Part(21)

2.2K 51 0
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(21)

တစ်ရက်ပြီးတစ်ရက် အချိန်တွေက ကုန်ဆုံးခဲ့ပေမဲ့ အချစ်ကျေးကျွန်နှစ်ယောက်ကတော့ ဟိုဘက်တစ်လှည့်၊ဒီဘက်တစ်လှည့် သွားတွေ့နေကြဆဲပင်။

ဒီတစ်ပတ် အနှစ်ကမအားရင် စက်ဝန်းကသွားတွေ့ပြီး နောက်တစ်ပတ်ကျ အနှစ်ကလာတွေ့သည်။ ဘေးလူအမြင်အရ အကဲပိုတယ်ဆိုပေမဲ့ ကာယကံရှင်နှစ်ယောက်အတွက်ကတော့ ဒါက လိုအပ်တယ်လို့တောင်တွေး‌နေပါသတဲ့။

ဘယ်လောက်တောင်အချစ်ကြီးကြသည့်နှစ်ယောက်ပါလဲ။

ဒါပေမဲ့ ချစ်ရမည့်အချိန်မှာ ချစ်တာက အနာဂတ်မှာ အမှတ်တရတွေအဖြစ် ကျန်နေခဲ့မှာပါ။

သာယာသော နေ့တစ်နေ့။ ပြောရမယ်ဆိုရင် အနှစ်မြို့ထဲပြန်လာသည့်ပိတ်ရက်။

Ring... Ring... Ring

စက်ဝန်းဖုန်းမှ ဖုန်းလာ၍ ကြည့်တော့ နံပါတ်စိမ်းဖြစ်နေသည်။ သူ မကိုင်ဘဲ ချပြစ်လိုက်သည်။ သူ့ဘက်ကမကိုင်ရင် မခေါ်တော့ဘူးလို့ထင်ပေမဲ့ ဆက်တိုက်လာနေသည့်ဖုန်းအသံကြောင့် သူစိတ်မရှည်စွာကိုင်လိုက်သည်။ ပိတ်ရက်မှာပဲနားလို့ရတာကိုကွာ။ အထူးသဖြင့် သူမလေးရောက်လာသည့် ပိတ်ရက်။

"ဟဲလို!.."

"ဟဲလို စက်! မတွေ့တာကြာပြီ "

တစ်ဖက်ကကြားလိုက်ရသည့်အသံကြောင့် စာဖတ်နေရာမှ ခါးမတ်သွားရသည်။

"လွန်း..."

"ငါ့အသံကို မှတ်မိသေးတာပဲ"

"ငါတို့နောက်ဆုံးတွေ့တာ အရမ်းမကြာသေးပါဘူး ဒီလောက်တော့ မှတ်မိပါတယ် "

သူ့အပြောကြောင့် လွန်းသဘောကျစွာရယ်သည်။

"စက် လွန်းကိုလာကြိုပေးနိုင်မလား"

"မြန်မာပြည်ရောက်နေတာလား"

"အင်း အခုလေဆိပ်မှာ! "

"အိုခေ မြန်မာပြည်ကိုအရင်ရောက်တဲ့သူက အိမ်ရှင်ပဲပေါ့!..ခဏစောင့်"

"ဟင်းဟင်း ဟုတ်ပြီ လွန်းစောင့်နေမယ်"

"အင်း "

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Onde histórias criam vida. Descubra agora