"ကဲ ဂရုစိုက်ပြန်ကြနော် ဟိုရောက်ရင်ဖုန်းဆက်လိုက် ဟုတ်ပြီလား"
"ဟုတ်ကဲ့ဒေါ်လေး အဲ့တာဆိုဧကရီတို့ပြန်ပြီ"
"အေအေ ဂရုစိုက်ကြနော်"
"လရောင်တို့သွားပြီဒေါ်လေး"
တရွေ့ရွေ့ဖြင့် ထွက်ခွာသွားသော ကား၏နောက်ကျောအားငေးလျက် ကျန်ခဲ့လေတော့၏။နွေရာသီဖြစ်သည်မို့ ပူပြင်းလှသောလည်း အုပ်ဆိုင်းနေသောစံအိမ်၏ပတ်ပတ်လည်ရှိသစ်ပင်များကြောင့် အေးချမ်းရပြန်၏။သို့သော် သူမ၏ရင်ဘတ်တို့သည် အစိတ်စိတ်အဖွာဖွာကွဲနေသောဖန်ကွဲစူးရှသကဲ့သို့စို့နစ်နစ်ဖြင့်ငိုကြွေးလို့နေ၏။
ဘ၀တွင် အချစ်ရဆုံးသောလူသားမှာ၂ဦးမျှသာရှိသော်လည်း တစ်ယောက်ပြီးတစ်ယောက်စွန့်ခွာခဲ့လေပြီ။ထိုသူတို့မရှိတော့စဥ်ကတည်းက အသက်ပင်ရှိတော့သောခန္ဓာအားလေးပင်စွာထမ်းလျက် နေလာသည်မှဆယ်စုနှစ်ပင်ကျော်နေပြီ။သေမည့်နေ့အားအသင့်စောင့်နေသောသူအလား နေခဲ့ပါသော်လည်း ယခု ထိုသူ၂ဦး၏အသွေးအသားများအားမြင်တွေ့ရတော့ စိတ်အစဥ်တို့ဟာတစ်ဖန်နှိုးကြားလာပြန်၏။ ဒါဟာ သူမဆက်လက်ရှင်သန်မည့် အကြောင်းပြချက်တစ်ခုဖြစ်ပေလိမ့်မည်။
☀️☀️☀️
"ဟယ်လို....."
"............."
"ဟုတ်...."
"........."
"ဟုတ် ......မမလေးကိုခက်ထားပြောလိုက်ပါ့မယ် "
တစ်ဖက်မှဖုန်းသံတိတ်သွားတော့ ကြိုးဖုန်းအားအသာအယာချကာ အရှေ့၌ရှိသော ရုံးခန်းတံခါးအားခေါက်လျက်၀င်သွားလေသည်။
"မမလေး...ဟို...သူဌေးက ဒီတစ်လောမမလေးရဲ့အန္တရာယ်အတွက်အသွားအလာလျော့စေချငပ်တယ်တဲ့"
"ငါက ကလေးလား"
"ဟုတ်...အဲ့လိုမဟုတ်ပါဘူး မ..."
"သွား...လုပ်စရာရှိတာသွားလုပ်တော့"
ခက်ထား၏စကားအားဖြတ်လျက် ထွက်သွားရန်မောင်းထုတ်ရလေပြီ။ပုံမှန်ဆိုလျှင် မည်မျှပင်ဒေါသထွက်သည့်ကိစ္စများဖြစ်စေကာမူ ဒေါသနှင့်မဖြေရှင်းတတ်။သျု့သော်သိတတ်သောအရွယ်မှစ၍ဖခင်ဖြစ်သူနှင့်ပက်သက်လျှင် စိတ်အစဥ်တို့သည်ပေါက်ကွဲလျက်သားပင်။