Uni
******"အူးဝါးးး!ကိုကိုဒေါက်တာပြောတော့ ကျွန့်တော့်ဘေးမှာရှိနေမှာဆို ကျွန်တော်အိပ်ပျော်သွားတာနဲ့ ကိုကိုကထားသွားတယ် အူးဝါး😭 ကိုကိုလိမ်တယ်"
"အာ အကိုတောင်းပန်ပါတယ် လူနာလာလို့ သွားကြည့်တာပါ"
Wangxiao ဆေးရုံကြီး၏ အခန်း150မှ ထွက်ပေါ်လာသော ငိုသံလေး နှင့် ထိုငိုသံလေးတိတ်စေရန် ချော့မြူသောအသံချိုချိုလေး
"အဟင့် ကိုကိုဒေါက်တာက ကျွန်တော့်အနားမှာနေပေးမယ်ဆိုပြီးတော့ ထွက်သွားတာကြီးကို!"
သူအိပ်ရာက နိုးလာလာခြင်း ဘေးမှာစောင့်နေပေးပါမယ်ဟုပြောထားသော ရှောင်ကျန့်ကို မတွေ့သဖြင့် ကျောင်းရိချန်းမှာ အော်ငိုတော့သည် ထို့ကြောင့်လည်း သူ့အပြစ်သူသိသော ရှောင်ကျန့်မှာ လာချော့ရတော့ခြင်းဖြစ်သည်"အဲ့ဒါကလူနာရောက်လာလို့ပါ ရိချန်းရဲ့ ဒါပေမဲ့အကိုက မင်းဘေးနားမှာ အကြာကြီးစောင့်ပေးနေခဲ့တာလေ အဲ့တာကြောင့် မငိုနဲ့တော့နော်"
"မသိဘူး မသိဘူး!အူးဝါး.😭....ကိုကိုဒေါက်တာက ကတိမှမတည်တာကို ငိုမှာဘဲ!"
"သားသား မဆိုးရဘူးလေ ဒေါက်တာက အလုပ်တွေနဲ့ကို နောက် ဒေါက်တာနဲ့က ခုမု သိတာတောင်မကြာသေးဘူးမလား"
"ဟင့်အင်း သိတာမကြာသေးဘူးဆိုပေမဲ့ ကျွန်တော် ကိုကိုဒေါက်တာကို ခင်တယ်လို့ ကိုကို့ကို အနားမှာဘဲနေစေချင်တာကို ဟွန့်!"
သူ့အမေအပြောကို ရှိုက်သံလေးဖြင့်ပြန်ပြောရင်းက နှုတ်ခမ်းလေးဆူသွားရင်း စိတ်ကောက်သွားပြန်သည်"သား....."
"အာ ဟုတ်ပါတယ် ကိုကိုမှားတာ ကိုကို့အပြစ်ပါ အကို့ကြောင့် ရိချန်းလေး ငိုနေရပြီ အကိုကတိမတည်တာပါ အကိုတောင်းပန်တယ်နော် ဟုတ်ပြီလား မငိုနဲ့တော့နော် ခေါင်းကိုက်လိမ့်မယ် ရိချန်းရဲ့........နော်"
ရှောင်ကျန့်က ရိချန်းရဲ့ ပါးလေးကို ကိုင်ကာ မျက်ရည်သုတ်ပေးရင်း ချော့သည် ထိုအခါ ရိချန်းမှာ ငိုသံတိတ်သွားကာ သူ့ကို မျက်နှာငယ်လေးဖြင့် ကြည့်လာသည်"အဲ့လိုကြီး ကိုယ့်ကိုကိုယ် အပြစ်တင်မနေပါနဲ့ ကျွန်တော်မငိုတော့ပါဘူး ကိုကိုက....ကိုကိုက အဲ့လိုပြောတော့......ကျွန်တော်ပိုငိုချင်လာပြီ ဟင့်!"
ရှိုက်သံလေးဖြင့် သူ့ကို ပြန်ပြောလာသော ရိချန်း
![](https://img.wattpad.com/cover/315152629-288-k986109.jpg)
VOUS LISEZ
Dear Naughty Boy......//COMPLETE//