Part(24)

1.9K 48 0
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(24)

"သဲလေး..."

စက်ဝန်းက နာမည်ခေါ်ရင်းမှ တစ်ဆက်တည်း ခါးကို ဖက်သွယ်လာပြီး မျက်နှာချင်းဆိုင်စေ၏။

"မူးနေပြီလား...အမူးပြေဖျော်ရည်ဖျော်ပေးရမလား"

"ကိုယ့်limitအရ ဒါက ပါးပါးလေး...မမူး‌ဘူး"

"ဒါဆို ဘာလို့လဲ..."

"ကလေးမယူချင်ဘူးလား "

"ကလေး!..."

အနှစ်ဘာပြန်ဖြေရမလဲမသိ။ တစ်ကယ်က ကလေးယူဖို့ကို စိတ်မဝင်စားသေးတာဖြစ်သည်။ အကြောင်းအရင်းက သူမတို့ကြားကဆက်ဆံရေးက အဆုံးထိတည်မြဲနိုင်မလားဆိုတာ မယုံကြည်နိုင်သေးလို့။ ပြီးတော့ အနှစ်သည် ကိုယ့်ဘာသာမရပ်တည်နိုင်သေးသရွေ့ ကလေးမလိုချင်။ သူ့မိဘတွေကချမ်းသာ၍ ကျွေးထားနိုင်တယ်ဆိုပေမဲ့ သူတစ်ပါးကိုအားကိုးရတာထက် ကိုယ့်ကိုကိုယ်ပဲ အားကိုးချင်သည်။

"မစဉ်းစားကြည့်ဖူးဘူး...အနှစ်တို့အသက်ကငယ်သေးတယ် ပြီးတော့ ဒီနေ့မှ ဘွဲ့ရကြတာလေ ကလေးဆိုတာ ယူချင်တိုင်းရတာမှမဟုတ်တာ ဒါက မရသေးတာ"

"က‌လေးမယူချင်တာလား"

"ကိုကိုမူးနေရင်!.."

"ကိုယ်မမူးဘူး အနှစ်"

အနှစ်လက်ကိုတင်းတင်းဆုပ်ကာ သက်ပြင်းချမိ၏။

"ကိုကိုတို့ကလေးယူရအောင်! "

"ရှင် ကလေးချစ်တတ်လို့လား"

"ဟင့်အင်း မချစ်တတ်ဘူး ဒါပေမဲ့ သဲလေးနဲ့တူတဲ့ကလေးလေး လိုချင်လာလို့..."

"ဒါပေမဲ့..."

"နော်..."

အနှစ် တောင်းဆိုသလိုကြည့်လာသည့် သူ့မျက်ဝန်းကို ကြည့်ပြီး ဆုံးဖြတ်ချက်တစ်ခုချရ၏။

"ရလာရင် ယူမယ်...အနှစ်ဘာဆေးမှမစားဘူး..."

ကိုကိုနဲ့ပတ်သတ်ပြီး အနှစ်ခံစားချက်တွေက ပိုပြီးနက်ရှိုင်းလာပြီထင်ပါသည်။ ပြောသမျှကို လက်ခံ‌မိနေသည်။ နောက်လကျ ဆရာဝန်ဆီမသွားတော့ဘူး။

"ဒါဆို ကိုကိုကပိုကြိုးစားပေးပါမယ်"

"ဘာကို! အမေ့ရေ"

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Место, где живут истории. Откройте их для себя