Part(33)

2.4K 68 2
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(33)

"မေမေ!..."

နေ့လည်ကအကြောက်လွန်ပြီး အိပ်သွားခဲ့ပေမဲ့ ညဘက်ရောက်တော့ လူနားအတင်းကပ်ကာ မေးတော့သည်။

"အချစ် ဖေဖေက နေ့လည်ကဦးဦးကိုပြောတာလားဟင်"

အနှစ်အမှန်အတိုင်းဝန်ခံလိုက်သည်။ သမီးလေးကို အဖေနဲ့ခွဲထားဖို့အထိ တလွဲမာနမထားနိုင်။

"အင်း အဲ့ဦးဦးက အချစ်လေးရဲ့ဖေဖေ"

"တစ်ကယ်"

"အင်း..."

"ဖေဖေ ချောချောကြီး"

"ဟုတ်တယ်နော် ဖေဖေကချောတယ်"

"မနက်ဖြန်ကျရင် ဖေဖေက အချစ်လေးကိုလာတွေ့မယ်တဲ့ အဲ့ကျ ဖေဖေ့ကိုကောင်းကောင်းဧည့်ခံနော် သမီးလေး"

"ဟုတ်"

အနှစ် သမီးလေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ ဒီနှစ်တွေအတွင်း သမီးလေးရှိလို့ ကြံ့ကြံ့ခံနိုင်ခဲ့တာ။ မဟုတ်ရင် ဝေလေလေဖြစ်နေခဲ့မှာ။

✿⁠............✿⁠...........✿⁠

"သမီးလေး..."

မနက်(၉)နာရီလောက်ကတည်းက ခေါ်သွားပြီး ည(၇)နာရီထိုးသည်အထိ ရောက်မလာသည့် သမီးလေးကြောင့် အနှစ်စိတ်ထဲ သမီးကို သူများခေါ်သွားပြီလားဆိုပြီး ရင်ထဲဒိတ်ခနဲ။ သူမ သမီးမရှိရင် မနေနိုင်ပါ။

"တီ...တောင်"

"သမီးလေး"

အပြေးအလွှားတံခါးသွားဖွင့်တော့ သမီးလေးကိုပွေ့ချီထားသည့်သူ့ကိုတွေ့လိုက်ရသည်။

"သမီးလေး မေမေ့ဆီလာ"

"ဟင် မေမေငို!.."

သမီးလေးပြောမှ ပါးပေါ်က မျက်ရည်တွေကိုကပြာကလျာသုတ်လိုက်ကာ ပြုံးလိုက်၏။

"မေမေမငိုပါဘူး...ဒါက ရေတွေ"

သမီးလေးက ဘာမှမပြောဘဲ သူမကိုဖက်တွယ်ထားသည်။ သူ့အဖေကိုတစ်ချက်လေးမှလှည့်မကြည့်တော့။

"ရှင်ပြန်လို့ရ..အာ့"

ပြန်လို့ရပြီပြောတာတောင်မဆုံးသေး။ သူက အနှစ်နဲ့သမီးလေးနှစ်ယောက်လုံးကိုသိုင်းဖက်လာသည်။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ