အပိုင်း (6)

1.4K 51 0
                                    

ရွှေအိုရောင်နေလုံးကြီးသည် အထက်ကောင်းကင်၏အလယ်တည့်တည့်မှ အနောက်ဘက်သို့တဖြည်းဖြည်းကိုင်းညွှန့်လို့လာနေပြီဖြစ်သည်။သို့သော် မနက်ခင်းနေထွက်သည့်အချိန်မှစ၍ယခုတိုင် ခြံရှေ့တွင်စောင့်နေကြသေးသောထိုသူနှစ်ဦး၏၀ိရိယကိုတော့လေစားမိသည်။ထို့ကြောင့်စုတ်တစ်ချက်သက်သာဦးသာအောင်အား ခြံတွင်းသို့ခေါ်ခိုင်းလိုက်သည်။

"ဦးသာအောင် သူတို့နှစ်ယောက်ကိုခြံထဲခေါ်ပြီးထမင်းကျွေးထားလိုက် လရောင် ဧကရီ့ကိုသွားကြိုဦးမယ်"

"ကောင်းပါပြီ တူမလေးရေ ဦးလေးခေါ်လိုက်မယ်နော်"

ဦးသာအောင်၏စကားအား ကြားသည်ကိုအသိအမှတ်ပြုဟန်ပြကာ ကားထုတ်၍ဧကရီ့ထံအပြေးကလေးသွားကြိုခဲ့သည်။

သူမ၏ကားကိုမြင်သည်နှင့် ချက်ချင်းထိုင်ရာမှထလာသော သတိုးခန့်နှင့်ခက်ထားယဥ်တို့အား
ကြည့်ကာ အမြန်သာထွက်လာခဲ့လိုက်သည်။

"တူမလေးလရောင်က အထဲမှာစောင့်နေပါတဲ့"

ဦးသာအောင်၏စကားကိုကြားတော့ သတိုးခန့်နှင့်ခက်ထားယဥ်တို့၏မျက်လုံးသည်၀င်းလက်လို့နေသည်။ထို့အပြင်အချင်းချင်းလည်းတီးတိုးပြောဆိုနေကြသေးသည်။

"ငါပြောသားပဲ မမလေးကစိတ်ထားကောင်းပါတယ်ဆို"

"ဟုတ်ပါ့နော် ဟိုသားအမိနဲ့ကွာပါ့"

တစ်ယောက်နဲ့တစ်ယောက်စကားအပြန်အလှန်ပြောပြီးနောက် ထမင်းစားခန်း၌ဒေါ်နွယ်ထည့်ပေးသော ထမင်းတို့အားမြိန်ရည်ယှက်ရည်စားသောက်နေကြသည်။

မနက်စာစားခဲ့သော်လည်း ယခုလိုနေရမည်ကိုမသိသဖြင့်ကားတစ်စီးကလွဲ၍ဘာမှမပါခဲ့သည်မို့ နေ့လည်စာကိုတော့လွန်ခဲ့သည်။ထို့ကြောင့်ဟန်ဆောင်ခြင်းမပြုတော့ ဆန္ဒပြနေသော၀မ်းဗိုက်၏ဆန္ဒအားအလျင်အမြန်သာဖြည့်တင်းပေးလိုက်သည်။

"စားပြီးရင် အိမ်ရှေ့မှာစောင့်နေကြနော် လရောင်က ခနနေဆိုပြန်ရောက်လောက်တယ် ကျောင်းကသိပ်မဝေးဘူးလေ"

ဒေါ်လေးနွယ်ကပြောတော့ အိမ်ရှေ့၌ထိုင်ကာစောင့်နေလိုက်သည်။ ၁၅မိနစ်ခန့်အကြာတွင်ခြံတွင်းသို့BMWအနက်ရောင်ကားတစ်စီးသည်ခြံ၀င်းအတွင်းသို့စိုက်စိုက်မြိုက်မြိုက်၀င်ရောက်လာခဲ့သည်။

You are the sun of my life {Completed}Where stories live. Discover now