အပိုင်း (17)

1K 38 3
                                    

အာရုဏ်တက်သည်နှင့်လိုအပ်သည်များပြင်ဆင်ကာမန္တလေးသို့ဆင်းလာခဲ့၏။

"ခက်ထား အခြေအနေကဘယ်လိုလဲ"

"ဘာမှတော့မထူးခြားသေးဘူး မမလေး အရေးပေါ်ခန်းထဲမှာရှိတုန်းပဲ ဒီအတိုင်းဆိုရင် ဆေးရုံပြောင်းဖို့ခက်မယ်ထင်တယ်"

"ဘယ်တတ်နိုင်မလဲ စောင့်ကြည့်ရမှာပေါ့ ဒီဆေးရုံမှာတော့ သိပ်မလုံခြုံဘူး ဒေါ်သက်ထားကဘယ်အချိန်ဘယ်နေရာကနေအန္တရာယ်ပြုမလဲဆိုတာပြောမရဘူး
သတိုးခန့်....လုံခြုံရေးကိုအရင်ကထက်ပိုတိုးပေး ဒီပုံစံအတိုင်းဆိုရင် သူတို့ဘက်ကလှုပ်ရှားဖို့ပိုလွယ်သွားလိမ့်မယ် လောလောဆယ်လုံခြုံရေးကိုပဲပ်ိုတိုးထားပြီး အခြေအနေနည်းနည်းကောင်းရင် လုံခြုံစိတ်ချရတဲ့ဆေးရုံကိုပြောင်းဖို့စီစဥ်ရမယ်"

"ကျွန်တော်အဖေ့ကိုအခုချက်ချင်းအကြောင်းကြားလိုက်ပါ့မယ်"

အလုပ်ကိစ္စများနှင့် ဆေးရုံကိစ္စများကြောင့်အလုပ်ရှုပ်နေသောလရာင်ကြောင့် ဒေါ်လေးမြတ်နှင့် ဧကရီတို့မိသားစုမှ လူနာစောင့်အဖြစ် စောင့်ရှောက်ပေးလျက်ရှိသည်။

"ဒေါ်လေး....နေလည်းသိပ်ကောင်းတာမဟုတ်ဘဲနဲ့
ဆေးရုံထိညအိပ်စောင့်ရတာ ပင်ပန်းမှာပေါ့"

"ဟုတ်တာပဲ အမမြတ်ရယ် ကိုသက်နိုင်ကို ကျွန်မတို့စောင့်ရှောက်ထားလိုက်ပါ့မယ် အမကကျန်းမာရေးပဲဂရုစိုက်"

"ရပါတယ်ကွယ် ဒီလောက်က တို့လုပ်နိုင်ပါသေးတယ်"

"ဒါနဲ့...လရောင်...ဒီတစ်ညတော့ အန်တီတို့မေမြို့ပြန်ရလိမ့်မယ်ထင်တယ် ဧကရီလေးကမနက်ဖြန်ငေကာင်းဖွင့်တာဆိုတော့လေ"

"ဟုတ်သားပဲ..ဒါဆို လရောင်ကားစီစဥ်ပေးလိုက်မယ်နော် ငယ်လေး...စာကြိုးစားရမယ်နော်"

"စိတ်မပူပါနဲ့မမရဲ့ မမသာဂရုစိုက် အလုပ်တွေလည်းအများကြီးပဲဆိုပေမယ့် ကျန်းမာရေးကပိုအရေးကြီးတယ်"

"ဟုတ်ပါပြီ စိတ်မပူနဲ့နော်"

စိတ်မပူရင်ဖျောင်းဖျပါသော်လည်းဧကရီ့မျက်၀န်းတို့သည် စိုးရိမ်သောအရိပ်အယောင်များနှင့်ပြည့်နှက်လို့နေ၏။

You are the sun of my life {Completed}Where stories live. Discover now