Unicode
"ဒုတိယအခေါက်ပြန်တွေ့မှုပဲမလား ဒေါက်တာ?"
"ဗျာ?"
Xiao Zhanက နားမလည်သလိုခေါင်းငဲ့ကာကြည့်တော့ Yu fengကရယ်လာသည်။
"ဒေါက်တာမမှတ်မိဘူးထင်တယ် ဟိုတလောကပဲ ဒေါက်တာကျွန်တော့်ပေါ်လဲကျသွားသေးတယ်လေ"
ပြုံးစစနဲ့ပြောလာတော့ xiao zhanက မမှတ်မိဟန်နဲ့စဥ်းစားနေသည်။ပြီးခါမှ သတိရသွားဟန်ဖြင့် လက်ဖျောက်တစ်ချက်တီးကာပြောလာသည်။
"အာ မှတ်မိပြီ.....အဲ့နေ့က Maskနဲ့ဆိုတော့ မမှန်မိဘူးဖြစ်သွားတာ"
"ဒေါက်တာက မှတ်ဉာဏ်ကောင်းသားပဲ.....ဟုတ်တယ် အဲ့နေ့က အငယ်လေးကို ပျောက်လို့လိုက်ရှာနေတာလေ အဲ့မှာမထင်မှတ်ဘဲ ဒေါက်တာတို့နဲ့တွေ့တယ်ဆိုပါတော့"
"အော် ဒါလည်းရေစက်တစ်မျိုးပဲပေါ့ ဟီး"
ယုန်သွားလေးတွေပေါ်တဲ့အထိပြုံးပြနေသော xiao zhanကို Yiboဖြစ်နိုင်ရင် ဖွက်ထားချင်မိတော့သည်။
*yufengကိုဘယ်လိုကောင်မှတ်လို့ ပြုံးပြနေရတာလဲ!။
"ဒါနဲ့ ကိုကို ဒီနေ့နားတာလား ဆေးရုံထဲကပြန်ထွက်လာတာတွေ့လို့ ပြီးတော့ ဂျူတီကုတ်လည်းမပါဘူး"
"အွန်း အလုပ်သင် တပည့်မလေးက အတင်းနားခိုင်နေလို့ "
"ဒါဆိုကောင်းတာပေါ့ ဟို ဒေါက်တာစိတ်မရှိရင် ဒီနေ့နေ့လည်စာဖိတ်ကျွေးချင်လို့ပါ မိတ်ဖြစ်ဆွေဖြစ် သဘောပေါ့"
Yufengဘက်ကစကားကို xiao zhanက လက်ခါပြလာသလို yiboကလည်း ဘာအကြံတွေထုတ်နေမှန်းမသိနိုင်တဲ့ yufengကို စူးစိုက်ကြည့်နေလိုက်သည်။
"မဟုတ်တာ အားနာစရာကြီးကို"
"မလိုပါဘူး ကျွန်တော်တို့ အငယ်လေးနဲ့က တော်တော်ရင်းနှီးကြတယ်ပြောတယ် ပြီးတော့ အငယ်လေးဆေးရုံတက်နေရတုန်းကလည်း ဒေါက်တာကပဲ စောင့်ရှောက်ပေးခဲ့တာဆို ပြီးတော့ အငယ်လေးရစ်သမျှကိုလည်း ခံပေးနေရတယ်ဆိုပဲ အဲ့တော့ကျွန်တော်က ကျေးဇူးတင်တဲ့အနေနဲ့ပါ"
"အဲ့တာအတွက်ဆိုရင်တော့ မလိုပါဘူးရပါတယ် ကလေးကို ကျွန်တော်စောင့်ရှောက်ပေးခဲ့တယ်ဆိုတာ စိတ်ရင်းနဲ့ပါ"
![](https://img.wattpad.com/cover/315152629-288-k986109.jpg)
VOUS LISEZ
Dear Naughty Boy......//COMPLETE//