Part-20

1.6K 53 1
                                    

Unicode

"အန်တီ......"

"အော် ရှောင်းလေး လာလေ ဒီကိုလာ..."

TVရှေ့မှာထိုင်ကာ TVကြည့်နေတဲ့ Wang Liliက xiao zhanကိုတွေ့တော့ အနားခေါ်လိုက်သည်။

"ရှောင်းလေး ဒီနေ့အလုပ်မသွားဘူးလား"

"ဟုတ် yiboက နည်းနည်းအဖျားမကင်းသေးလို့ စိတ်မချလို့"

"အဲ့တာကြောင့် zhan geကို ချစ်တာ!"

ဘယ်ကနေဘယ်လို ဘယ်ချိန်တည်းက ရောက်လာမှန်းမသိတဲ့ Yiboက xiao zhanကို နောက်ကနေလှမ်းဖက်ကာ ပါးတွေကို တစ်ဖက်စီနမ်းလာတော့ xiao zhanက တွန်းပြန်တယ်။

"Wang Yibo....."

"ဟိုး ဟိုး မား အပြောမစောနဲ့နော် ကျွန်တော်ပြောပြမယ် ခုzhan geက ကျွန်တော့်ကို အဖြေပြန်ပေးပြီးသွားပြီ အဲ့တော့ မားထုတ်ထားတဲ့ စည်းကမ်းက ပျောက်သွားပြီ"

"အဟွန်း"

Yiboစကားကြောင့် xiao zhanက သူ့နှာခေါင်းလေးသူပွတ်ကာ ချောင်းတစ်ချက်ဟန့်သည်။ပြီးတော့ သူတို့နှစ်ယောက်ကို ပြူးကာကြည့်နေတဲ့ မတော်ရသေးတဲ့ ယောက္ခမကြီးကို ဟဲခနဲ ပြုံးပြလိုက်သည်။

"ဒါဆိုလည်း ကောင်းပါပြီကွယ် မားရှောင်ပေးရမလား"

"မလို..."

"အဆင်ပြေတာပေါ့မားရဲ့ ဟီးဟီး"

ပြုံးစိစိနဲ့ပြောလာတဲ့ Wang liliကို xiao zhan က အားနာနာနဲ့ ငြင်းနေတုန်း yiboက ဖြတ်ပြောလိုက်သည်။

"အေးပါ အေးပါ"

Wang Liliက သူ့သားကို မျက်စောင်းတစ်ချက်ထိုးရင်းက ထိုနေရာကထသွားသည်။ထိုအခါမှ Yiboလည်း နောက်ကနေအလျင်အမြန်xiao zhanဘေးကိုသွားထိုင်သည်။

"မင်းကလည်း ကိုယ့်အမေကို ကိုယ်!"

Xiao Zhanက အနားရောက်လာတဲ့ Yiboကျောကုန်းကို ရိုက်လိုက်ကာ ဆူပူသလိုပြောတော့ Yiboကရယ်တယ်။

"ကိုယ့်အမေမလို့ပေါ့ အားနာစရာမလိုပါဘူး"

"ဒါပေမဲ့..."

"အား ပြန်ဖျားချင်လာပြီထင်တယ် zhan geရေ နမ်းပေးပါအုံး"

ညည်းတွားလိုက်ရင်း xiao zhanပေါင်ပေါ်လှဲချလိုက်သည်။

Dear Naughty Boy......//COMPLETE//Donde viven las historias. Descúbrelo ahora