Unicode
"Zhan ge.....zhan ge....ဟာကွာ!"
yibo သူ့အနားက ကျောက်ခဲတစ်တုန်းကို စိတ်ညစ်ညစ်နဲ့ ကန်ထုန်လိုက်လေသည်။အကြောင်းကား သူ့ဒေါက်တာလေးက သူ့ကိုမြင်ရဲ့သားနဲ့ မမြင်ချင်ယောင်ဆောင်နေပြီး သူခေါ်တော့လည်း လှည့်မကြည့်ဘဲ ဆေးရုံထဲသာ အပြေးတပိုင်းဝင်သွားလေသောကြောင့်ပင်။
တစ်ဖက်တွင်လည်း။
"ဟူးတော်သေးတာပေါ့.....ဒီကလေးနဲ့ ငါဘယ်လိုလုပ်ရပါ့မလဲ..."
Xiao Zhanမှာ နားနေဆောင်ထဲအထိ အပြေးတပိုင်းလာခဲ့ရရျ် အမောဖြေနေရသည်။ဒီကလေးကို ပြန်စကားပြောချင်ပေမဲ့ အလိုလိုက်ပြီးစကားပြောနေရင် မျှော်လင့်ချက်ပေးသလိုဖြစ်သွားမှာကိုလည်းဆိုးသည်။ခုလိုရှောင်ထွက်ခဲ့ရတော့လည်း ထိုကလေးစိတ်မကောင်းဖြစ်နေမှာမှန်းသိပေမဲ့ သူလည်းမတက်နိုင်တော့။
"အမလေး ဒေါက်တာရှောင်း ဘယ်လိုဖြစ်တာလဲ အမောတကောနဲ့"
နံရံကိုမှီကာ ကြမ်းပြင်ပေါ်တွင်ပဲ ခြေပစ်လက်ပစ်ထိုင်နေတဲ့သူ့ကို နားနေဆောင်ထဲဝင်လာတဲ့ ရှောင်မိန်က တွေ့သွားကာ မေးလာတော့သည်။
"ဘာမှမဖြစ်ပါဘူးအလုပ်သင်ကျန်း...ပင်ပန်းနေလို့ပါ..."
"အာ ဒေါက်တာနေမကောင်းဘူးလားဟင် ဒါဆို နားလိုက်ပါလား ကျွန်မခွင့်တင်ပေးမယ်လေ"
"ကျွန်တော်တကယ်ဘာမှမဖြစ်ပါဘူး ဒီတိုင်း...."
"ကဲ မရဘူးထထ ပြန်တော့ ဒေါက်တာ့ကိုကြည့်ရတာ ဖြူဖပ်ဖြူရော်နဲ့"
ပြောရင်း xiao zhanကို အတင်းဆွဲထူတော့သည်။ပြီးတော့ ခွင့်တင်ပေးထားမယ် ဆိုပြီးအထပ်ထပ်ပြောကာ xiao zhanကို အတင်းပြန်လွှတ်နေတာနဲ့ သူလည်းအသာတကြည်လက်ခံလိုက်ရတော့သည်။ဒါတောင် စိတ်မချလို့ပြန်လိုက်ပို့ပေးမယ်လုပ်နေသေးတာ။သူတကယ်ဘာမှမဖြစ်ကြောင်းပြောတော့မှာ လူကို စုံချည်ဆန်ချည်ကြည့်ပြီးတော့ လက်ခံလိုက်ခြင်းပေ။
"Zhan ge"
ခေါ်သံကြောင့် ခြေလှမ်းတို့က တန့်သွားရပြန်သည်။
*ဒီကောင်လေး ဆေးရုံရှေ့မှာထိုင်နေတာလား!*
အတွေးတို့နဲ့အတူ နောက်ကိုလှည့်ကြည့်လိုက်တော့ သကောင့်သားလေးက သူ့နားကို မျက်နှာငယ်လေးနှင့် ရောက်လာသည်။
YOU ARE READING
Dear Naughty Boy......//COMPLETE//