Extra

2K 46 7
                                    

ဂီတသံစဥ်သဲ့သဲ့ကလေးနှင့် တေးဆိုသံချိုချိုကလေးသည် အခန်းငယ်လေးအတွင့် လွင့်မြောပျံ့နှံ့လို့နေသည်။

မှောင်လွန်းသည်မဟုတ်သော်လည်း အရာ၀တ္ထုများအား ခပ်မှေးမှေးမြင်ရသည်။
ထိုအခန်းငယ်ရှိ PCမှထွက်ပေါ်လာသော တေးဂီတသံနှင့် လွမ်းဆွတ်ဖွယ် အသံငယ်လေးအား အကြိမ်မည်မျှ နားထောင်မိနေသည်ကိုသူမ မရေတွက်နိုင်တော့ပေ။
Oliviaဟူသော Youtube Channelမှ videoတစ်ပုဒ်တိုင်းစီ၏ရက်စွဲတို့ကိုပင်မှတ်မိရလောက်အောင် ထိုChannelအား စောင့်ကြည့်ခဲ့သည်မှာ နှစ်အနည်းငယ်ကြာပြီဟုဆိုနိုင်ပါသည်။

cover songများသာဖြစ်သော်လည်း သူမ၏အသံချိုချိုကလေးသည် သူမ၏Fanများအား ရင်ထဲစွဲကျန်စေလောက်သည်အထိ ဆွဲဆောင်မှူအပြည့်ရှိလှသည်။

"ခေါင်းလောင်းလေးတွေ မြည်နေပြီ

ငှက်ကလေးတွေလည်း တေးဆိုသည်

နာရီစင်က သုံးချက်တီးသံမြည်....

နှင်းတွေလည်း..ကျနေသည်

ဒီဆောင်းမြောက်လေ မြူးသည်...

အခုတော့သိပြီ သူ့ကိုကိုယ်ချစ်သည်"

အဆိုတော်ထူးအိမ်သင်၏ "ခေါင်းလောင်းလေးတွေမြည်နေပြီ"ဟူသောသီချင်းအား cover အဖြစ်သီဆိုထားသည့် သူမ၏အသံငယ်ကလေးသည် ချိုမြလွန်းလှသည့်အပြင် နားဆင်သူတိုင်းအား ရင်ထဲအေးမြသွားစေသည်။

သို့သော်လည်း ထိုသီချင်းအားဖွင့်လျက် အခန်း၏ထောင့်ငယ်ရှိစာကြည့်စားပွဲတွင် ထိုင်ကာဖြင့် တစ်စုံတစ်ယောက်အားလွမ်းဆွေးနေသည့် ထိုသူ၏မျက်၀န်းမှ မျက်ရည်ကြည်များက တသွင်သွင်စီးကျလို့နေသည်။

"ဒေါက်တာ...ဒေါက်တာ..."

အခန်းပြင်မှ တံခါးခေါက်သံကြောင့် ကျဆင်းနေသောမျက်ရည်ကြည်များအား လက်ဖမိုးဖြင့်သုတ်ကာ...။

"၀င်ခဲ့ပါ..."

"အပြင်မှာ ဒေါက်တာရှိုင်းထက်ရောက်နေလို့ပါ..."

"ဒီနေ့ ငါဘယ်သူ့ကိုမှမတွေ့ချင်ဘူလို့ပြောထားတယ်လေ နွယ်ရယ်"

"ဒါပေမယ့်...သူက ဒေါက်တာမဆင်းလာမချင်းမပြန်ဘူးပဲလုပ်နေလို့...အဲ့တာ...."

You are the sun of my life {Completed}Where stories live. Discover now