အပိုင်း (8)

1.3K 47 3
                                    

မနက်မိုးလင်းသည်နှင့် ယခင်ရက်များနှင့်မတူ မျက်နှာပင်မသစ်ရသေး မိမိ၏ဖုန်းအားဖွင့်ကာ
Google ၌တစ်စုံတစ်ခုအားသဲကြီးမဲကြီးရှာနေသည်။

~ရည်းစားစကားပြောနည်း🔍

~အသက်အလွန်ကွာသောသူအားရည်းစားစကားပြောနည်း🔍

~အမျိုးသမီးငယ်တို့အကြိုက်🔍

'googleကလည်းသုံးစားလို့ကိုမရဘူး'

မနက်စောစောစီးစီး၌တစ်ယောက်တည်းဖုန်းကြည့်ကာစိတ်ထဲတွင်လည်းgoogleမေတ္တာပို့နေသောလရောင်။

"morning မမ"

အနောက်ဘက်မှမျက်လုံးတို့အားလက်ဖြင့်ပွတ်ကာ နိုးလာတော့ ဖုန်းကိုချက်ချင်းပိတ်ကာ
ဧကရီ့ဘက်သို့လှည့်၍......။

"နိုးပြီလားငယ်လေး"

"ဟုတ် ဧကရီမျက်နှာသွားသစ်လိုက်ဦးမယ်နော်"

"အင် ပြီးရင်ပြောလိုက်နော် မမ သစ်မလို့"

"ဟုတ်ကဲ့"

ဧကရီထွက်သွားတော့မှောက်လျက်ထားထားသောဖုန်းအားပြန်လည်၍ဖွင့်ကာတစ်စုံတစ်ယောက်နှင့်စကားပြောလို့နေသည်။

၁၀မိနစ်မျှအကြာ၌အနောက်မှ အသံတစ်ခုကြောင့်လိပ်ပြာတို့လွင့်မည့်အလားလန့်ရပြန်သည်။

"အမလေး....."

"ဘာဖြစ်တာလဲမမရဲ့"

"ရုတ်တရက်ဆိုတော့လန့်သွားလို့ပါ ငယ်ပြီးပြီဆိုမမသစ်တော့မယ်နော်"

"ဟုတ်ကဲ့ ဧကရီပြင်ပြီးရင်အောက်ကစောင့်နေမယ်"

"omm"

                           ☀️☀️☀️  

"သွားကြတော့မလို့လား မနက်စာစားသွားဦးလေသမီးငယ်"

လှေကားမှဆင်းလာသောဧကရီ့အားမြင်တော့ ဒေါ်စန္ဒာနွယ်မှလှမ်း၍ခေါ်လေသည်။

"Morning Dad and Mom ပြီးတော့ ဧကရီက စားသွားမှာပါမေမေရဲ့"

"ဟုတ်ပါပြီ လရောင်လေးရော မဆင်းလာသေးဘူးလား"

"ဧကရီကအရင်ပြင်ဆင်လိုက်တော့မမကအခုမှအ၀တ်လဲတုန်း ဟီးဟီး"

သွားလေးဖြီးကာပြောတော့ သူမ၏ခေါင်းအားဒေါ်စန္ဒာနွယ်မှပွတ်ကာ မနက်စာဖြစ်သည့် ပဲပြုတ်ထမင်းကြော်အားခူးပေးလို့နေသည်။

You are the sun of my life {Completed}Where stories live. Discover now