Unicode
ရင်ခွင်ထဲကလူက အိပ်မောကျနေပေမဲ့ သူကဘယ်လိုမှအိပ််မရ။လှုပ်ရင်လည်း နိုးသွားမှာစိုးတာနဲ့ သူ့မှာ ဖက်ထားလျက်နှင့်သာ ဟိုကြည့်သည်ကြည့်ဖြစ်နေရသည်။
ထုတ်မပြောပေမဲ့ နောက်တစ်နည်းနဲ့ လက်ခံလိုက်မှန်းသိပေမဲ့ အိပ်မက်ဖြစ်နေမှာဆိုးလို့ အတည်ပြုရတာလည်းအမော။နောက်ဆုံး မနေနိုင်တော့ ရင်ခွင်ထဲကလူရဲ့ နဖူးလေးကို ဖွဖွလေးနမ်းလိုက်တယ်။ပြီးတော့ ပါးလေးတွေဆီ နစ်ဝင်အောင် ဖိနမ်းလိုက်ပြီးခါမှ နိုးသွားမလားဆိုတဲ့အသိနဲ့ ပြန်ကြည့်ရပြန်တယ်။ကောင်းကောင်းအိပ်ပျော်တတ်တဲ့သူမို့တော်ပါသေးရဲ့...။
*အိပ်မက်ဆိုရင်တောင် မနိုးထချင်တော့ဘူးရှောင်းရယ်*
တွေးရင်း နှုတ်ခမ်းတို့ဆီ ဖွဖွလေးနမ်းမိတော့ ရင်ခွင်ထဲကလူက ဆက်ခနဲထထိုင်လာတာမို့ သူ့မှာသူခိုးလူမိဖြစ်သလိုမျိုး အိုးတိုးအမ်းတမ်း။
"အာ ဆေးသောက်ချိန်ကျော်ပြီပဲ ဟူး အိပ်ပျော်သွားတယ် ခဏလေး ခဏလေး"
တစ်ယောက်ထဲပြောပြီး ကုတင်ပေါ်က ဆင်းသွားကာ စားပွဲပေါ်က ဆေးကိုယူနေတော့မှ သက်ပြင်းမသိမသာခိုးချရတယ်။
တော်သေးတာပေါ့ မိတော့မလို့။
"ရော့!မင်းကလည်း နိုးနေတယ်ဆိုလည်း ငါ့ကိုနှိုးရောပေါ့ ဆေးသောက်ချိန်ကျော်နေပြီ"
*ဆယ်မိနစ်လေးထဲကျော်သွားတာကို ဆူလိုက်တာဗျာ*
Yiboတွေးရင်း ပေးတဲ့ဆေးကိုယူသောက်လိုက်သည်။
"တစ်ခုခုများမေ့မနေဘူးလား ရှောင်း..."
"ဟမ် ဘာလဲ ဘာမေ့လို့လဲ.....အာ မင်းကိုတိုက်မဲ့ဆေးတစ်ခုများကျန်ခဲ့လို့လား"
Yiboဆီက တကယ်ကြီးလား ဆိုတဲ့အကြည့်ပြန်ရလာတော့ xiao zhanမှာခေါင်းလေးကုပ်ကာ စဥ်းစားနေရပြန်သည်။
"ဒီနားလာ..."
ခေါ်လိုက်တော့ သူ့နားကို ရောက်ချလာပြီး သူပြောမှာကိုစောင့်ဆိုင်းနေလေသည်။
"ဘာကျန်သေးလဲတကယ်မသိတာလား.."
"အွန်း"
Xiao zhanကခေါင်းငြိမ့်ပြတော့ Yiboက သူ့လက်ညိုးကို နှုတ်ခမ်းပေါ်တင်ပြရင်း
![](https://img.wattpad.com/cover/315152629-288-k986109.jpg)
أنت تقرأ
Dear Naughty Boy......//COMPLETE//