အပိုင်း (10)

1.3K 48 3
                                    

နေမင်းကြီးပင်မထွက်သေး။အိမ်တစ်အိမ်၏အပေါ်ထပ်၌အလင်းရောင်များထိန်လင်းကာ တိုးညှင်းလှသောအသံတစ်ချို့ဆူညံလျက်ရှိ၏။အချိန်အားဖြင့်မနက်၅နာရီသာရှိသေး၏။
ချစ်ရသူနှင့်နှစ်ဦးတည်းဖြတ်သန်းရမည်ဖြစ်သောကြောင့်နှောင်းမှာအိပ်မပျော်ခဲ့ပေ။
ထို့ကြောင့် တက်ကျွမ်းတက်ရာတို့ဖြင့် လက်ဆောင်ပစ္စည်းတစ်ခုအားစီစဥ်ရန်သာဆုံးဖြတ်လိုက်၏။ အခန်း၌ရှိသော ချည်ကြိုးငယ်များဖြင့် လက်ပတ်အဖြူရောင်အားပုံဖော်ကျစ်ကာလက်ပတ်၏ထိန်းကြိုးနေရာ၌အနီရောင်ကြိုးအားတပ်ဆင်လိုက်၏။ ထိုလက်ပတ်နှင့်တစ်ထပ်တည်းတူသော နောက်ထပ်လက်ပတ်တစ်ကွင်းကိုလည်းထပ်မံကျစ်ကာဗူးလေးဖြင့်သေချာထုပ်ပိုး၍ ပင်ပန်းမှုနှင့်အတူအိပ်ပျော်သွား၏။

"တောင်....တောင်......တောင်.....တောင်.....တောင်.......တောင်......တောင်.....တောင်....."

အခန်းရှေ့ရှိနာရီကြီးမှ၈ချက်ထိုးသံကြောင့်နှောင်းချစ်နိုးလာ၏။မီးအလင်းရောင်၊နေအလင်းရောင်တို့စုံညီစွာထိန်လင်းနေသည့်အတွက် မျက်လုံးတို့မှာမဖွင့်နိုင်သေး။သို့သော်အားကုန်သုံး၍ဖွင့်လိုက်ကာ ရေချိုးခန်းသို့ပြေးတော့၏။

"ဟဲ့ အငယ်မ ဘာတွေလောနေတာလဲ အတန်းလဲမရှိဘဲနဲ့"

မိခင်ဖြစ်သူမှအော်ပြောသံကိုကြားသော်လည်းမတုံ့ပြန်နိုင်။မိမိအလုပ်ကိုသာအလောတကြီးအာရုံစိုက်လေ၏။ထို့နောက်....ပုံမှန်၀တ်နေကျဖြစ်သော စတိုင်ဘောင်းဘီအဖြူနှင့်တီရှပ်ခဲရောင်အားတွဲဖက်၀တ်ဆင်၍စာကြည့်တိုက်မှငှားလာသောစာအုပ်နှင့်လက်ပတ်ထည့်ထားသည့်ဗူးလေအားဆွဲအိတ်အတွင်းသေချာထည့်ကာအိမ်အောက်ထပ်သို့ဆင်းလာခဲ့၏။

"မေမေ မနက်စာဘာချက်ထားလဲ"

"ညည်းအဖေကမနေ့က နန်းကြီးသုတ်စားချင်ချည်ရဲ့ဆိုလို့ စားပွဲပေါ်မှာသုတ်ထားတယ် သွားထည့်စားချေ"

"နှောင်းသွားစရာလေးရှိလို့ ချိုင့်လေးနဲ့ထည့်သွားမယ်နော်မေမေ"

"ဒီကလေးနဲ့တော့ ပိတ်ရက်လေးတောင်အိမ်မကပ်ဘူး ကဲ ​ပန်းကန်စဥ်မှာ၃ဆင့်ချိုင့်ရှိတယ် အဲ့တာနဲ့ထည့်သွားချေ"

You are the sun of my life {Completed}Where stories live. Discover now