Unicode
"ကလေး"
"ဟုတ် ကိုကို..."
"ဗျာ"
Yiboနဲ့ yichengဆီကအသံပြိုင်တူထွက်လာပြီးနောက်မှာတော့ နှစ်ယောက်သားအကြည့်တို့စစ်ခင်းလျက်။xiao zhanကတော့ ထိုနှစ်ယောက်ရဲ့ တစ်စခန်းထတော့မည်ဖြစ်တဲ့ရန်ပွဲကို ထိုင်ကြည့်ရတော့မည့် မိမိအတွက် ကြိုတင်သနားနေတော့သည်။
*ငါကိုကမှားတာ!*
Xiao Zhan စိတ်ပေါက်ပေါက်နဲ့တွေးရင် စာအုပ်ထဲ ခေါင်းဝင်မတက်ငုံ့ထား၏။
"ခင်ဗျားကြီးကဘာလို့ထူးတာလဲ!ကိုကိုက ကျွန်တော့်ကိုခေါ်တာ"
"ဖြစ်စရာလား ငါ့ယောကျ်ားက ငါ့ကိုပဲခေါ်မှာပေါ့ မင်းကဘာတွေဝင်ထူးနေတာလဲ!"
Yichengရဲ့ စွာတာတာစကားကို yiboကလဲ ပြန်ပတ်သည်။
"လင်ဖြင့်ရနေပြီ အသက်လဲငယ်တော့တာမဟုတ်ဘူး ခုချိန်ထိ ငါ့ကိုကိုရဲ့ကလေးဖြစ်နေတုန်းလား!သွား ကလေးအခေါ်ခံချင်ရင် ကိုယ့်လင်ကိုယ်ကို ခေါ်ခိုင်းလေ"
"ဒီမယ် ခင်ဗျားကြီးက ကျွန်တော့်ထက် ပိုအသက်ကြီးသေးတယ် ဘာကို ကလေးလဲ!!"
"ဒီပေါက်စ!!"
"အား!ကိုကို ကိုကိုတွေ့လား ကိုကို့လူ ကျွန်တော့်ကို အနိုင်ကျင့်နေတာ"
Yichengက ဆံပင်ဆောင့်ဆွဲခံရတော့ xiao zhanအနားကို အပြေးသွားကာ တိုင်သည်။
"ကိုကို ကျွန်တော်မှားတာလား သူမှားတာလားဆိုတာ ကိုကိုသေချာသိပါတယ်"
"သူ့ပုံစံကြီးနဲ့ ရှောင်းကိုကိုလေးကို ကိုကိုတဲ့ အံ့သြပ့"
သူ့နားတွင် ဝိုင်းကြီးပတ်ပတ် ဖြစ်နေကြတဲ့ ကလေးဆိုးကြီးနှစ်ယောက်ကို xiao zhanက သူ့မျက်မှန်လေး ပင့်တင်ရင်းသာ ကြည့်နေတော့သည်။သူ့မှာ လုံးဝ ဝင်ဆွဲရန် စိတ်ကူးမရှိချေ။ချစ်ဖို့ကောင်းတဲ့ ကလေးလေးနှစ်ယောက် ရန်ဖြစ်တာကို မြင်ရခဲတာမို့ သူဒီတိုင်းသာ ထိုင်ကြည့်နေမိသည်။
"ဟူး!!တော် တော် မင်းနဲ့ပြိုင်ရတာ ငါမောတယ်"
"ခင်ဗျားလဲ ဆက်မလိုက်နဲ့တော့ ဒီမှာတော်တော်မောနေပြီ.....အားလား အမောပြေ အချိုရည်လေးများမရှိဘူးလား"
![](https://img.wattpad.com/cover/315152629-288-k986109.jpg)
KAMU SEDANG MEMBACA
Dear Naughty Boy......//COMPLETE//