Unicode
[Note-နည်းနည်းရှည်တယ် အဆုံးထိတော့ဖတ်ပေးကြပါအုံး ဒါဒါတို့ရေ အဆုံးထိမဖတ်ရင် လူကိုလာဖက်ရမှာ❕]
မနက်ကျတော့ xiao zhan လှုပ်ပင်မလှုပ်နိုင်တာကြောင့် Yiboကပဲ အဆူခံပြီး အကုန်လုပ်ပေးသည်။သူ့ကိုကိုဒေါက်တာကလည်း အကြွေးတွေစုပြီး ခိုင်းသည်။ကံကောင်းသည်က သူနေ့လယ်အတွက် ထမင်းချက်စရာမလိုပေ။ညကချက်ပြီး မစားလိုက်ရတဲ့ ဟင်းတွေ ထမင်းတွေကိုသာ ပြန်နွှေးထားလိုက်သည်။
သူ့ကိုကိုကတော့ သူ့ကို Lessonတွေပေးထားပြီး ဆိုဖာပေါ်လှဲကာ ဖုန်းကြည့်နေလေသည်။တစ်ချက်တစ်ချက်လည်း သန့်ရှင်းရေး လုပ်နေတဲ့သူ့ကို လှမ်းလှမ်းကြည့်ကာ ဆရာလုပ်တတ်သေးသည်။
"အဲ့နားကို ပြောင်အောင်သုတ်လေ ဒီနားကနေတောင် ဖုန်တွေလှမ်းမြင်နေရတယ်...."
"ဟုတ်"
Xiao Zhan ကတော့ Yiboကို ခိုင်းချင်တာခိုင်းပြီး ကြိတ်ရယ်နေသည်။နာနာခံခံနဲ့ စကားနားထောင်နေတာ သူအပြစ်လုပ်ထားလို့အပြင် ဘာရှိမှာလဲ။Xiao Zhanကတော့ အပြစ်ပေးရတာ ပျော်နေလေသည်။
*ရှောင်းရှောင်ကျန့်ကို ဒါမျိုးလာလုပ်လို့ရမတဲ့လား ဟဲဟဲ*
"ကိုကို...."
ခဏနေတော့ Yichengက သူ့အခန်းထဲကထွက်လာသည်။
Xiao Zhan ထထိုင်ဖို့ လုပ်ပေမဲ့ ခါးက နာလာတာကြောင့် Yiboကို လှမ်းခေါ်တော့ အနားကို ချက်ချင်းဆိုသလိုရောက်လာသည်။
"ကိုကို သက်ကော သက်သာရဲ့လား"
"ဟမ်?"
သူ့ကို အတည်ပေါက်မေးလာတဲ့ ကောင်လေးကြောင့် xiao zhanမှာ မျက်လုံးလေးပြူးကာ ကြည့်နေပြီး အဓိပ္ပာယ်ပေါက်သွားတဲ့ Yiboက ပြုံးစိစိနဲ့ xiao zhanလက်နဲ့ လွတ်ရာကို ရွှေ့ထိုင်သည်။နို့မို့ဆို သူအခေါက်ခံရတော့မှာ။
အတန်ကြာ စဥ်းစားနေပြီးမှ xiao zhan လည်း Yichengပြောချင်တဲ့ ဟာကို သိသွားပြီး Yiboကို မျက်စောင်းလှမ်းထိုးတော့သည်။Yiboကတော့ သွားဖြူဖြူလေးတွေပေါ်တဲ့ထိ ဟဲခနဲရယ်ပြလိုက်သည်။
"ကိုကိုတို့က အရမ်းချစ်ကြတာပဲနော်..."
"ဟမ်?"×2
![](https://img.wattpad.com/cover/315152629-288-k986109.jpg)
ŞİMDİ OKUDUĞUN
Dear Naughty Boy......//COMPLETE//