့၀င်ကာကိုယ်လက်သန့်စင်လိုက်သည်။

အိမ်ပေါ်ထပ်မှထမင်းစားခန်းသို့ဖြေးညင်းစွာဆင်းကာ မနက်တိုင်းစာဖတ်ခန်းအတွင်းစာဖတ်လေ့ရှိသောဒေါ်လေးမြတ်ဆီသို့ခြေဦးတည့်လိုက်သည်။

"ဒေါ်လေး"

အခန်းတံခါးကိုခေါက်ကာအသံပေးလိုက်သည်။

"တူမလေး နိုးလာပြီပဲ ဒေါ်လေးတို့မနက်စာသွားစားကြရအောင်လေ"

"ဟုတ်"

သာမန်ထက်တိတ်ဆိတ်လွန်းနေသောလရောင်။
ပုံမှန်ဆိုလျှင်ကလေးငယ်တစ်ယောက်ကဲ့သို့မပြုမူဘဲအေးဆေးတည်ငြိမ်သောလရောင်။ယခုတော့ပိုပင်ဆိုးနေလှသည်။မျက်နှာတို့ကတင်းမာလှသော်လည်းဒေါ်လေးမြတ်နှင့်ဒေါ်သက်တို့နှင့်ဆိုလျှင်ကလေးတစ်ယောက်ပမာ။သို့သော်ယခုသည်လူကြီးတစ်ယောက်ပမာတိတ်ဆိတ်လွန်းလှနေသည်။

"ငံသွားလို့လားသမီးလေး"

နန်းကြီးသုပ်အလွန်ကြိုက်သူဖြစ်သော်လည်း အနည်းငယ်သာစားသောကြောင့်ဒေါ်သက်မှမေးလိုက်ခြင်းဖြစ်သည်။

"လရောင်ပါးစပ်ပျက်နေလို့ပါဒေါ်သက် ဒေါ်လေးလရောင်အပေါ်တက်တော့မယ်နော်"

"ဟုတ်ပါပြီ ညနေကျဒေါ်လေးခေါ်ရင်ဆင်းလာဦးနော်"

"ဟုတ်"

ဟုတ် ဟုပြောပြီးအပေါ်ထပ်ရှိမိမိအခန်းသို့တက်သွားခဲ့သည်။အခန်းထဲအရောက်တွင်ကုတင်အောက်မှအနည်းငယ်ဟောင်းနေပြီဖြစ်သောသံသေတ္တာလေးကိုထုတ်ကာညကရေးထားသောစာတစ်စောင်အားထိုအထဲသို့ထည့်လိုက်သည်။
ထိုအပြီးသေတ္တာအားသေချာစွာနေရာတကျပြန်ထားလိုက်သည်။

                             ☀️☀️☀️

"သမီးလေး မမလေးမြတ်ကသမီးလေးကိုခေါ်ခိုင်းလိုက်တယ် အောက်မှာရှေ့နေ့ဦးခွန်စိုင်းရောက်နေတယ်တဲ့"

You are the sun of my life {Completed}Where stories live. Discover now