အပိုင်း (14)

1.1K 53 8
                                    

သူငယ်ချင်းဖြစ်သူ ကောင်းဉာဏ်၏ဖိတ်ခေါ်မှုဖြင့် သဇင်နှင့်သွားခဲ့သောDream house hotel၏အနီးရှိစားသောက်ဆိုင်သို့ ချစ်သူဖြစ်သည့်ကိုရှိုင်းနှင့်အတူထွက်လာခဲ့၏။

"ကဲ လာ ထိုင်ကြ ငါတို့တော့မှာပြီးပြီ ဒီနေ့ငါရှင်းမှာမို့ကြိုက်တာသာမှာ"

"မင်း ရှင်းမှာဆိုတော့အားမနာတော့ဘူး"

"မင်းမပါဘူး"

"ဟ ဒီကောင်တော့"

ရှိုင်းထက်အောင်နှင့်ကောင်းဉာဏ်တို့သည် ထိုကဲသို့အတိုင်းပင်။သူမတို့၃ဦးသည် ငယ်စဥ်ကတည်းကပင်ခင်မင်ရင်းနှီးခဲ့ကြသည့်အတွက် ​ဒီလောက်တော့ရှိပေဦးမည်။

"ကောင်းဉာဏ် ဒါက နင်ပြောတဲ့..."

ဂျူးမြတ်၏အမေးကြောင့်ရှိုင်းထက်အောင်၏အကြည့်သည်လည်း ကောင်းဉာဏ်၏ဘေးတွင်ထိုင်နေသော ကောင်မလေးထံသို့ရောက်သွား၏။

"ဟုတ်တယ် ဒါကငါ့ချစ်သူ နွေးသံသာ တဲ့ ငါ့ထက် ၃နှစ်ငယ်တယ် နွေး ဒါက ကို့သူငယ်ချင်းတွေ သူကဂျူးမြတ်ခင် ဒါကတော့ ရှိုင်းထက်အောင်"

"တွေ့ရတာ၀မ်းသာပါတယ် ညီမလေးကချောသားပဲ ဒီကောင်ကြီးနဲ့တောင်မတန်ဘူး"

"မင်းနဲ့မနက်ဖြန်မှတွေ့မယ်"

သူတို့၂ဦး၏စကားများအကြား နွေးသည် နှုတ်ခမ်းသားများကွေးလျက် ပြုံးလို့နေ၏။သို့သောမပြုံးနိုင်သူက ဂျူးမြတ်ပင်။နွေး၏အပြုံးများအားမြင်ချိန်တွင် မှတ်ဉာဏ်အချို့သည် ထိုည၏ခေါင်းမိုးထပ်မှ သဇင့်၏အပြုံးတို့အားပြန်လည်ပြသလို့​နေ၏။

"ဂျူး...ဂျူး..."

"ဟမ်...ရှင်..."

"ဘာတွေတွေးနေတာလဲ ကိုခေါ်တာတောင်မကြားဘူး"

"ဂျူးနေသိပ်မကောင်းလို့ပါ အခုတလောလူနာတွေကတအားများလို့"

"အိမ်ရောက်ရင်ဆေးသောက်ပြီးအိပ်လိုက်နော် ကောင်းဉာဏ် မင်းကလည်း ဂျူးကိုသိပ်မခိုင်းပါနဲ"

"ဒါဆို မနက်ဖြန် တစ်ရက်တော့နားလိုက် ငါဖေဖေ့ဆီကခွင့်တောင်းလိုက်မယ် နင်လည်းသူများတွေကိုသာကုနေတာ ကိုယ့်ကျန်းမာရေးကျတော့ဘယ်တော့မှဂရုမစိုက်ဘူး"

You are the sun of my life {Completed}Where stories live. Discover now