Unicode
"ဟုတ်ကဲ့ပါ မား...."
"စိတ်ချပါ မားတို့စိတ်ပူစရာဘာမှမလုပ်ပါဘူး..."
"ဟုတ် ဒါဆိုဖုန်းချတော့မယ်နော် ဆေးရုံသွားချိန်နီးနေပြီ"
Xiao Zhanဘက်က ဖုန်းပြောပြီးတော့ ဘယ်ချိန်ကတည်းကရောက်နေမှန်းမသိတဲ့ Yiboက အနောက်ကနေလာဖက်ကာ ပါးကိုနမ်းလာသည်။
"ယောက္ခမကြီးလား"
"အမယ် ခေါ်ရဲတယ်ပေါ့"
"မခေါ်ရဲစရာအကြောင်းမရှိပါဘူး.....ဟဲ နောက်လည်း ခေါ်ရမဲ့ဟာ..."
Xiao Zhanက တစ်ဖက်လှည့်လိုက်ရင်း Yiboနဲ့ မျက်နှာချင်းဆိုင်လိုက်သည်။
"တော်တော်လေးအတင့်ရဲနေတယ်ပေါ့...ဘယ်သူ့အားကိုးနဲ့လဲ"
"ရှောင်း အားကိုးနဲ့ပေါ့......နောက်ဆို ယောက္ခမကြီးကို အပြင်မှာတွေ့ရင် ပြေးဖက်အုံးမှာ"
ပိုတိုးကာ ဖက်ပြလာတာမို့ Xiao Zhan ခေါင်းမော့ကာရယ်လိုက်သည်။ပြီးတာနဲ့ နှုတ်ခမ်းကို တစ်ချက်နမ်းလိုက်ပြီးနောက် လူချင်းခွာလိုက်သည်။Yiboကတော့ လိုတာရသွားလို့ ပြုံးတုံ့တုံ့လုပ်ကာ နောက်ပြန်ခွာသွားသည်။
"ဆေးရုံကို လိုက်ခဲ့အုံးမှာလား"
"အင်း zhan geကို အရင်လိုက်ပို့မယ် ပြီးရင် အိမ်ပြန်ပြီး အဝတ်လဲရအုံးမယ် အော် နေ့လည်ကျရင် လာခဲ့မယ်"
"ဟုတ်ပါပြီ"
Yiboလည်း Xiao Zhanကို ဆေးရုံထိလိုက်ပို့လိုက်ပြီးနောက် အိမ်ကိုပြန်ကာ လိုအပ်တာတွေပြင်ဆင်ပြီး companyသို့ သွားရသည်။
.
.
"ဟဲ့ သိပြီးကြပြီလား ဒီနေ့ CEO အသစ်ရောက်မယ်တဲ့""ဟယ် ငါတော့မလိုချင်ပါဘူး အရင်အဖိုးကြီးတုန်းက တော်တော်ဆိုးဆိုးဟာ ခုကငယ်ငယ်လေးလာမှာဆိုတော့ သူ့ထက်ဆိုးနေရင်ဘယ်လိုလုပ်မလဲ"
"အေးဟ အဲ့တာတော့ကြောက်တယ်...... ဒါပေမဲ့လည်း စောင့်ကြည့်ကြတာပေါ့ မဟုတ်ဘူးလား"
မိန်းကလေးတစ်ယောက်ရဲ့စကားကို ကျန်တဲ့အုပ်စုထဲကလူတွေအကုန်လုံးက ထောက်ခံသည့်သဘောဖြင့် ခေါင်းငြိမ့်ပြလိုက်ကြသည်။
![](https://img.wattpad.com/cover/315152629-288-k986109.jpg)
BINABASA MO ANG
Dear Naughty Boy......//COMPLETE//