Part-1

4.1K 290 37
                                    

(Unicode)

လူတိုင်းမှာအချစ်ဇာတ်လမ်းတစ်ပုဒ်စီရှိတတ်ကြတယ်။တစ်ချို့အချစ်ဇာတ်လမ်းတွေကတော့ ပျော်ရွှင်စရာတွေနဲ့ချည်းသာအဆုံးသတ်ကြပေမဲ့ တစ်ချို့ကတော့ မျက်ရည်တွေနဲ့ဆုံးခန်းတိုင်သွားကြတတ်တယ်။

စိတ်ကူးယဥ်ကြည့်တိုင်းပုံဖော်မိတာကတော့ ကျနော့်ရဲ့ အချစ်ဇာတ်လမ်းကိုပါပဲ။ခမ်းနားပြီး တင့်တယ်မလား။ဒါမှမဟုတ် မျက်ရည်တွေနဲ့ပဲလား။

ခက်ခဲတယ်ဟုတ်။တွေးကြည့်တာကလွယ်ပေမဲ့လက်တွေ့မှာပြောင်းလဲတာတွေရှိတတ်ကြတယ်မဟုတ်လား။

စိတ်ကူးနဲ့လက်တွေ့ကအမြဲထပ်တူမကြတတ်တော့ သိပ်မမျှော်မှန်းရဲပြန်။

သို့ပေမဲ့ချစ်မိနေတဲ့ သူတော့ရှိနေသည်။

သူကခန့်ညားတယ်။
တည်ကြည်တယ်။
အမြဲတမ်းကြည့်ကောင်းနေတာ။
သူ့သွင်ပြင်က လုံးဝကိုအပြစ်ကင်းတယ်။

သို့ပေမဲ့ ကြောက်ဖို့တော့ကောင်းသည်။သူဒေါသထွက်လာရင် လူတွေတောင်သတ်ပစ်တတ်တယ်လို့ တစ်ခြားသူတွေပြောတဲ့ ကောလဟလတွေလည်းရှိသည်။

သူက Alpha တွေထဲမှာဆို နာမည်သိပ်ကြီးတာ။True Blood Alpha မို့လို့လေ။

Jeon Jungkook တဲ့။နာမည်ကအစဆွဲဆောင်မှုရှိနေတယ်မဟုတ်မလား။
တွေးမိတိုင်းရင်ခုန်ရတယ်လေ။နည်းနည်းတော့ကြောက်မိပေမဲ့ပေါ့။

Taehyung ပြုံးနေလေသည်။
သူ Jungkook အကြောင်းအမြဲတွေးနေတတ်သည်။ငယ်စဥ်ကတည်းက အတူတူကြီးပြင်းလာကြသူတွေမို့ ရင်ခုန်မိတာကလည်းမဆန်းပြန်။

ဆံနွယ်နီတွေရှိတဲ့တတ် Alpha Kook...
ပါးချိုင့်ရေးရေးလေးနဲ့ Kook
ပါးပေါ်မှာအမာရွတ်ပိစိလေးကရှိနေသည်။ကျနော့်ကြောင့်ရထားတာလေ။ငယ်ငယ်တုန်းက အရုပ်လုရင်း ရန်ဖြစ်ကြတာတဲ့။မိဘတွေက အဲ့အကြောင်းပြောလို့မဆုံးဖြစ်နေတုန်းပါပဲ။

Jungkookက ငယ်ငယ်တုန်းက ကျနော့်ကိုကြောက်တယ်တဲ့။
မိဘတွေကလည်း ကျနော့်ကို Alpha ဖြစ်မယ်ထင်ထားတာ။သူ့ကိုတော့ Omega ဖြစ်မယ်တဲ့။

အခုတော့ကြည့်ပါအုံး။တစ်လွဲဲကြီးဖြစ်နေပြီမလား။

ကျနော့်ရဲ့ Kook လေး။အရမ်းကိုချစ်ဖို့ကောင်းတာ။

Tae&Kook (Short Story)CompletedWhere stories live. Discover now