Part-11

1.4K 58 3
                                    

"အာ zhan geက စာလုပ်နေတာပဲ...."

"မင်းကိုငါ ဧည့်ခန်းထဲမှာ ငြိမ်ငြိမ်ထိုင်နေလို့ပြောထားတယ်လေ ဘာလိုက်လုပ်တာလဲ!"

ခေါင်းအရမ်းကိုက်တယ် ဘာညာနဲ့ ဒရမ်မာလာခင်းနေလို့ ဧည့်ခန်းထဲ ခဏထိုင်နေခဲ့ဆိုပြီး တစ်ဖက်က သူ့အခန်ထဲ ဆေးလာယူနေချိန် သကောင့်သားလေးက ဘာမပြောညာမပြော အခန်းထဲဝင်ချလာပြီး သူ့ကုတင်ပေါ် တက်လှဲနေတာများ ပိုင်စိုးပိုင်နင်း။

"ထတော့ ထတော့"

"အားလား မူးလိုက်တာ"

Xiao zhan အတင်းဆွဲထူတော့ ကုတင်ပေါ်လူးလိမ့်နေကာ အော်တယ်။

"ထ မူးရင်ဆေးသောက်ရမယ်လေ ထလို့!"

"မသောက်ချင်ဘူး...."

"မင်းဘဲခေါင်းမူး လို့ဆို!ဆေးသောက်ရမယ်ထ!"

"မသောက်ချင်ဘူး အဲ့ဆေးကြီးကခါးတယ်"

သူ့လက်ထဲက ဆေးကို ညွှန်ပြပြီးပြောလာတဲ့ yiboကိုကြည့်ပြီး xiao zhanမှာ ပါးစပ်အဟောင်းသား။

ဒါဆိုအရင်ကပေးတဲ့ဆေးတွေကို ဘယ်လိုသောက်လဲ....မဟုတ်မှ ဒီကောင်လေး...။ဆေးတွေစျေးကြီးတာကို သူမသိလေရောလား။
.
Yiboအစက သူ့ဒေါက်တာလေးကို ကပ်ချွဲချင်တာနဲ့ နည်းနည်းလေးသာဖြစ်နေတဲ့ခေါင်းကိုက်တာကို သေမတတ် အော်ပြလိုက်ပေမဲ့ ဟိုက အခန်းထဲဝင်ကာ ဆေးသွားယူတာမလို့ အနောက်ကနေလိုက်သွားလိုက်သည်။စားပွဲပေါ်မှာ ဖတ်လက်စထင်ရတဲ့ စာအုပ်တွေရှိနေလို့ စာလုပ်နေတာလားမေးမိတာကို သူ့အခန်းထဲဝင်လာလို့ဆိုပြီး အော်ပါလေတော့တယ်။အဲ့တာနဲ့ Yiboလည်း ပေကပ်ကပ်နဲ့ ကုတင်ပေါ်ပစ်လဲလိုက်တော့ သူ့ကိုမနိုင်သလိုကြည့်ပြီး ဘာမှဆက်မပြော။ခဏနေတော့ လက်ထဲဆေးကိုင်ပြီး သူကို ခေါ်တော့ ခေါင်းမူးလာတဲ့ပုံလုပ်ပြလိုက်တဲ့အခါ ကုတင်ပေါ်ကို သူပါတက်ထိုင်လာပြီး လှုပ်ခေါ်ပြန်တယ်။

Yibo သပ်သပ်ဂျီကျနေတာမဟုတ်ပဲ တကယ်ဆေးမသောက်ချင်ရျ် အော်နေခြင်းသာ။သူဘာကိုမှမကြောက်ဘူးလို့အော်နေရင်တောင် ဆေးသောက်ရမှာတော့ကြောက်ပါတယ်။ခေါင်းတောင် ပိုကိုက်လာသလိုပဲ။

အရင်နေ့က ပေးတဲ့ဆေးတွေလား။တကယ်မဖျားဘဲ ဘာလို့သောက်ရမှာလဲ အကုန်လွှင့်ပစ်တာပေါ့။

Dear Naughty Boy......//COMPLETE//Où les histoires vivent. Découvrez maintenant