🌺နှလုံးသား နီးနီး...စည်းပါးပါး🌺
Part(40)
"ရှင် ကိုမိုးမြတ်ယံနဲ့ အဆက်အသွယ်ရှိတယ်မလား"
ရဝေသော်နဲ့တွေ့လာပြီးနောက် အနှစ်စိတ်ထဲ ကိုမိုးမြတ်ယံကိုပိုပြီးသံသယဝင်လာလေဖြစ်သည်။ ထို့ကြောင့် သူ့နားကပ်ကာ မေးခွန်းထုတ်ဖြစ်သည်။ ဒါကို သူက ထူးဆန်းသလိုကြည့်ကာ တူညီတဲ့မေးခွန်းပြန်ထုတ်သည်။
"ယံဆက်သွယ်လာလို့လား"
"ရှင့်ကိုပြောတာ အဆက်အသွယ်ရှိလားလို့"
"ထွက်သွားပြီး တစ်လလောက်ထိတော့ ရတယ် အဲ့နောက်တော့မရတော့ဘူး ဘာလို့လဲ"
"ဘာလို့ထွက်သွားတာလဲ သိလား..."
"မသိဘူး ကိုယ့်ကိုဘာမှမပြောသွားဘူး"
"ဟုတ်လား"
အနှစ်က ခေါင်းတငြိမ့်ငြိမ့်နဲ့အတွေးလွန်နေဆဲဖြစ်သည်။ စက်ဝန်းဘေးကနေ အကြောင်းမဲ့ငေးကြည့်နေမိသည်။ မွန်လေးနဲ့တွေ့တယ်။ ရဝေသော်နဲ့တွေ့တယ်။ ယံအကြောင်းရှင်းပြတယ်။ အဲ့တုန်းက ဘာမှမမေးဘဲ အခုမှထမေးလာသည်မို့ စိတ်ဝင်စားလာသည်။
"ဘာလို့ယံအကြောင်း မေးနေတာလဲ"
"မဟုတ်ပါဘူး မွန်လေးနိုးမလာရတဲ့အကြောင်းအရင်းက ကိုယံနဲ့ဆိုင်မယ်လို့တွေးမိသွားလို့..."
"မပြောတတ်ဘူး ပြန်ရောက်လာမှာပါ ယံ ခေါင်းအေးအေးစဉ်းစားချင်လို့ထွက်သွားတာ သူ့အမှားသူပြန်သုံးသပ်ပြီးရင်ပြန်လာမှာ"
အနှစ်ခေါင်းငြိမ့်ကာ သူ့အနားကပြန်ခွါဖို့လုပ်တော့ သူက လက်ကိုဆွဲပြီး ရင်ခွင်ထဲသွင်းသည်။ ပိန်ကျကျခန္ဓာကိုယ်လေးကို တင်းတင်းဆွဲဖက်ထားသည်။
"ဒီနှစ်တွေအတွင်း ကိုယ့်ကိုအရမ်းနာကျည်းခဲ့လား"
လွန်ခဲ့တဲ့(၅)နှစ်က သူမထက် သူ့စိတ်သူပဲတွေးပြီး စွတ်ကိုသူငယ်ချင်းကောင်းပီသခဲ့လို့ စိတ်တွေဆိုးခဲ့တာ။ တစ်ကယ့်အမှန်တရားက ဘာလဲဆိုတာ မစဉ်းစားဘဲ တွန်းထုတ်ခဲ့လို့စိတ်နာခဲ့တာ။ ဒါပေမဲ့ အခုပြန်တွေ့တော့ ခခယယတောင်းပန်ခြင်းမျိုးမလုပ်တာတောင် သူမစိတ်တွေက ပျော့ညံ့နေခဲ့သည်။ သမီးလေးကို မိစုံဖစုံနေစေချင်တဲ့စိတ်ကြောင့်လား၊ မဟုတ်ရင် အစကတည်းက သူမကိုမရွေးချယ်ခဲ့လို့ စိတ်ကောက်နေတာကြောင့်လား။ ဘယ်လိုပဲစဉ်းစားစဉ်းစားအဖြေက ထိုနှစ်မျိုးသာရှိသည်။
![](https://img.wattpad.com/cover/322448883-288-k748468.jpg)
VOCÊ ESTÁ LENDO
နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]
Romanceစက်ဝန်းအလွန်+အနှစ်သာရ အနှစ်အတွက်တော့ ကိုကိုက အရာအားလုံးရဲ့ပထမ... Start date - Dec 25.2022 End date - May 25.2023